ပြိုင်ပွဲကနေ ထွက်ရလို့ ယူအီးအက်ဖ်အေကို ပြန်တရားစွဲဖို့ လုပ်နေတဲ့ တော့တင်ဟမ် စပါး
ဒီရာသီ ယူရိုပါကွန်းဖရန့်စ် ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ တော့တင်ဟမ် စပါးအသင်းဟာ ယူအီးအက်ဖ်အေ ရဲ့ ဆုံးဖြတ်ချက် အပေါ် မကျေနပ်ပေါက်ကွဲနေပြီး ယူအီးအက်ဖ်အေကို တရားစွဲဆိုသွားဖို့ စဉ်းစားဆုံးဖြတ်နေပါတယ်။
တော့တင်ဟမ်အသင်းမှာ ကိုဗစ် ကပ်ဘေးဖြစ်နေလို့ ယခုလအစောပိုင်းက ရွှေ့ဆိုင်းလိုက်ရတဲ့ ရန်းနက်စ်နဲ့ ယူရိုပါ ကွန်းဖရန့်လိဂ် အုပ်စုနောက်ဆုံးပွဲကို စပါး အရှုံး အဖြစ် ယူအီးအက်ဖ်အေက ဆုံးဖြတ်လိုက်လို့ တော့တင်ဟမ် စပါး လည်း အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့က ရွှေ့ဆိုင်းလိုက်ရတဲ့ပွဲကို မိမိတို့ဘက်က အရှုံးပေးရမယ်ဆိုရင် မမျှတရာ ရောက်သွား လိမ့်မယ်လို့ စပါးအသင်း နည်းပြ ကွန်တီက ပြီးခဲ့တဲ့အပတ်အတွင်း ပြောထားပါသေးတယ်။

တနင်္လာနေ့က ယူအီးအက်ဖ်အေက ရန်းနက်စ်အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ပေးလိုက်ခြင်းအပေါ် စပါးအသင်းဘက်က ပေါက်ကွဲနေတာဖြစ်ပြီး ပြင်သစ်ကလပ်ကလည်း ပွဲကစားဖို့ လန်ဒန်ကို ရောက်နေချိန် အချိန်ကပ်ပြီးမှ ပွဲရွှေ့ဆိုင်း လိုက်ရခြင်းအပေါ် မပျော်မရွှင်ဖြစ်နေပါတယ်။
စပါး အသင်း အတွင်း ကိုဗစ်ဖြစ်ပွားသူအရေအတွက် များနေလို့ အစိုးရရဲ့လမ်းညွှန်ချက်တွေနဲ့အတူ ထိုပွဲကို ရွှေ့ဆိုင်းလိုက်ရတာဖြစ်ပြီး အသင်းကလည်း ထရိန်နင်စင်တာကို ပိတ်ထားခဲ့ရပါတယ်။
ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းတွေအရ ရွှေ့ဆိုင်းလိုက်ရတဲ့အဲဒီပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်ခင် မဖြစ်မနေ ပြန် ကစားရမှာဖြစ်ပြီး တော့တင်ဟမ်ကလည်း ပြိုင်ပွဲကနေ ထွက်ရမယ့်အနေအထားကြောင့် ပွဲပြန်ကစားနိုင်ဖို့ အဆင်ပြေမယ့် ရက်ကို ရှာဖွေနေခဲ့ပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ စပါးအသင်း တာဝန်ရှိသူတွေဟာ လီဗာပူးနဲ့ပွဲအပြီး ၂၄ နာရီအကြာ ပြီးခဲ့တဲ့တနင်္လာနေ့က ရန်းနက်စ်နဲ့ပွဲ ပြန်ကစားဖို့တောင် ကမ်းလှမ်းခဲ့ပြီး ရန်းနက်စ်နဲ့ပွဲ ပြန်ကစားနိုင်ဖို့ ကြာသပတေးနေ့က လက်စတာနဲ့ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုမှုကိုလည်း ပရီးမီးယားလိဂ်ဘက်က ငြင်းဆန်ခဲ့ကာ လက်စတာအသင်းမှာ ကိုဗစ်ဖြစ်သူများလို့သာ ပွဲကို အချိန်ကပ်မှ ရွှေ့ဆိုင်းလိုက်တာပါ။
စပါးဟာ အိမ်ကွင်းအားသာချက်မယူဘဲ အဲဒီပွဲကို ပြင်သစ်မှာပဲ ကစားဖို့အထိတောင် စီစဉ်ခဲ့ပေမယ့် ပွဲပြန်ကစားဖို့ နှစ်သင်းကြား အဆင်ပြေမယ့်ရက် ရှာမတွေ့ခဲ့ရာ ယူအီးအက်ဖ်အေက ရန်းနက်စ်ကို ၃-၀ ဂိုးနဲ့ အနိုင် ပေးလိုက်တာဖြစ်ပါတယ်။
