ဘောလုံး ရတိုင်း ရော်နယ်ဒို ကို လိုက်ရှာနေတဲ့ ဖာနန်ဒက်စ် လို့ ဝေဖန် လိုက်တဲ့ ဂတ်ဂျွန်ဆင်

ဘောလုံး ရတိုင်း ရော်နယ်ဒို ကို လိုက်ရှာနေတဲ့ ဖာနန်ဒက်စ် လို့ ဝေဖန်ပြောဆိုလိုက်တဲ့ ဂတ်ဂျွန်ဆင်
မန်ယူ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းဖော် တိုက်စစ်မှူး စီ ရော်နယ်ဒိုအပေါ်မှာ အရမ်း မှီခိုလွန်းအားကြီးတယ် လို့ ချဲလ်ဆီးနဲ့ ဘာစီလိုနာကစားသမားဟောင်း ဂတ်ဂျွန်ဆင်က သုံးသပ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ဒီရာသီမှာတော့ ခြေစွမ်းအနည်းငယ်ကျဆင်းနေခဲ့ပြီး အသင်းအတွက် သွင်းဂိုးတွေ ရယူနိုင်မှု အားနည်းလာခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ လိဒ်ကို ဟက်ထရစ် သွင်းယူခဲ့မှုအပါအဝင် လိဂ်ဂိုး ၅ ဂိုးသာ ဖာနန်ဒက်စ်က ရရှိထားသေးတာပါ။

ဖာနန်ဒက်စ် အနေနဲ့ ရော်နယ်ဒိုကိုသာ အားကိုးမနေဘူးဆိုရင် သွင်းဂိုးနဲ့ ဖန်တီးမှုတွေ အခုထက်ပိုပြီးတော့ ရရှိလိမ့်မယ်လို့လည်း ဂတ်ဂျွန်ဆင်က ပြောဆိုခဲ့ကာ ဘောလုံးရရှိချိန်တိုင်း ရော်နယ်ဒိုကို လိုက်ရှာနေတဲ့ ပုံစံကို ပြောင်းလဲဖို့ တိုက်တွန်းခံခဲ့ရပါတယ်။

“ဖာနန်ဒက်စ်က ရော်နယ်ဒိုကိုပဲ အမြဲတမ်းလိုက်ကြည့်နေတယ်၊ ၁၀ ကြိမ်မှာ ၉ ကြိမ်လောက်က သူ ရော်နယ်ဒိုကို လိုက်ရှာဖို့ ကြိုးစားနေတာပါ၊ အဲဒါက အလုပ်မဖြစ်ပါဘူး၊ ဒီတော့ သူ စိတ်မရှည်တော့ဘူး၊ အရမ်းခက်တာတွေကို လုပ်ဖို့ကို စအားထုတ်တော့တာပဲ။

မန်ချက်စတာ ယူနိုက်တက်မှာ သူ စကစားတုန်းကပုံစံကို သတိထားမိမယ်ဆိုရင် သူ့ဆီကနေ ကျွန်တော်တို့ အများကြီး မြင်တွေ့ချင်တာတွေရှိနေပါတယ်” လို့ အိုက်စလန်တိုက်စစ်မှူးဟောင်းက ပေါ်တူဂီသတင်းစာမှာ ပြောဆိုခဲ့ပါတယ်။

မန်ယူအသင်းထံ ရော်နယ်ဒို ပြန် ရောက်လာပြီးနောက်မှာ အသင်းရဲ့ ဂိုးအများစုကို သွင်းယူဖို့ တာဝန်ယူခဲ့ရပြီး လက်ရှိမှာ ၁၃ ဂိုးအထိ ရရှိထားပြီးဖြစ်ပါတယ်။ ၎င်းက လိဂ်ဂိုး ၇ ဂိုးပါဝင်ပြီး ချန်ပီယံလိဂ်မှာ ၆ ဂိုးအထိ သွင်းယူထား ပါတယ်။

ဖာနန်ဒက်စ်ကတော့ ခြေစွမ်းပိုင်း အားနည်းသွားခဲ့ပြီး ပြိုင်ပွဲစုံ ၂၂ ပွဲမှာ ၅ ဂိုးသာရရှိထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖန်တီးမှု ၉ ကြိမ် အထိ ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။

