ပေါ့ဘာဘက်က အီဗရာ၊ ကွင်းလယ်ပစ်မှတ်၊ နဗီးလ် သတိပေးမှုနဲ့ ယနေ့ည မန်ယူ သတင်းများ
မန်ယူ ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ဒီရာသီ မန်ယူအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကွန်တီရဲ့ စပါးကို သတိထားရမှာဖြစ်ကြောင်း၊ စပါးဟာ ကွန်တီလက်အောက်မှာ တဖြည်းဖြည်း ပုံစံကောင်းပြလာပြီးနောက် ၄၊ ၅ လလောက်ဆိုရင် တော်တော်လေး ကောင်းမွန်လာမှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဝမ်ဘစ်ဆာကာဟာ ယာဉ်မောင်းခွင့် ၆ လ အပိတ်ခံရပြီး ဒဏ်ကြေးငွေ ၃ သောင်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ဝမ်ဘစ်ဆာကာ ဟာ အခုနှစ်အစောပိုင်းက သတ်မှတ် အရှိန် ထက် ကျော်ပြီး မောင်းနှင်းနေလို့ ရဲတပ်ဖွဲ့ရဲ့စစ်ဆေးခြင်းကို ခံခဲ့ရတာပါ။
မန်ယူကစားသမားဟောင်း အီဗရာက မန်ယူပရိသတ်တွေအနေနဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာကို ဒီထက်ပိုပြီး အားပေးဖို့ လိုအပ်ကြောင်း၊ ကစားသမားဟောင်းတချို့က ပေါ့ဂ်ဘာကို အလွန် တိုက်ခိုက်လွန်းရာ ကျကြောင်း၊ ပေါ့ဂ်ဘာအနေနဲ့ ပြင်သစ်မှာ ခြေစွမ်းပြပြီး မန်ယူမှာခြေစွမ်းမပြတဲ့အပေါ် လူတချို့က နားမလည်နိုင်ကြကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ မန်ယူဝါရင့်တောင်ပံကစားသမား မာတာကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။ ဘာစီလိုနာဟာ မာတာကို ပြီးခဲ့တဲ့နွေကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ မာတာကမန်ယူနဲ့ တစ်နှစ်သက်တမ်းတိုးခဲ့တာပါ။ ဘာစီအနေနဲ့ မာတာကို လာမဲ့နှစ်မှာ အလွတ်နဲ့ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဗဟိုကွင်းလယ်လူ နေရာကို အားဖြည့်သွားဖို့ ရှိနေပါတယ်။ မန်ယူနည်းပြ ရန်နစ်က လိုက်ပ်ဇစ်နည်းပြဟောင်း ဟိုင်ဒါရာကို ခေါ်ယူဖို့ အလိုရှိနေတာဖြစ်ပါတယ်။
ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်ဖို့ ရေပန်းစားတဲ့အသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံး နေရာမှာသာ ရှိနေပါတယ်း မန်ယူအနေနဲ့ တိုက်စစ်မှူးဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းမှာဖြစ်ပေမဲ့ ပီအက်စ်ဂျီ၊ ဘိုင်ယန်၊ ရီးရဲ၊ ဘာစီလိုနာနဲ့ ချဲလ်ဆီးတို့ကို ကျော်ပြီး ခေါ်နိုင်ဖို့ မလွယ်ကူဘူး ဖြစ်နေတာပါ။

မန်ချက်စတာယူနိုက်တက်အနေနဲ့ မာဆေးကွင်းလယ်လူ ကာမာရာကို ခေါ်ယူဖို့ ဆွေးနွေးလျက်ရှိနေပါတယ်။ အသက်၂၂ နှစ် အရွယ် ကစားသမားအနေနဲ့ ဇန်နဝါရီမှာ မန်ယူကိုပြောင်းရွှေ့ဖို့အကြိုသဘောတူညီမှု ရယူနိုင်ဖွယ် ရှိနေကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အနေနဲ့ ရေးဗားပလိတ်တိုက်စစ်မူှး အယ်ဗာရက်ဇ်ကို ခေါ်ယူဖို့ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ ၄၆ ပွဲကစားထားရာ ၂၄ဂိုး သွင်းယူပြီးခြေစွမ်းကောင်းတွေ ပြသထားတာပါ။ သူ့ကို ဘိုင်ယန်၊ အက်သလက်တို့ကလည်း စိတ်ဝင်စားနေပြီး မန်ယူက လက်ဦးမှု ရယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။