စပါးအသင်းဟာ အဲဒီဆုံးဖြတ်ချက်အတွက် အယူခံ ဝင်လို့ မရပေမယ့် အားကစားဆိုင်ရာအထူးခုံရုံး (CAS)ထံ အယူခံဝင်သွားမှာဖြစ်ပါတယ်။

ZG
ဒီရာသီ ယူရိုပါကြန္းဖရန္႔စ္ ျပိဳင္ပြဲကေန ထြက္ခဲ့ရတဲ့ ေတာ့တင္ဟမ္ စပါးအသင္းဟာ ယူအီးအက္ဖ္ေအ ရဲ႕ ဆုံးျဖတ္ခ်က္ အေပၚ မေက်နပ္ေပါက္ကြဲေနျပီး ယူအီးအက္ဖ္ေအကို တရားစြဲဆိုသြားဖို႔ စဥ္းစားဆုံးျဖတ္ေနပါတယ္။
ေတာ့တင္ဟမ္အသင္းမွာ ကိုဗစ္ ကပ္ေဘးျဖစ္ေနလို႔ ယခုလအေစာပိုင္းက ေ႐ႊ႕ဆိုင္းလိုက္ရတဲ့ ရန္းနက္စ္နဲ႔ ယူ႐ိုပါ ကြန္းဖရန႔္လိဂ္ အုပ္စုေနာက္ဆုံးပြဲကို စပါး အရံႈး အျဖစ္ ယူအီးအက္ဖ္ေအက ဆုံးျဖတ္လိုက္လို႔ ေတာ့တင္ဟမ္ စပါး လည္း အုပ္စုအဆင့္ကေန ထြက္ခဲ့ရပါတယ္။
ဒီဇင္ဘာလ ၉ ရက္ေန႔က ေ႐ႊ႕ဆိုင္းလိုက္ရတဲ့ပြဲကို မိမိတို႔ဘက္က အရႈံးေပးရမယ္ဆိုရင္ မမွ်တရာေရာက္သြားလိမ့္မယ္လို႔ စပါးအသင္း နည္းျပ ကြန္တီက ၿပီးခဲ့တဲ့အပတ္အတြင္း ေျပာထားပါေသးတယ္။
တနလၤာေန႔က ယူအီးအက္ဖ္ေအက ရန္းနက္စ္အသင္းကို ၃-၀ ဂိုးနဲ႔ အႏိုင္ေပးလိုက္ျခင္းအေပၚ စပါးအသင္းဘက္က ေပါက္ကြဲေနတာျဖစ္ၿပီး ျပင္သစ္ကလပ္ကလည္း ပြဲကစားဖို႔ လန္ဒန္ကို ေရာက္ေနခ်ိန္ အခ်ိန္ကပ္ၿပီးမွ ပြဲေ႐ႊ႕ဆိုင္း လိုက္ရျခင္းအေပၚ မေပ်ာ္မ႐ႊင္ျဖစ္ေနပါတယ္။
စပါး အသင္း အတြင္း ကိုဗစ္ျဖစ္ပြားသူအေရအတြက္ မ်ားေနလို႔ အစိုးရရဲ႕လမ္းၫႊန္ခ်က္ေတြနဲ႔အတူ ထိုပြဲကို ေ႐ႊ႕ဆိုင္းလိုက္ရတာျဖစ္ၿပီး အသင္းကလည္း ထရိန္နင္စင္တာကို ပိတ္ထားခဲ့ရပါတယ္။
ယူအီးအက္ဖ္ေအရဲ႕စည္းမ်ဥ္းေတြအရ ေ႐ႊ႕ဆိုင္းလိုက္ရတဲ့အဲဒီပြဲကို ဒီဇင္ဘာလ ၃၁ ရက္ေန႔မတိုင္ခင္ မျဖစ္မေန ျပန္ ကစားရမွာျဖစ္ၿပီး ေတာ့တင္ဟမ္ကလည္း ၿပိဳင္ပြဲကေန ထြက္ရမယ့္အေနအထားေၾကာင့္ ပြဲျပန္ကစားႏိုင္ဖို႔ အဆင္ေျပမယ့္ ရက္ကို ရွာေဖြေနခဲ့ပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ စပါးအသင္း တာဝန္ရွိသူေတြဟာ လီဗာပူးနဲ႔ပြဲအၿပီး ၂၄ နာရီအၾကာ ၿပီးခဲ့တဲ့တနလၤာေန႔က ရန္းနက္စ္နဲ႔ပြဲ ျပန္ကစားဖို႔ေတာင္ ကမ္းလွမ္းခဲ့ၿပီး ရန္းနက္စ္နဲ႔ပြဲ ျပန္ကစားႏိုင္ဖို႔ ၾကာသပေတးေန႔က လက္စတာနဲ႔ပြဲကို ေ႐ႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုမႈကိုလည္း ပရီးမီးယားလိဂ္ဘက္က ျငင္းဆန္ခဲ့ကာ လက္စတာအသင္းမွာ ကိုဗစ္ျဖစ္သူမ်ားလို႔သာ ပြဲကို အခ်ိန္ကပ္မွ ေ႐ႊ႕ဆိုင္းလိုက္တာပါ။
စပါးဟာ အိမ္ကြင္းအားသာခ်က္မယူဘဲ အဲဒီပြဲကို ျပင္သစ္မွာပဲ ကစားဖို႔အထိေတာင္ စီစဥ္ခဲ့ေပမယ့္ ပြဲျပန္ကစားဖို႔ ႏွစ္သင္းၾကား အဆင္ေျပမယ့္ရက္ ရွာမေတြ႕ခဲ့ရာ ယူအီးအက္ဖ္ေအက ရန္းနက္စ္ကို ၃-၀ ဂိုးနဲ႔ အႏိုင္ ေပးလိုက္တာျဖစ္ပါတယ္။
စပါးအသင္းဟာ အဲဒီဆုံးျဖတ္ခ်က္အတြက္ အယူခံ ဝင္လို႔ မရေပမယ့္ အားကစားဆိုင္ရာအထူးခုံ႐ုံး (CAS)ထံ အယူခံဝင္သြားမွာျဖစ္ပါတယ္။