ဆိုးရှားဘက်ကနေ အချင်းချင်းဆိုပြီး ကာကွယ်ပြောမနေဖို့ နဗီးလ်နဲ့ ရွိုင်ကိန်းအား ကာရေဂါ သတိပေး
လီဗာပူးကစားသမားဟောင်း ဂျင်မီ ကာရေဂါက သရဲနီဟောင်းတွေ ဖြစ်တဲ့ နဗီးလ်နဲ့ ရွိုင်ကိန်းတို့ အနေနဲ့ သူတို့ရဲ့ အသင်းဖော်ဟောင်း ယူနိုက်တက် နည်းပြ ဆိုးရှားကိုမဝေဖန်ဘဲ ကာကွယ် ပြောဆိုပေးနေတာ မဟုတ်သေးဘူးလို့ အခုလို ထောက်ပြလိုက်ပါတယ်။
ကာရေဂါက ”ဂယ်ရီနဗီးလ်တစ်ယောက် သူ့မိတ်ဆွေအိုလေအတွက်အကြောင်းပြချက်တွေပေးနေတာကို ခင်ဗျားတို့လည်းမြင်မှာပေါ့။ ဟုတ်တယ်မလား။ ဟိုတလောက ဂျာနယ်ကော်လံတစ်ခုမှာ ကျွန်တော်ဆောင်းပါးရေးခဲ့တယ်။ အဲမတိုင်ခင်က နဗီးလ်နဲ့ကျွန်တော်အတူရှိနေပြီး သူရယ်၊ ကျွန်တော်ရယ်၊ ရွိုင်းကိန်းရယ် ၃ယောက်သား YouTube မှာ ဒီနှစ် ပရီးမီးယားလိဂ်ရာသီအကြောင်း ပြောကြတယ်။

ကျွန်တော်တို့အားလုံး သိပါတယ်။ ယူနိုက်တက်က ဘယ်လိုအခြေအနေလဲ ဆိုတာ။ သူတို့လည်းသိပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့ အသင်းဖော်ဟောင်း ဖြစ်ခဲ့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုးလ်ရှားကို အကောင်းပဲ မြင်ပေးနေပါတယ်။
သူတို့ပြောနေတာကတော့ အသင်းပိုင်ရှင်က ငွေကြေး အလုံအလောက်ထုတ်မပေးလို့၊ ဟိုဟာလိုတယ် ဒီဟာလိုတယ် မဟုတ်ရင် ဟယ်ရီကိန်း ကို သူတို့ရတယ်ဆိုတဲ့ အသံတွေပဲ ပြောနေကြပါတယ် အဓိက အချက်ကိုပြောဖို့ သူတို့မှာ အင်အားမရှိကြပါဘူး။
ကျွန်တော် အဲဒီနေရာမှာထိုင်ပြီးတွေးနေမိတာက ချန်ပီယံလိဂ်(၄)ကြိမ်ရထားတဲ့ကစားသမားတစ်ယောက်ကို သူတို့ခေါ်ထားပြီးပြီ။ တောင်ပံ ကစားသမားတစ်ယောက်အတွက် (၇၅)သန်း သူတို့ သုံးထားပြီးပြီ။ ဝန်ခံရမယ်ဆိုရင် သူတို့ပြောတဲ့စကားတွေကိုကျွန်တော် တော်တော် စိတ်ပျက်နေပြီ။
မန်ချက်စတာယူနိုက်တက်မှာ အကြောင်းပြချက်ပေးနေတာတွေရပ်သင့်ပြီ။ သူတို့မှာရှိတဲ့ကစားသမားတိုင်းရဲ့တန်ကြေးက သန်း(၅၀) အထက်မှာ ချည်းပဲ။ အံ့ဩဖို့တောင်ကောင်းတယ်။ကောင်းကောင်းစီမံဖို့ကနည်းပြအလုပ်ပါ။ အခုချိန်ထိ ယူနိုက်တက်ရဲ့ပုံစံတစ်ခုကို ကျွန်တော်တို့ မတွေ့ရသေးပါဘူး။ ပြီးတော့ နောက်တစ်ဆင့် တက်လာတယ်လို့လည်း မမြင်ပါဘူး။ “ဆိုပြီး ပြောထားပါတယ်။