ZG

မန္ယူ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အသင္းေဖာ္ တိုက္စစ္မႉး စီ ေရာ္နယ္ဒိုအေပၚမွာ အရမ္း မွီခိုလြန္းအားႀကီးတယ္ လို႔ ခ်ဲလ္ဆီးနဲ႔ ဘာစီလိုနာကစားသမားေဟာင္း ဂတ္ဂြၽန္ဆင္က သုံးသပ္လိုက္ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ ေျခစြမ္းျပခဲ့တဲ့ ဖာနန္ဒက္စ္ဟာ ဒီရာသီမွာေတာ့ ေျခစြမ္းအနည္းငယ္က်ဆင္းေနခဲ့ၿပီး အသင္းအတြက္ သြင္းဂိုးေတြ ရယူႏိုင္မႈ အားနည္းလာခဲ့ပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ လိဒ္ကို ဟက္ထရစ္ သြင္းယူခဲ့မႈအပါအဝင္ လိဂ္ဂိုး ၅ ဂိုးသာ ဖာနန္ဒက္စ္က ရရွိထားေသးတာပါ။

ဖာနန္ဒက္စ္ အေနနဲ႔ ေရာ္နယ္ဒိုကိုသာ အားကိုးမေနဘူးဆိုရင္ သြင္းဂိုးနဲ႔ ဖန္တီးမႈေတြ အခုထက္ပိုၿပီးေတာ့ ရရွိလိမ့္မယ္လို႔လည္း ဂတ္ဂြၽန္ဆင္က ေျပာဆိုခဲ့ကာ ေဘာလုံးရရွိခ်ိန္တိုင္း ေရာ္နယ္ဒိုကို လိုက္ရွာေနတဲ့ ပုံစံကို ေျပာင္းလဲဖို႔ တိုက္တြန္းခံခဲ့ရပါတယ္။

“ဖာနန္ဒက္စ္က ေရာ္နယ္ဒိုကိုပဲ အၿမဲတမ္းလိုက္ၾကည့္ေနတယ္၊ ၁၀ ႀကိမ္မွာ ၉ ႀကိမ္ေလာက္က သူ ေရာ္နယ္ဒိုကို လိုက္ရွာဖို႔ ႀကိဳးစားေနတာပါ၊ အဲဒါက အလုပ္မျဖစ္ပါဘူး၊ ဒီေတာ့ သူ စိတ္မရွည္ေတာ့ဘူး၊ အရမ္းခက္တာေတြကို လုပ္ဖို႔ကို စအားထုတ္ေတာ့တာပဲ။

မန္ခ်က္စတာ ယူႏိုက္တက္မွာ သူ စကစားတုန္းကပုံစံကို သတိထားမိမယ္ဆိုရင္ သူ႔ဆီကေန ကြၽန္ေတာ္တို႔ အမ်ားႀကီး ျမင္ေတြ႕ခ်င္တာေတြရွိေနပါတယ္” လို႔ အိုက္စလန္တိုက္စစ္မႉးေဟာင္းက ေပၚတူဂီသတင္းစာမွာ ေျပာဆိုခဲ့ပါတယ္။

မန္ယူအသင္းထံ ေရာ္နယ္ဒို ျပန္ ေရာက္လာၿပီးေနာက္မွာ အသင္းရဲ႕ ဂိုးအမ်ားစုကို သြင္းယူဖို႔ တာဝန္ယူခဲ့ရၿပီး လက္ရွိမွာ ၁၃ ဂိုးအထိ ရရွိထားၿပီးျဖစ္ပါတယ္။ ၄င္းက လိဂ္ဂိုး ၇ ဂိုးပါဝင္ၿပီး ခ်န္ပီယံလိဂ္မွာ ၆ ဂိုးအထိ သြင္းယူထား ပါတယ္။

ဖာနန္ဒက္စ္ကေတာ့ ေျခစြမ္းပိုင္း အားနည္းသြားခဲ့​ၿပီး ၿပိဳင္ပြဲစုံ ၂၂ ပြဲမွာ ၅ ဂိုးသာရရွိထားခဲ့ပါတယ္။ ဒါေပမယ့္လည္း ဖန္တီးမႈ ၉ ႀကိမ္ အထိ ျပဳလုပ္ေပးထားႏိုင္ခဲ့ပါတယ္။