လူငယ်တွေ ခေါ်ထားတဲ့ ထရိန်နင်၊ သီယေဂို၊ ကန်တေ၊ ရူဒီဂါ၊ မန်ကွင်ဟိုစ်နဲ့ ယနေ့ညပိုင်း ချဲလ်ဆီး သတင်းများ
ချဲလ်ဆီးနည်းပြ တူချယ်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီနောက်ခံ့လူ မာကွင်ဟို့စ်ကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ချဲလ်ဆီးဟာ မာကွင်ဟို့စ်အတွက် ယူရို ၈၅သန်းအထိ ပေးပြီး ကမ်းလှမ်းခဲ့ပေမဲ့ နောက်ဆုံးမှာ ပီအက်စ်ဂျီက မရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။
ချဲလ်ဆီးနောက်ခံလူ ရူဒီဂါက သူတို့အနေနဲ့ ရလဒ်ဆိုးတွေကြားကနေ ရုန်းထွက်ချင်ရင် တိုက်စစ်ပိုင်းက ဒီထက်ပိုပြီး စွန့်စားဖို့ လိုအပ်ကြောင်း၊ လက်ရှိ ရလဒ်ပိုင်းတွေနဲ့ ပတ်သက်ပြီး မိမိတို့ အနေနဲ့ လုံးဝပျော်ရွှင်ခြင်း မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်က ဝုဗ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကွင်းလယ်လူကန်တီနဲ့ ပတ်သက်ပြီး ဆေးအဖွဲ့ရဲ့ အကြံပြုချက်ကို ငြင်းဆန်ခဲ့ကြောင်း၊ ကန်တီကို ၄၅ မိနစ်သာ အသုံးပြုဖို့ ဆေးအဖွဲ့က ဆိုခဲ့ပေမဲ့ ကိုဗစ်ကြောင့် ကစားသမားတွေ အများအပြား မပါဝင်နိုင်လို့ ရွေးချယ်စရာမ ရှိခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

လီဗာပူးနောက်ခံလူ ကာရေဂါက ချဲလ်ဆီးအနေနဲ့ မန်စီးတီးနဲ့ ၆ မှတ်အထိ ကွာဟသွားတဲ့ အနေအထားမှာ ချန်ပီယံဆု အတွက် ပြန်လာနိုင်ဖို့ ခဲယဉ်းမယ်လို့ သုံးသပ်လိုက်ပြီး ဒီပုံစံအတိုင်းဆိုရင် ချန်ပီယံဆုကို မန်စီးတီးကပဲ ထပ်မံ ရရှိသွားဖွယ် ရှိတယ်လို့ ဆိုလိုက်ပါတယ်။
ချဲလ်ဆီး တောင်ပံကစားသမားဟောင်း ဝီလီယံက သူ့အနေနဲ့ လက်ရှိချဲလ်ဆီးအသင်းမှာ နောက်ခံလူ ရီစီဂျိမ်းစ်ကို အကြိုက်ဆုံး ဖြစ်ကြောင်း၊ ရီစီဂျိမ်းစ်ဟာ လာမဲ့နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူတွေထဲက တစ်ဦး ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပြု ချီးကျူးခဲ့ပါတယ်။
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဂျီးနပ်စ်က ဝုဖ်ကို ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ချဲလ်ဆီးနောက်ခံလူ သီယာဂို ဆေးလ်ဗား ကို ချီးကျူးခဲ့ပါတယ်။ ဆေးလ်ဗား တိုက်စစ်ကို ဘောလုံးလမ်းကြောင်းခင်းပေးရာမှာ ကောင်းမွန်မှုရှိပြီး ဆေးလ်ဗား ရဲ့ စွမ်းဆောင်ရည်က ထိပ်တန်းအဆင့် ဖြစ်ခဲ့ကြောင်း ၎င်းက ဆိုပါတယ်။

ချဲလ်ဆီး နောက်ခံလူ ရူဒီဂါက သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိဖို့အတွက် ကွင်းလယ်အတွဲ ဖြစ်တဲ့ ကန်တီနဲ့ ကိုဗာဆစ်တို့က အရေးပါကြောင်း၊ သူတို့နှစ်ယောက်ကို အသင်းအနေနဲ့ လိုအပ်ချက်ရှိကြောင်း ထုတ်ဖော် ခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ ကြားရက်မှာ ယှဉ်ပြိုင်ကစားမဲ့ ဘရန်ဖို့ဒ်နဲ့ ကာရာဘောင်ပွဲစဉ်အတွက် ချဲလ်ဆီးအကယ်ဒမီ ကစားသမား ၈ ဦးခန့်ကို ထည့်သွင်းလေ့ကျင့်လျက်ရှိနေကြောင်း သိရပါတယ်။ ချဲလ်ဆီးအနေနဲ့ လက်ရှိမှာကိုဗစ်ကူးစက်မှုဒဏ်ကို ခံနေရပြီး ကာရာဘောင်ဖလားမှာ လူငယ်တွေကို ဦးစားပေးအသုံးပြုသွားဖွယ် ရှိနေပါတယ်။