မန်ယူမှာ ကစားရမယ့် အစား ဘောလုံးကစားတာ အနားယူလိုက်မယ် ဆိုတဲ့ လီဗာပူး နောက်ခံလူ အလက်ဇန္ဒါး အာနိုးလ်
ဒီရာသီ လီဗာပူး အသင်း အတွက် ဆက်တိုက်ခြေစွမ်းပြကစားနေတဲ့ နောက်ခံလူ ထရန့် အလက်ဇန္ဒါးအာနိုးလ်ဟာ စကိုင်းစပေါ့ အစီအစဉ် အမေးအဖြေကဏ္ဍကို ပြုလုပ်ခဲ့ရာမှာ လီဗာပူးရဲ့ မဟာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းကို ဘယ်လောက် ခါးသီးသလဲဆိုတာ ဖော်ပြသွားခဲ့ပါတယ်။

၃ မိနစ်သာကြာမြင့်တဲ့ ဒီအစီအစဉ်မှာ အာနိုးလ်က မေးခွန်းအနည်းငယ်ကို ပြန်လည်ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။ ထို မေးခွန်းတွေထဲက တခုမှာတော့ “ယူနိုက်တက်အတွက် ကစားတာပိုကောင်းမလား ဒါမှမဟုတ် အနားယူချင်လား” ဆိုတာ ပါဝင်ခဲ့ပြီး အာနိုးလ်ကတော့ ရှင်းရှင်းလင်းလင်းပဲ အဖြေပေးခဲ့ပါတယ်။
အာနိုးလ် က ” ပွင့်ပွင့်လင်းလင်းပြောရရင် ဘောလုံးကစားတာကနေ အနားယူမယ်လို့ပဲ ပြောချင်ပါတယ်၊ ကျွန်တော် မန်ယူ အသင်းမှာတော့ မကစားနိုင်ပါဘူး” လို့ တွေဝေတာမျိုး မရှိဘဲ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
နောက်ထပ်တခါ အာနိုးဖြေဆိုခဲ့တာကတော့ ဂျရတ်နဲ့ ကာရေဂါတို့မှာ ဘယ်သူလဲ တွဲဖက်ကစားချင်လဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
အာနိုးလ်က “ဂျရတ်ပေါ့၊ ကာရေဂါလည်း နားလည်နိုင်မယ်ထင်ပါတယ်၊ တကယ်လို့ သူ့ကိုလည်း ဒီလိုမျိုးမေးခဲ့မယ်ဆိုရင် သူလည်း ဂျရတ်လို့ပဲဖြေမှာပါ” လို့ ဖြေဆိုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ဒါ့အပြင် မာဆေးဆိုက်ဒါဘီအဖြစ် အဲဗာတန်နဲ့ကစားမလား၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ကစားမလား ဆိုတဲ့ မေးခွန်းကိုလည်း သူက မန်ယူနိုက်တက်နဲ့သာ ရင်ဆိုင်ချင်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ကတော့ အင်္ဂလန်ဒါဘီလို့ တင်စားခံခဲ့ရတဲ့အထိ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ အသင်းတွေဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းနှစ်သင်းလည်းဖြစ်ပြီး လက်ရှိမှာတော့ မန်ယူ က နိမ့်ပါးနေချိန်ဖြစ်ကာ လီဗာပူးလ်က ပြန်လည်ခေါင်းထောင်လာခဲ့ပါတယ်။

