ဟက်ထရစ်ရှင် အန်ကီတက်ချ်၊ ဟာလန်းကို ချိတ်တဲ့ လီဗာပူး၊ လူငယ်တွေ ထုတ်သုံးမယ့် တူချယ်နဲ့ နံနက်ခင်း သတင်းများ

လီဗာပူးဟာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းအတွက် အတည်ကြိုးပမ်းသွားဖို့ ရှိနေပြီး နံပါတ် ၉ တိုက်စစ်သမား တစ်ယောက် ရှာဖွေ နေတဲ့ အန်ဖီးကလပ်ဟာ ဟာလန်းအတွက် ပေးချေရမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခအတွက် အဆင်သင့် ဖြစ်နေပါတယ်။

အက်ဇ်ပီလီကွီတာက ဘာစီလိုနာထံကနေ စိတ်ဝင်စားမှုရနေပေမယ့် ချဲလ်ဆီးမှာ သူ့နေရာ၊ သူ့အနာဂတ်အတွက် ဆက်လက် တိုက်ပွဲဝင်လိုနေပြီး သက်တမ်းရှည် စာချုပ်သစ်တစ်ခု ရရှိဖို့ မျှော်လင့်နေဆဲပါ။

အာဆင်နယ်နည်းပြ အာတီတာက ဆန်းဒါးလန်းနဲ့ပွဲမှာ ဟက်ထရစ်သွင်းခဲ့တဲ့ လူငယ် တိုက်စစ်မူှူး အန်ကီတက်ချ်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားပါတယ်။ ဒီပွဲက အန်ကီတက်ချ် ခြေစွမ်းက လေ့ကျင့်ရေးကွင်းက ကြိုးပမ်း အားထုတ်မှုတွေဖြစ်ကြောင်း၊ အန်ကီတက်ချ်အနေနဲ့ ဒီထက်ပိုပြီး ပွဲကစားခွင့်ရလိုနေကြောင်း အာတီတာက ဆိုပါတယ်။

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက သူ့ရဲ့ ပီအက်စ်ဂျီနည်းပြဘ၀ ပထမဆုံးနှစ်ဖြတ်သန်းမှုအတွက် ကျေနပ်မိကြောင်း၊ လာမဲ့နှစ်မှာ သူတို့အသင်းအနေနဲ့ ဒီထက်ပိုပြီး တိုးတက်လာမှာဖြစ်ကြောင်း၊ လိုချင်တဲ့အောင်မြင်မှုတစ်ချို့ ရယူပြီးဖြစ်ပေမဲ့ လာမဲ့နှစ်မှ အကောင်းဆုံးအရာတွေဖြစ်လာမယ်လို့ ခံစားမိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ပွဲ ရလဒ်တွေ ဆိုးရွားနေခြင်းကြောင့် မာဆယ်လို ဘီအယ်ဆာဟာ နောက်ရာသီမှာ လိဒ်စ် ယူနိုက်တက်မှာ ဆက်ရှိနေနိုင်မှာ မဟုတ်ဘဲ နယူးရီးယား ကာလအတွင်း ထုတ်ပယ်ခံရနိုင်ဖွယ် ရှိနေပါတယ်။

ပီအက်စ်ဂျီဟာ မာကွင်ဟိုအတွက် စာချုပ်သစ် ကမ်းလှမ်းမှုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီး စာချုပ်သက်တမ်းက ၂၀၂၆ ဇွန် အထိလား ဒါမှမဟုတ် ၂၀၂၇ ဇွန်အထိလားဆိုတာပဲ ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။ ၎င်းကို ချဲလ်ဆီးနည်းပြ တူချယ်က အလိုရှိနေခဲ့တာပါ။

စီရော်နယ်ဒိုကတော့ မန်ယူအသင်း ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်တိုက်စစ်မူှး ဟာလန်းနဲ့ပတ်သက်ပြီး မျိုးဆက်သစ်လူငယ် ကစားသမားတွေကို မြင်ရတာ စိတ်လှုပ်ရှားစရာကောင်းကြောင်း၊ ကစားသမားတချို့ဟာ တစ်ရာသီ၊ နှစ်ရာသီ လောက်သာ ထတောက်ခဲ့ကြောင်း၊ အောင်မြင်မှုကို ထိန်းထားနိုင်ဖို့ဆိုတာ အလွန်ကြိုးပမ်းရကြောင်း ချီးကျူးခဲ့ပါတယ်။

စပါးဟာ အသင်းမှာ စွမ်းဆောင်ရည် ကျဆင်းနေတဲ့ ဒယ်လီအလီအတွက် ကမ်းလှမ်းမှုတွေကို ဇန်နဝါရီမှာ လက်ခံ စဉ်းစားသွားမှာဖြစ်ပြီး နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့က အင်္ဂလန်ကွင်းလယ်လူကို စိတ်ဝင်စားနေပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်အနေနဲ့ ကိုဗစ် ရိုက်ခတ်မှုကြောင့် ဘရန်ဖို့ဒ်နဲ့ ယှဉ်ပြိုင်မဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ အကယ်ဒမီက ကစားသမား အများအပြားကို လူစာရင်းထဲမှာ ထည့်သွားဖွယ် ရှိနေပါတယ်။ ထိုပွဲမှာ ဟာဗေးလ်ဗယ်၊ အမ်ဘူယမ်ဘာ၊ လီဝစ်ဟေးတို့ကို ကစားသမားတွေကို ပရိသတ်တွေအနေနဲ့ မြင်တွေ့ရဖွယ် ရှိနေတာပါ။

ဖီအိုရင်တီးနားဟာ နွေရာသီတုန်းက အာဆင်နယ်ကနေ လူးကပ် တော်ရဲရားကို အငှားခေါ်ယူခဲ့ပြီး ပေါင် ၁၃ သန်းနဲ့ ဝယ်ယူခွင့် ပါဝင်သလို ၎င်းကို အပြီးသတ် ဝယ်ယူလိုက်ဖို့ စီစဉ်နေပါတယ်။