အချိုးပြေပြေနေကြဖို့ ဂွာဒီယိုလာ ရာဇသံပေးတာ ခံထားရတဲ့ မန်စီးတီးကြယ်ပွင့် ဖိုဒန်နဲ့ ဂရေးလစ်

မန်စီးတီး ကွင်းလယ်လူ နှစ်ဦး ဖြစ်သူ ဖိုဒန်နဲ့ ဂရီးလစ်တို့ဟာ ပြီးခဲ့တဲ့အပတ်မှာ နိုက်ကလပ် တခုဆီ သွားရောက်ကာ ညလုံးပေါက်နီးပါး ပျော်ပါးခဲ့ကြတာကြောင့် နည်းပြဖြစ်သူ ဂွာဒီယိုလာရဲ့ ဆူပူ ကြိမ်းမောင်းခြင်းကို ခံနေရကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားပါတယ်။

တယ်လီဂရပ်ဖ် သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖိုဒန်နဲ့ ဂရီးလစ်တို့ဟာ မန်စီးတီး အသင်းက လိဒ်အသင်းကို ၇-၀ နဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့နေ့မှာပဲ နိုက်ကလပ် တခုဆီ သွားရောက်ကာ ပျော်ပါးခဲ့ကြတာ ဖြစ်ပြီး ဂွာဒီယိုလာက သူတို့နှစ်ဦးရဲ့ အပြုအမူ အတွက် အတော်လေး စိတ်ဆိုး ဒေါသထွက် နေကြောင်းလည်း သိရပါတယ်။

ဂွာဒီယိုလာကလည်း နယူးကာဆယ်နဲ့ ပွဲစဉ်အပြီးမှာ ကစားသမားတွေအနေနဲ့ ပုံမှန် ပွဲထွက်ခွင့် ရချင်ရင် ကွင်းတွင်း ခြေစွမ်းကို သာမက ကွင်းပြင်ပ နေထိုင်မှုတွေမှာပါ အချိုးပြေပြေ နေဖို့ လိုအပ်ကြောင်း ပြောကြားရင်း ဖိုဒန်နဲ့ ဂရီးလစ်တို့ကို သတိပေးသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ကျွန်တော်က ကွင်းတွင်း ၊ ကွင်းပြင် နေထိုင်မှုပုံစံကို အတော်လေး ဂရုစိုက်တဲ့လူပါ။ ဒါကြောင့် ကစားသမား တဦးက ကွင်းပြင်ပ နေထိုင်မှုတွေမှာသာ အချိုးမပြေရင် ကစားခွင့် ပေးမှာ မဟုတ်ပါဘူး။

ကစားသမားတွေက အချိန်ပြည့် ပွဲတွေနဲ့ ပတ်သတ်ပြီး အာရုံစူးစိုက်မှု အပြည့် ရှိရပါမယ်။ အခုလိုမျိုး ပွဲတော်တွေ များတဲ့ ခရစ္စမတ်လို ကာလမျိုးမှာ သူတို့တွေက ပွဲတွေအပေါ် ပိုပြီး အာရုံစိုက်ထားသင့်ပါတယ်” လို့ ပြောကြားခဲ့တာပါ။

မန်စီးတီး လူငယ်ကြယ်ပွင့် ဖိုဒန်နဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင် ဂရီးလစ်တို့ဟာ မန်ချက်စတာ စီးတီးအသင်း အတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူတွေ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ဝ-၄ မန်ချက်စတာ စီးတီး ပွဲစဉ်မှာတော့ အရန်ခုံမှာသာ ထိုင်နေခဲ့ရပါတယ်။

