လင်ဂတ်အတွက် မန်ယူထံ ဈေးမေးပြီး အပြိုင် ကြိုးစားနေကြတဲ့ ပရီးမီးယားလိဂ် ၂သင်း
ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဂျက်ဆီလင်ဂတ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။
အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခွင့် ရရှိထားသူလည်း ဖြစ်ပါတယ်။

လင်ဂတ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား တဦး ဖြစ်ပေမယ့် အသင်းမှာ ဆက်နေရင် ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ မလွယ်ကူတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပြီး မန်ယူကလည်း ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်း ဝန်းကျင် ရရှိရင် လင်ဂတ်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။
မန်ချက်စတာ ညနေခင်း သတင်းဌာန အဆိုအရ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့ဟာ လင်ဂတ်ကို ခေါ်ယူနိုင်ဖို့ အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး နှစ်သင်းစလုံးက လင်ဂတ်ရဲ့ အေးဂျင့်နဲ့ အဆက်အသွယ် ရှိနေသလို မန်ယူ အသင်းထံလည်း လင်ဂတ်ရဲ့ ပြောင်းရွှေ့ကြေး အတွက် ဆက်သွယ် စုံစမ်းထားကြကြောင်း သိရပါတယ်။
ချမ်းသာတဲ့ ပိုင်ရှင်သစ် ရထားတဲ့ နယူးကာဆယ်အသင်းဟာ လင်ဂတ်ကို အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာမယ့်သူ အဖြစ် သတ်မှတ်ထားပြီး လင်ဂတ်အတွက် မန်ချက်စတာ ယူနိုက်တက်က လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ အသင့် ရှိနေသလို လင်ဂတ်ကိုလည်း တပတ်လုပ်ခ ပေါင် ၁သိန်း ဆိုတဲ့ ပမာဏနဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။
ဒါပေမယ့် လင်ဂတ်ကတော့ သူ အငှားနဲ့ သွားရောက် ကစားဖူးတဲ့ ဝက်စ်ဟမ်းအသင်းထံ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေပြီး ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြဖြစ်သူ မိုရက်စ်ကလည်း လင်ဂတ်ကို ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုထားကြောင်း လင်ဂတ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ZG
ပရီးမီးယားလိဂ္ ကလပ္ နယူးကာဆယ္အသင္းနဲ႔ ဝက္စ္ဟမ္းအသင္းတို႔ဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္း ကေန ထြက္ခြာဖို႔ ဆုံးျဖတ္ထားတဲ့ အဂၤလန္ လက္ေ႐ြးစင္ ကြင္းလယ္တိုက္စစ္ ကစားသမား ဂ်က္ဆီလင္ဂတ္ကို ေခၚယူဖို႔ အၿပိဳင္အဆိုင္ ႀကိဳးပမ္းေနၾကပါတယ္။
အသက္ ၂၉ႏွစ္ အ႐ြယ္ အဂၤလန္ လက္ေ႐ြးစင္ ကြင္းလယ္တိုက္စစ္ ကစားသမား လင္ဂတ္ဟာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၆လသာ က်န္ေတာ့တဲ့ ကစားသမား တဦး ျဖစ္သလို လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာ အသင္းကေန ထြက္ခြာခြင့္ ရရွိထားသူလည္း ျဖစ္ပါတယ္။
လင္ဂတ္ဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ ငယ္ေမြးၿခံေပါက္ ကစားသမား တဦး ျဖစ္ေပမယ့္ အသင္းမွာ ဆက္ေနရင္ ပုံမွန္ ပြဲထြက္ခြင့္ ရရွိဖို႔ မလြယ္ကူတာေၾကာင့္ အသင္းကေန ထြက္ခြာဖို႔ ဆုံးျဖတ္ထားသူ ျဖစ္ၿပီး မန္ယူကလည္း ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၀သန္း ဝန္းက်င္ ရရွိရင္ လင္ဂတ္ကို ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ထားပါတယ္။
မန္ခ်က္စတာ ညေနခင္း သတင္းဌာန အဆိုအရ နယူးကာဆယ္နဲ႔ ဝက္စ္ဟမ္းတို႔ဟာ လင္ဂတ္ကို ေခၚယူႏိုင္ဖို႔ အတြက္ အၿပိဳင္အဆိုင္ ႀကိဳးပမ္းေနၾကၿပီး ႏွစ္သင္းစလုံးက လင္ဂတ္ရဲ႕ ေအးဂ်င့္နဲ႔ အဆက္အသြယ္ ရွိေနသလို မန္ယူ အသင္းထံလည္း လင္ဂတ္ရဲ႕ ေျပာင္းေ႐ႊ႕ေၾကး အတြက္ ဆက္သြယ္ စုံစမ္းထားၾကေၾကာင္း သိရပါတယ္။
ခ်မ္းသာတဲ့ ပိုင္ရွင္သစ္ ရထားတဲ့ နယူးကာဆယ္အသင္းဟာ လင္ဂတ္ကို အသင္းရဲ႕ အဓိက ကစားသမား ျဖစ္လာမယ့္သူ အျဖစ္ သတ္မွတ္ထားၿပီး လင္ဂတ္အတြက္ မန္ခ်က္စတာ ယူႏိုက္တက္က လိုခ်င္ေနတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ေပးေခ်ဖို႔ အသင့္ ရွိေနသလို လင္ဂတ္ကိုလည္း တပတ္လုပ္ခ ေပါင္ ၁သိန္း ဆိုတဲ့ ပမာဏနဲ႔ ကမ္းလွမ္းထားေၾကာင္း သိရပါတယ္။
ဒါေပမယ့္ လင္ဂတ္ကေတာ့ သူ အငွားနဲ႔ သြားေရာက္ ကစားဖူးတဲ့ ဝက္စ္ဟမ္းအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ ပိုမို စိတ္ဝင္စားေနၿပီး ဝက္စ္ဟမ္းအသင္းရဲ႕ နည္းျပျဖစ္သူ မိုရက္စ္ကလည္း လင္ဂတ္ကို ေခၚယူေပးဖို႔ အသင္းထံ ေတာင္းဆိုထားေၾကာင္း လင္ဂတ္နဲ႔ နီးစပ္သူေတြက ဆိုပါတယ္။