မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ ကာရေဂါ
ဂျေမီကာရေဂါက ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလားအတွက် မန်ချက်စတာစီးတီး အသင်းက ချဲလ်ဆီး လီဗာပူးထက် ရေပန်းစားနေဆဲ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်လျက် ရှိနေပြီး ဒုတိယနေရာက လီဗာပူးကို ၁ မှတ် ဖြတ်ထားခဲ့ပါတယ်။ ချဲလ်ဆီးကတော့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အဲဗာတန်နဲ့ ၁ ဂိုးစီ သရေကျသွားခဲ့တာကြောင့် အမှတ် ထပ်လျော့သွားခဲ့ပြီး ထိပ်ဆုံးက မန်စီးတီးနဲ့ ၄ မှတ် ကွာဟသွားခဲ့ပါတယ်။
ကာရေဂါက အမှတ်ပေးဇယားဟာ လျှင်လျှင်မြန်မြန် အပြောင်းအလဲတွေ ဖြစ်သွားတက်တာကြောင့် သောမတ်တူချယ် အနေနဲ့ တအား စိုးရိမ်နေစရာတော့ မရှိဘူးလို့ သုံးသပ်သွားခဲ့ပေမယ့် စီးတီးကသာ ဒီရာသီ အမှတ်ပေးဖလား အတွက် ရေပန်းအစားဆုံး ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

၎င်းက ” လက်ရှိ အချိန်မှာ မန်စီးတီးရဲ့ ကစားပုံကို ကြည့်လိုက်စမ်းပါ။ သူတို့ရဲ့ ခြေစွမ်းက တကယ့်ကို မယုံနိုင်စရာ ပါပဲ။ ကျွန်တော် ကတော့ မန်စီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလား အတွက် ကျွန်တော့်ရဲ့ favourite ဖြစ်နေဆဲလို့ ထင်နေဆဲ ဖြစ်ပါတယ်။
မန်စီးတီး နဲ့ လီဗာပူး တို့ရဲ့ ကြားမှာ ကွာဟချက်ဟာ အနည်းငယ်လေးသာ ရှိနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ကြားရက်တုန်းက မန်စီးတီးတို့ အီတီဟတ်မှာ လိဒ်ယူနိုက်တက်ကို ၇-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မျိုးမှာ သူတို့ရဲ့ ခြေစွမ်းကို တစ်ချက် ကြည့်လိုက်ပါ။ သူတို့ဟာ တအားကို ကောင်းလွန်း ခဲ့ပါတယ်။
ဒါပေမယ့် ဒီအချိန်မှာ ပရီးမီးယားလိဂ် ဖလားကို ဘယ်အသင်းက ရယူဖို့ အခြေအနေ ကောင်းသွားပြီလို့ ပြောနိုင်ဖို့ စောနေ ပါသေးတယ်။ ဒီအဆင့်ကို ကျွန်တော်တို့ မရောက်သေး ပါဘူး။
လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် ကိုပဲ ပြန်တွေးကြည့် လိုက်ပါ။ တကယ်တော့ ချဲလ်ဆီးဟာ လီဗာပူး နဲ့ မန်စီးတီး တို့ကို ၄ မှတ်တောင် ဖြတ်ထားနိုင်ခဲ့တယ် မဟုတ်လား။

ဒါကို ကြည့်လိုက်မယ် ဆိုရင် title race ဟာ ဘယ်လောက်တောင် လျှင်လျှင်မြန်မြန် အပြောင်းအလဲ ဖြစ်သွားနိုင်သလဲ ဆိုတာ သိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ စီးတီး ချဲလ်ဆီး နဲ့ လီဗာပူး တို့ကြားမှာ ရမှတ် ကွာဟမှုက ၆ မှတ် ၇ မှတ် စဖြစ်သွားခဲ့ပြီ ဆိုရင် ရှေ့မှာ ရှိနေတဲ့ အသင်းတွေကို ပြန်လည် အမှီလိုက်တဲ့ နေရာမှာ ပြဿနာတွေ ရှိသွားနိုင်ပါတယ်။” လို့ ဆိုသွား ပါတယ်။
ကာရေဂါဟာ ဒီရာသီ အစပိုင်းက ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်မယ့် အသင်းကို ခန့်မှန်းရာမှာ မန်စီးတီးကို ရွေးချယ်ထားခဲ့တာ ဖြစ်ပါတယ်။