ZG

မန္စီးတီး ကြင္းလယ္လူ ႏွစ္ဦး ျဖစ္သူ ဖိုဒန္နဲ႔ ဂရီးလစ္တို႔ဟာ ၿပီးခဲ့တဲ့အပတ္မွာ ႏိုက္ကလပ္ တခုဆီ သြားေရာက္ကာ ညလုံးေပါက္နီးပါး ေပ်ာ္ပါးခဲ့ၾကတာေၾကာင့္ နည္းျပျဖစ္သူ ဂြာဒီယိုလာရဲ႕ ဆူပူ ႀကိမ္းေမာင္းျခင္းကို ခံေနရေၾကာင္း မန္ခ်က္စတာ ညေနခင္း သတင္းဌာနက ေဖာ္ျပသြားပါတယ္။

တယ္လီဂရပ္ဖ္ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဖိုဒန္နဲ႔ ဂရီးလစ္တို႔ဟာ မန္စီးတီး အသင္းက လိဒ္အသင္းကို ၇-၀ နဲ႔ ဂိုးျပတ္ႏိုင္ခဲ့တဲ့ေန႔မွာပဲ ႏိုက္ကလပ္ တခုဆီ သြားေရာက္ကာ ေပ်ာ္ပါးခဲ့ၾကတာ ျဖစ္ၿပီး ဂြာဒီယိုလာက သူတို႔ႏွစ္ဦးရဲ႕ အျပဳအမူ အတြက္ အေတာ္ေလး စိတ္ဆိုး ေဒါသထြက္ ေနေၾကာင္းလည္း သိရပါတယ္။

ဂြာဒီယိုလာကလည္း နယူးကာဆယ္နဲ႔ ပြဲစဥ္အၿပီးမွာ ကစားသမားေတြအေနနဲ႔ ပုံမွန္ ပြဲထြက္ခြင့္ ရခ်င္ရင္ ကြင္းတြင္း ေျခစြမ္းကို သာမက ကြင္းျပင္ပ ေနထိုင္မႈေတြမွာပါ အခ်ိဳးေျပေျပ ေနဖို႔ လိုအပ္ေၾကာင္း ေျပာၾကားရင္း ဖိုဒန္နဲ႔ ဂရီးလစ္တို႔ကို သတိေပးသြားခဲ့ပါတယ္။

ဂြာဒီယိုလာက – “ကြၽန္ေတာ္က ကြင္းတြင္း ၊ ကြင္းျပင္ ေနထိုင္မႈပုံစံကို အေတာ္ေလး ဂ႐ုစိုက္တဲ့လူပါ။ ဒါေၾကာင့္ ကစားသမား တဦးက ကြင္းျပင္ပ ေနထိုင္မႈေတြမွာသာ အခ်ိဳးမေျပရင္ ကစားခြင့္ ေပးမွာ မဟုတ္ပါဘူး။

ကစားသမားေတြက အခ်ိန္ျပည့္ ပြဲေတြနဲ႔ ပတ္သတ္ၿပီး အာ႐ုံစူးစိုက္မႈ အျပည့္ ရွိရပါမယ္။ အခုလိုမ်ိဳး ပြဲေတာ္ေတြ မ်ားတဲ့ ခရစၥမတ္လို ကာလမ်ိဳးမွာ သူတို႔ေတြက ပြဲေတြအေပၚ ပိုၿပီး အာ႐ုံစိုက္ထားသင့္ပါတယ္” လို႔ ေျပာၾကားခဲ့တာပါ။

မန္စီးတီး လူငယ္ၾကယ္ပြင့္ ဖိုဒန္နဲ႔ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ပိုင္ရွင္ ဂရီးလစ္တို႔ဟာ မန္ခ်က္စတာ စီးတီးအသင္း အတြက္ ေျခစြမ္းေကာင္းေတြ ျပသထားႏိုင္သူေတြ ျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ သီတင္းပတ္ အကုန္မွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ နယူးကာဆယ္ ၀-၄ မန္ခ်က္စတာ စီးတီး ပြဲစဥ္မွာေတာ့ အရန္ခုံမွာသာ ထိုင္ေနခဲ့ရပါတယ္။