မန်ယူနည်းပြလောင်းစာရင်းထဲ အံ့ဖွယ်ပါဝင်လာသူ၊ မာတာကို ချိန်နေဆဲဘာစီလိုနာနဲ့ ယနေ့ မန်ယူ သတင်းများ
မန်ယူအသင်းရဲ့ အမြဲတမ်း နည်းပြရာထူးအတွက် ပစ်မှတ်ထားနေတဲ့ စာရင်းမှာ စပို့တင်း နည်းပြ အာမိုရင်က အံ့အားသင့်ဖွယ် ပါဝင်လာခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိ လူငယ်နည်းပြ အာမိုရင်ဟာ စပို့တင်းကို ၁၉ နှစ်ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလား ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သူပါ။
မန်ယူကနေ ထွက်ခွာခဲ့တဲ့ နည်းပြအဖွဲ့ဝင်ဟောင်း မက်ကင်နာက မန်ယူမှာ ဖြတ်သန်းခဲ့တဲ့ ၄ နှစ်တာအတွင်း အတွေ့အကြုံ များစွာ ရရှိခဲ့ကြောင်း၊ အစ်ဝှစ်ချ်နည်းပြအဖြစ် အခွင့်အရေး ရလာချိန်မှာ မငြင်းပယ်နိုင်ခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
မန်ယူ နည်းပြ ရန်နစ်အနေနဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ထွက်ခွာခွင့်ပြုမှာ မဟုတ်ကြောင်း သိရပါတယ်။ ဗန်ဒီဘိခ်ဟာ မန်ယူမှာ ပွဲကစားခွင့်နည်းပါးခြင်းကို စိတ်ပျက်နေပြီး အသင်းပြောင်းဖို့ စီစဉ်နေတာပါ။

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ မာဆေး ကွင်းလယ်လူ ကာမာရာကို ခေါ်ယူဖို့ ဆွေးနွေးလျက်ရှိနေပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားအနေနဲ့ ဇန်နဝါရီမှာ မန်ယူကိုပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရယူနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။
နယူးကာဆယ်အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ယူတိုက်စစ်မူှး မာရှယ်လ်ကို အငှားကြေး ပေါင် ၆ သန်းနဲ့ ပေးပြီး အငှားနဲ့ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပါပြီ။ မာရှယ်လ်အနေနဲ့ မန်ယူကနေ ထွက်ခွာချင်နေပြီး မန်ယူကသူ့အတွက် ပေါင်သန်း ၃၀ အလိုရှိနေပါတယ်။
ချဲလ်ဆီး ကစားသမားဟောင်း ဂျိုလ်ကိုးက ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မန်ယူတိုက်စစ်မူှး စီရော်နယ်ဒိုက အရေးပါတဲ့ ကစားသမားဖြစ်လာနိုင်ကြောင်း၊ စီရော်နယ်ဒိုရှိနေရင် ဂိုး ရဖို့သေချာသလို သူက အသင်းကို အမြဲတမ်း ကယ်တင်ပေးတဲ့ ကစားသမားဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အက်စတွန် ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လဟော်ကတော့ လိဒ်စ်ကွင်းလယ်လူ ဖီးလစ်အနေနဲ့ ရူးမိုက်တဲ့ သမိုင်းကြောင်း ပြိုင်ဘက်တွေကို ခေါင်းထဲမထည့်ဘဲ မန်ယူကိုသာ ပြောင်းသင့်တယ်လို့ တိုက်တွန်းသွားပါတယ်။ ဖီလစ် အနေနဲ့ အဲဒီအကြောင်းပြချက်လောက်နဲ့ ချန်ပီယံလိဂ်ကစားရဖို့ကို လက်မလွှတ်သင့်ဘူးလို့ ၎င်းက ဆိုပါတယ်။
ဘာစီလိုနာ အသင်းဟာ မန်ယူ ဝါရင့်တောင်ပံကစားသမား မာတာကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။ ဘာစီလိုနာ က မာတာကို ပြီးခဲ့တဲ့နွေကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ မာတာက မန်ယူနဲ့ တစ်နှစ် သက်တမ်း တိုးခဲ့တာပါ။