ZG
လီဗာပူးကစားသမားေဟာင္း ဂ်င္မီ ကာေရဂါက သရဲနီေဟာင္းေတြ ျဖစ္တဲ့ နဗီးလ္နဲ႕ ရြိဳင္ကိန္းတို႔ အေနနဲ႔ သူတို႔ရဲ႕ အသင္းေဖာ္ေဟာင္း ယူႏိုက္တက္ နည္းျပ ဆိုးရွားကိုမေဝဖန္ဘဲ ကာကြယ္ ေျပာဆိုေပးေနတာ မဟုတ္ေသးဘူးလို႔ အခုလို ေထာက္ျပလိုက္ပါတယ္။
ကာေရဂါက ”ဂယ္ရီနဗီးလ္တစ္ေယာက္ သူ႔မိတ္ေဆြအိုေလအတြက္အေၾကာင္းျပခ်က္ေတြေပးေနတာကို ခင္ဗ်ားတို႔လည္းျမင္မွာေပါ့။ ဟုတ္တယ္မလား။ ဟိုတေလာက ဂ်ာနယ္ေကာ္လံတစ္ခုမွာ ကြၽန္ေတာ္ေဆာင္းပါးေရးခဲ့တယ္။ အဲမတိုင္ခင္က နဗီးလ္နဲ႔ကြၽန္ေတာ္အတူရွိေနၿပီး သူရယ္၊ ကြၽန္ေတာ္ရယ္၊ ႐ြိဳင္းကိန္းရယ္ ၃ေယာက္သား YouTube မွာ ဒီႏွစ္ ပရီးမီးယားလိဂ္ရာသီအေၾကာင္း ေျပာၾကတယ္။
ကြၽန္ေတာ္တို႔အားလုံး သိပါတယ္။ ယူႏိုက္တက္က ဘယ္လိုအေျခအေနလဲ ဆိုတာ။ သူတို႔လည္းသိပါတယ္။ ဒါေပမယ့္ သူတို႔ဟာ သူတို႔ရဲ႕ အသင္းေဖာ္ေဟာင္း ျဖစ္ခဲ့လို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဆိုးလ္ရွားကို အေကာင္းပဲ ျမင္ေပးေနပါတယ္။
သူတို႔ေျပာေနတာကေတာ့ အသင္းပိုင္ရွင္က ေငြေၾကး အလုံအေလာက္ထုတ္မေပးလို႔၊ ဟိုဟာလိုတယ္ ဒီဟာလိုတယ္ မဟုတ္ရင္ ဟယ္ရီကိန္း ကို သူတို႔ရတယ္ဆိုတဲ့ အသံေတြပဲ ေျပာေနၾကပါတယ္ အဓိက အခ်က္ကိုေျပာဖို႔ သူတို႔မွာ အင္အားမရွိၾကပါဘူး။
ကြၽန္ေတာ္ အဲဒီေနရာမွာထိုင္ၿပီးေတြးေနမိတာက ခ်န္ပီယံလိဂ္(၄)ႀကိမ္ရထားတဲ့ကစားသမားတစ္ေယာက္ကို သူတို႔ေခၚထားၿပီးၿပီ။ ေတာင္ပံ ကစားသမားတစ္ေယာက္အတြက္ (၇၅)သန္း သူတို႔ သုံးထားၿပီးၿပီ။ ဝန္ခံရမယ္ဆိုရင္ သူတို႔ေျပာတဲ့စကားေတြကိုကြၽန္ေတာ္ ေတာ္ေတာ္ စိတ္ပ်က္ေနၿပီ။
မန္ခ်က္စတာယူႏိုက္တက္မွာ အေၾကာင္းျပခ်က္ေပးေနတာေတြရပ္သင့္ၿပီ။ သူတို႔မွာရွိတဲ့ကစားသမားတိုင္းရဲ႕တန္ေၾကးက သန္း(၅၀) အထက္မွာ ခ်ည္းပဲ။ အံ့ဩဖို႔ေတာင္ေကာင္းတယ္။ေကာင္းေကာင္းစီမံဖို႔ကနည္းျပအလုပ္ပါ။ အခုခ်ိန္ထိ ယူႏိုက္တက္ရဲ႕ပုံစံတစ္ခုကို ကြၽန္ေတာ္တို႔ မေတြ႕ရေသးပါဘူး။ ၿပီးေတာ့ ေနာက္တစ္ဆင့္ တက္လာတယ္လို႔လည္း မျမင္ပါဘူး။ “ဆိုၿပီး ေျပာထားပါတယ္။