ရူးလောက်ဖွယ် လူစာရင်းထုတ်မယ့် တူချယ်၊ သတိပေးထားတဲ့ ရူဒီဂါအေးဂျင့်နဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ
ဇန်နဝါရီ အပြောင်းအရွှေ့ကာလ မတိုင်ခင် ရူဒီဂါကို စာချုပ်သစ် ကမ်းလှမ်းပေးဖို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက သတိပေးလိုက်ပြီ ဖြစ်ပြီး ချဲလ်ဆီးဟာ ဖိအားတွေ ပိုများလာခဲ့ပါတယ်။
ချဲလ်ဆီးရဲ့ခံစစ်ကြောင်းအပေါ် အနည်းငယ်စိုးရိမ်မိတယ်လို့ တိုက်စစ်မှူးဟောင်း ဟန့်ဆယ်ဘိတ်က ဆိုလိုက်ပြီး ချဲလ်ဆီးခံစစ်ဟာ ပုံမှန်ထက်ဂိုးတွေ ခွင့်ပြုနေရကြောင်း၊ ချဲလ်ဆီးခံစစ်အနေနဲ့ အာရုံစိုက်မှုလျော့နည်းနေပြီး လွယ်ကူနေကြောင်း သတိပေးခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြ တူချယ်က ကိုဗစ်ပြဿနာတွေကြောင့် ဝုဖ်နဲ့ ယှဉ်ပြိုင်မဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရူးလောက်ဖွယ် လူစာရင်းကို ရွေးချယ်ရနိုင်ကြောင်း၊ ဂျော်ဂျင်ဟိုနဲ့ လော့တပ်ချပ်စ်တို့ကလည်း ဒဏ်ရာပြဿနာရှိနေပြီး ပါဝင်နိုင်မှာ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

လာမယ့် အပြောင်းအရွှေ့တွေမှာ ရိုးမားမန်နေဂျာ ဟိုဆေးမော်ရင်ညိုဟာ ချဲလ်ဆီးမှာ ပုံမှန်ပွဲကစားခွင့်မရ ဖြစ်နေတဲ့ ရူဘင်လော့ဖ်တပ်ချိခ်ကို ခေါ်ထုတ်သွားဖို့ ကြိုးစားသွားဖို့ ရှိနေပါတယ်။
စီးရီးအေကလပ် တိုရီနိုကတော့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ သူတို့ရဲ့ နောက်ခံလူ ဘရီမာကို ဇန်နဝါရီအပြောင်းအရွှေ့မှာေ ရောင်းချသွားမှာ မဟုတ်ကြောင်း သိရပါတယ်။
ချဲလ်ဆီးနည်းပြ တူချယ်ကတော့ အဲဗာတန်နဲ့ သရေကျခဲ့တဲ့ပွဲမှာ နောက်ခံလူ ချာလိုဘတ်ချ်ကို လူစားလဲ ထည့်သွင်း ခဲ့တာဟာ တိုက်စစ်ပိုင်း နည်းစနစ်ကြောင့်ဖြစ်ကြောင်း၊ set-pieces တွေကနေ ဂိုးရအောင်လို့ချာလိုဘတ်ချ်ကို ထည့်ခဲ့တာဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ အေစီမီလန် ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားလျက်ရှိနေပါတယ်။ ၂၄ နှစ်အရွယ်နောက်ခံလူ ပီအက်စ်ဂျီကလည်း စိတ်ဝင်စားနေတာဖြစ်ပြီးသူ့ကို ယူရိုသန်း ၄၀ ဝန်းကျင်လောက်နဲ့ ခေါ်ယူနိုင်မှာပါ။
ချဲလ်ဆီး ဟာ လူကာကူနဲ့ အတူ တွဲကစားစေဖို့ အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို ပစ်မှတ်ထား နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ချဲလ်ဆီး ကစားသမားဟောင်း ဖရန့်လီဘော်က ချန်ပီယံဆုနဲ့ ပတ်သက်ပြီး မကြာခင် ၂ ကောင်ပဲပြေးတော့မလား၊ ၃ ကောင်ပဲဆက်ပြေးမလားဆိုတာ သိရမှာဖြစ်ကြောင်း၊ နှစ်သစ်ကူးကာလမှ ချဲလ်ဆီးဟာ လီဗာပူး၊မန်စီးတီးတို့နဲ့ ကစားရမှာဖြစ်ကြောင်း၊ ချဲလ်ဆီးရဲ့လက်ရှိကစားပုံအရ မန်စီးတီးကို ယှဉ်နိုင်ဖို့ခက်ခဲကြောင်း သတိပေးခဲ့ပါတယ်။
ချဲလ်ဆီးကစားသမားဟောင်း ဂျိုလ်ကိုက ဆောက်သမ်တန်မှာ အငှားနဲ့ ကစားနေတဲံ ချဲလ်ဆီးကြယ်ပွင့်တိုက်စစ်မူှး ဘရိုဂျာကို ချီးကျူးခဲ့ပြီး သူဟာ အံ့အားသင့်ဖွယ် အရည်အသွေးတွေ ပိုင်ဆိုင်ထားသူဖြစ်ကြောင်း၊ဘရိုဂျာရဲ့ အနာဂတ်ဟာ တောက်ပလျက်ရှိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။