ဒီရာသီပရီးမီးယားလိဂ်မှာ တွေ့ဆုံခဲ့ရာမှာလည်း လီဗာပူး က မန်ယူအသင်းကို အဝေးကွင်းမှာ ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
ZG
ဒီရာသီ လီဗာပူး အသင္း အတြက္ ဆက္တိုက္ေျခစြမ္းျပကစားေနတဲ့ ေနာက္ခံလူ ထရန္႔ အလက္ဇႏၵါးအာႏိုးလ္ဟာ စကိုင္းစေပါ့ အစီအစဥ္ အေမးအေျဖက႑ကို ျပဳလုပ္ခဲ့ရာမွာ လီဗာပူးရဲ႕ မဟာျပိဳင္ဘက္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းကို ဘယ္ေလာက္ ခါးသီးသလဲဆိုတာ ေဖာ္ျပသြားခဲ့ပါတယ္။
၃ မိနစ္သာၾကာျမင့္တဲ့ ဒီအစီအစဥ္မွာ အာႏိုးလ္က ေမးခြန္းအနည္းငယ္ကို ျပန္လည္ေျဖဆိုေပးခဲ့တာျဖစ္ပါတယ္။ ထို ေမးခြန္းေတြထဲက တခုမွာေတာ့ “ယူႏိုက္တက္အတြက္ ကစားတာပိုေကာင္းမလား ဒါမွမဟုတ္ အနားယူခ်င္လား” ဆိုတာ ပါဝင္ခဲ့ၿပီး အာႏိုးလ္ကေတာ့ ရွင္းရွင္းလင္းလင္းပဲ အေျဖေပးခဲ့ပါတယ္။
အာနိုးလ္ က ” ပြင့္ပြင့္လင္းလင္းေျပာရရင္ ေဘာလံုးကစားတာကေန အနားယူမယ္လို႔ပဲ ေျပာခ်င္ပါတယ္၊ ကြၽန္ေတာ္ မန္ယူ အသင္းမွာေတာ့ မကစားႏိုင္ပါဘူး” လို႔ ေတြေဝတာမ်ိဳး မရွိဘဲ ေျဖဆိုခဲ့တာျဖစ္ပါတယ္။
ေနာက္ထပ္တခါ အာႏိုးေျဖဆိုခဲ့တာကေတာ့ ဂ်ရတ္နဲ႔ ကာေရဂါတို႔မွာ ဘယ္သူလဲ တြဲဖက္ကစားခ်င္လဲဆိုတဲ့ ေမးခြန္းျဖစ္ပါတယ္။
အာႏိုးလ္က “ဂ်ရတ္ေပါ့၊ ကာေရဂါလည္း နားလည္ႏိုင္မယ္ထင္ပါတယ္၊ တကယ္လို႔ သူ႔ကိုလည္း ဒီလိုမ်ိဳးေမးခဲ့မယ္ဆိုရင္ သူလည္း ဂ်ရတ္လို႔ပဲေျဖမွာပါ” လို႔ ေျဖဆိုခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။
ဒါ့အျပင္ မာေဆးဆိုက္ဒါဘီအျဖစ္ အဲဗာတန္နဲ႔ကစားမလား၊ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ကစားမလား ဆိုတဲ့ ေမးခြန္းကိုလည္း သူက မန္ယူႏိုက္တက္နဲ႔သာ ရင္ဆိုင္ခ်င္တယ္လို႔ ေျပာဆိုခဲ့ပါေသးတယ္။
မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔ကေတာ့ အဂၤလန္ဒါဘီလို႔ တင္စားခံခဲ့ရတဲ့အထိ ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့တဲ့ အသင္းေတြျဖစ္ပါတယ္။ အဂၤလန္ရဲ႕ အေအာင္ျမင္ဆုံးအသင္းႏွစ္သင္းလည္းျဖစ္ၿပီး လက္ရွိမွာေတာ့ မန္ယူ က နိမ့္ပါးေနခ်ိန္ျဖစ္ကာ လီဗာပူးလ္က ျပန္လည္ေခါင္းေထာင္လာခဲ့ပါတယ္။
ဒီရာသီပရီးမီးယားလိဂ္မွာ ေတြ႕ဆုံခဲ့ရာမွာလည္း လီဗာပူး က မန္ယူအသင္းကို အေဝးကြင္းမွာ ၅ ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ပါတယ္။