ဟာလန်းနဲ့ ရီးရဲလ်မက်ဒရစ် သတင်း အတည်ပြုသွားတဲ့ ဒေါ့မွန်အသင်း အကြီးအကဲ မိုက်ကယ်ဇော့

ဒေါ့မွန်အသင်း ကတော့ စပိန်လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဟာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း တရားဝင် အတည်ပြုသွားခဲ့ပါတယ်။ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းကို စွန့်ခွာဖို့ အလားအလာ များနေသူပါ။

ဒေါ့မွန်အသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေနဲ့ ပတ်သတ်ရင် တာဝန်အရှိဆုံး အကြီးအကဲ ဖြစ်သူ မိုက်ကယ်ဇော့ ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပေမယ့် ရီးရဲလ်မက်ဒရစ်က ဟာလန်းကို ခေါ်ယူဖို့ အကြိုးစားဆုံး အသင်းတသင်း ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မိုက်ကယ်ဇော့က – “ကျွန်တော် သိထားရသလောက် ရီးရဲလ်မက်ဒရစ်က ဟာလန်းကို ခေါ်ယူဖို့ အရမ်းကို စိတ်ဝင်စားနေပါတယ်။ ကျွန်တော်က ဟာလန်းကို စိတ်ဝင်စားနေတဲ့ တခြားအသင်း ၂၅သင်းလောက်ရဲ့ နာမည် ကိုလည်း ရွတ်ပြနိုင်ပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ် ကတော့ ဟာလန်းကို ခေါ်ဖို့ အကြိုးစားဆုံး အသင်းပါ။ ပြီးတော့ ဟာလန်းက စပိန်နိုင်ငံရဲ့ ကစားပုံနဲ့ ပိုပြီး သင့်တော်မယ်လို့ ထင်ပါတယ်။ အင်္ဂလန်ရဲ့ ဘောလုံးကစားပုံက တမျိုး တဘာသာ ကွဲပြားပါတယ်” လို့ ဖွင့်ဟ ပြောပြခဲ့တာပါ။

ဒေါ့မွန်ဘက်က သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟာလန်းကို လက်မလွှတ်လိုပေမယ့် ဟာလန်းကို ခေါ်ယူစဉ်က စာချုပ်မှာ ထည့်သွင်းထားတဲ့ အချက်အလက်တွေအရ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဟာလန်းကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၇ဝ ကျော် ပေးချေရုံနဲ့ ခေါ်ယူနိုင်မှာပါ။

ဒါကြောင့် ဒေါ့မွန်အသင်းအနေနဲ့ ဟာလန်းကို အသင်းမှာ ဆက်ထိန်းထားဖို့ မလွယ်ကူပဲ လက်ရှိမှာတော့ ဟာလန်းကို ခေါ်ယူဖို့ အတွက် ဥရောပ ထိပ်သီးအသင်းကြီးတွေ အားလုံးက စိတ်ဝင်စားနေကြသလို ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာထံ ချဉ်းကပ်မှုတွေလည်း ပြုလုပ်ထားကြပါတယ်။

ZG

ေဒါ့မြန္အသင္း ကေတာ့ စပိန္လာလီဂါ ကလပ္ ရီးရဲလ္မက္ဒရစ္ဟာ သူတို႔အသင္းရဲ႕ အဓိက တိုက္စစ္မႉး အာလင္း ဟာလန္းကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း တရားဝင္ အတည္ျပဳသြားခဲ့ပါတယ္။ အသက္ ၂၁ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ေနာ္ေဝ လက္ေ႐ြးစင္ တိုက္စစ္မႉး အာလင္း ဟာလန္းဟာ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ေဒါ့မြန္အသင္းကို စြန္႔ခြာဖို႔ အလားအလာ မ်ားေနသူပါ။

ေဒါ့မြန္အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ ကိစၥရပ္ေတြနဲ႔ ပတ္သတ္ရင္ တာဝန္အရွိဆုံး အႀကီးအကဲ ျဖစ္သူ မိုက္ကယ္ေဇာ့ ကေတာ့ သူတို႔အသင္းရဲ႕ ၾကယ္ပြင့္ ဟာလန္းကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းေတြ အမ်ားအျပား ရွိေနေပမယ့္ ရီးရဲလ္မက္ဒရစ္က ဟာလန္းကို ေခၚယူဖို႔ အႀကိဳးစားဆုံး အသင္းတသင္း ျဖစ္ေၾကာင္း ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ပါတယ္။

မိုက္ကယ္ေဇာ့က – “ကြၽန္ေတာ္ သိထားရသေလာက္ ရီးရဲလ္မက္ဒရစ္က ဟာလန္းကို ေခၚယူဖို႔ အရမ္းကို စိတ္ဝင္စားေနပါတယ္။ ကြၽန္ေတာ္က ဟာလန္းကို စိတ္ဝင္စားေနတဲ့ တျခားအသင္း ၂၅သင္းေလာက္ရဲ႕ နာမည္ ကိုလည္း ႐ြတ္ျပႏိုင္ပါတယ္။

ဒါေပမယ့္ ရီးရဲလ္မက္ဒရစ္ ကေတာ့ ဟာလန္းကို ေခၚဖို႔ အႀကိဳးစားဆုံး အသင္းပါ။ ၿပီးေတာ့ ဟာလန္းက စပိန္ႏိုင္ငံရဲ႕ ကစားပုံနဲ႔ ပိုၿပီး သင့္ေတာ္မယ္လို႔ ထင္ပါတယ္။ အဂၤလန္ရဲ႕ ေဘာလုံးကစားပုံက တမ်ိဳး တဘာသာ ကြဲျပားပါတယ္” လို႔ ဖြင့္ဟ ေျပာျပခဲ့တာပါ။

ေဒါ့မြန္ဘက္က သူတို႔ရဲ႕ အဓိက တိုက္စစ္မႉး ျဖစ္သူ ဟာလန္းကို လက္မလႊတ္လိုေပမယ့္ ဟာလန္းကို ေခၚယူစဥ္က စာခ်ဳပ္မွာ ထည့္သြင္းထားတဲ့ အခ်က္အလက္ေတြအရ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ဟာလန္းကို ေခၚယူခ်င္တဲ့ အသင္းေတြဟာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ို သန္း ၇ဝ ေက်ာ္ ေပးေခ်႐ုံနဲ႔ ေခၚယူႏိုင္မွာပါ။

ဒါေၾကာင့္ ေဒါ့မြန္အသင္းအေနနဲ႔ ဟာလန္းကို အသင္းမွာ ဆက္ထိန္းထားဖို႔ မလြယ္ကူပဲ လက္ရွိမွာေတာ့ ဟာလန္းကို ေခၚယူဖို႔ အတြက္ ဥေရာပ ထိပ္သီးအသင္းႀကီးေတြ အားလုံးက စိတ္ဝင္စားေနၾကသလို ဟာလန္းရဲ႕ ေအးဂ်င့္ျဖစ္သူ ႐ိုင္းအိုလာထံ ခ်ဥ္းကပ္မႈေတြလည္း ျပဳလုပ္ထားၾကပါတယ္။