မက်ဆီ၊ ရိုနယ်ဒို၊ နေမာ၊ ဘာပေတို့ထက် လီဗာပူးတိက်စစ်မှုး မိုဆာလာက ပိုကောင်းနေပြီလို့ ချီးကျူးမှု
လီဗာပူးအသင်းနဲ့ အတူ ဒီရာသီမှာ ခြေစွမ်းကောင်းတွေ အထူး ပြသနေတဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရိုနယ်ဒို ၊ ပီအက်စ်ဂျီ တိုက်စစ်မှူးတွေ ဖြစ်တဲ့ မက်ဆီနဲ့ အမ်ဘာပေတို့ထက် ပိုမို ကောင်းမွန်နေပြီ လို့ ပရီးမီးယားလိဂ် ကစားသမားဟောင်း တဦး ဖြစ်သူ ရော်ဘီဆာဗစ် ကတော့ ချီးကျူးသွားခဲ့ပါတယ်။
ဆာလာဟာ ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ပြီး လီဗာပူးအသင်းကို အမှတ်ပေးဇယားရဲ့ အဆင့်၂နေရာ အထိ ရောက်ရှိအောင် ကူညီပေးထားနိုင်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ကွင်းလယ်လူဟောင်း တဦး ဖြစ်သူ ရော်ဘီဆာဗစ် ကတော့ လက်ရှိအချိန်မှာ ဆာလာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ယူဆနေပြီး ဆာလာဟာ ရိုနယ်ဒို ၊ မက်ဆီ ၊ နေမာ ၊ အမ်ဘာပေတို့ထက် ပိုမို ကောင်းမွန်နေကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
“မိုဆာလာက လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေပါပြီ။ ကျွန်တော်သာ အသင်းတသင်းကို ကိုင်တွယ်ခွင့် ရထားရင် ဆာလာကို မက်ဆီနဲ့ ရိုနယ်ဒိုကို ကျော်ပြီး ပွဲထွက်ခွင့် အတွက် ရွေးချယ်ပါမယ်။ အမ်ဘာပေထက်လည်း ဦးစားပေးပြီး သုံးပါမယ်။ နေမာနဲ့ ယှဉ်ရင်လည်း သူ့ကိုပဲ ရွေးမိပါလိမ့်မယ်။
အခုချိန်မှာ အသင်းတသင်းရဲ့ တိုက်စစ်ပိုင်း အတွက် စဉ်းစားတော့မယ် ဆိုရင် ဆာလာဟာ ပထမဦးဆုံး စဉ်းစားမိတဲ့ ကစားသမား ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ သူ့ရဲ့ ဖန်တီးနိုင်စွမ်းတွေ ၊ သွင်းဂိုးတွေ ၊ ဖန်တီးမှုတွေ အားလုံးကို ခြုံကြည့်လိုက်ရင် သူက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ” လို့ ဆာဗစ်က ချီးကျူးသွားခဲ့တာပါ။
အသက် ၂၉နှစ် အရွယ် အီဂျစ် လက်ရွေးစင် အသင်းခေါင်းဆောင် ဆာလာဟာ ရိုးမားအသင်း ကနေ လီဗာပူးအသင်းထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၁၀ဦး စာရင်းဝင်သူလည်း ဖြစ်ပါတယ်။

ZG
လီဗာပူးအသင္းနဲ႔ အတူ ဒီရာသီမွာ ေျခစြမ္းေကာင္းေတြ အထူး ျပသေနတဲ့ တိုက္စစ္မႉး မိုဟာမက္ ဆာလာဟာ မန္ခ်က္စတာ ယူႏိုက္တက္ တိုက္စစ္မႉး ႐ိုနယ္ဒို ၊ ပီအက္စ္ဂ်ီ တိုက္စစ္မႉးေတြ ျဖစ္တဲ့ မက္ဆီနဲ႔ အမ္ဘာေပတို႔ထက္ ပိုမို ေကာင္းမြန္ေနၿပီ လို႔ ပရီးမီးယားလိဂ္ ကစားသမားေဟာင္း တဦး ျဖစ္သူ ေရာ္ဘီဆာဗစ္ ကေတာ့ ခ်ီးက်ဴးသြားခဲ့ပါတယ္။
ဆာလာဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ လီဗာပူးအသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၉ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၉ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၃ႀကိမ္ ျပဳလုပ္ထားႏိုင္ၿပီး လီဗာပူးအသင္းကို အမွတ္ေပးဇယားရဲ႕ အဆင့္၂ေနရာ အထိ ေရာက္ရွိေအာင္ ကူညီေပးထားႏိုင္ပါတယ္။
ပရီးမီးယားလိဂ္ရဲ႕ ကြင္းလယ္လူေဟာင္း တဦး ျဖစ္သူ ေရာ္ဘီဆာဗစ္ ကေတာ့ လက္ရွိအခ်ိန္မွာ ဆာလာဟာ ကမာၻ႔အေကာင္းဆုံး ကစားသမား ျဖစ္ေၾကာင္း ယူဆေနၿပီး ဆာလာဟာ ႐ိုနယ္ဒို ၊ မက္ဆီ ၊ ေနမာ ၊ အမ္ဘာေပတို႔ထက္ ပိုမို ေကာင္းမြန္ေနေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။
“မိုဆာလာက လက္ရွိအခ်ိန္မွာ ကမာၻ႔အေကာင္းဆုံး ကစားသမား ျဖစ္ေနပါၿပီ။ ကြၽန္ေတာ္သာ အသင္းတသင္းကို ကိုင္တြယ္ခြင့္ ရထားရင္ ဆာလာကို မက္ဆီနဲ႔ ႐ိုနယ္ဒိုကို ေက်ာ္ၿပီး ပြဲထြက္ခြင့္ အတြက္ ေ႐ြးခ်ယ္ပါမယ္။ အမ္ဘာေပထက္လည္း ဦးစားေပးၿပီး သုံးပါမယ္။ ေနမာနဲ႔ ယွဥ္ရင္လည္း သူ႔ကိုပဲ ေ႐ြးမိပါလိမ့္မယ္။
အခုခ်ိန္မွာ အသင္းတသင္းရဲ႕ တိုက္စစ္ပိုင္း အတြက္ စဥ္းစားေတာ့မယ္ ဆိုရင္ ဆာလာဟာ ပထမဦးဆုံး စဥ္းစားမိတဲ့ ကစားသမား ျဖစ္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ သူ႔ရဲ႕ ဖန္တီးႏိုင္စြမ္းေတြ ၊ သြင္းဂိုးေတြ ၊ ဖန္တီးမႈေတြ အားလုံးကို ၿခဳံၾကည့္လိုက္ရင္ သူက လက္ရွိ ကမာၻ႔အေကာင္းဆုံး ကစားသမားပါ” လို႔ ဆာဗစ္က ခ်ီးက်ဴးသြားခဲ့တာပါ။
အသက္ ၂၉ႏွစ္ အ႐ြယ္ အီဂ်စ္ လက္ေ႐ြးစင္ အသင္းေခါင္းေဆာင္ ဆာလာဟာ ႐ိုးမားအသင္း ကေန လီဗာပူးအသင္းထံ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တဦး အျဖစ္ ေျခစြမ္းျပေနသူ ျဖစ္ၿပီး ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉး ၁၀ဦး စာရင္းဝင္သူလည္း ျဖစ္ပါတယ္။