စိတ်ဆိုးလာရင် ဒိုင်ရှေ့လည်း မရှောင်ဘဲ မျက်ခွက်ကို ဘောလုံးနဲ့ ကောက်ထုတဲ့ ဆီဗီနောက်ခံလူ ကွန်ဒေး
ဆီဗီလာနဲ့ ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂါနေ့ည ပွဲစဉ်ဟာ ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ မရှိခဲ့ဘဲ ကတ်တလန်အသင်းကြီးဟာ ပွဲအပြီးမှာတော့ ၁ ယောက်လျော့နေတဲ့အသင်းဆီက သရေ ၁ မှတ်သာ ရယူနိုင်ခဲ့ပါတယ်။
ဆီဗီလာနောက်ခံကစားသမား ကွန်ဒေး အတွက်တော့ အင်္ဂါနေ့ညက ဘာစီလိုနာနဲ့ပွဲစဉ်မှာ မေ့ပစ်ချင်စရာ အိပ်မက်ဆိုး ဖြစ်ခဲ့ပြီး ဂျော်ဒီ အယ်လ်ဘာရဲ့ မျက်နှာကို ဘောလုံးနဲ့ ပစ်ခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံ ခဲ့ရတာဖြစ်ပါတယ်။
ဆီဗီလာအသင်းဟာ ပထမပိုင်း ၃၂ မိနစ်မှာ ရာကီတစ်ရဲ့ ထောင့်ကန်ဘောကနေတဆင့် အလက်ဇန်ဒရို ဂိုးမက်ဇ် ကန်သွင်းခဲ့တဲ့ ဂိုးကြောင့် ဦးဆောင်ဂိုး စတင်ရရှိခဲ့တာပါ။ အဲဒီနောက် ဘာစီလိုနာအသင်းအတွက် ပထမပိုင်း မပြီးဆုံးခင်မှာ ဒမ်ဘီလီရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ရော်နယ် အာရာအူဟိုက ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့တာဖြစ်ပါတယ်။

ဆီဗီလာအသင်းအတွက် ကံဆိုးမိုးမှောင်ကျမှုက ၆၃ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကွန်ဒေးဟာ ကွင်းဘေးစည်းနားမှာ ရှိနေတဲ့ အယ်လ်ဘာ၊ ဂါဗီတို့နဲ့ ဘောလုံးကို လက်ပစ်ဘောပေးဖို့အတွက် လုနေခဲ့ကြတာပါ။ အဲဒီအချိန်မှာပဲ ဘာစီလိုနာနောက်ခံလူက ဆီဗီလာနောက်ခံကစားသမားကို ဒေါသထွက်စေမယ့် နောက်ကနေ တွန်းထိုးမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဂျူလပ်စ် ကွန်ဒေးဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အရ လက်ပစ်ဘော မြှောက်ခွင့် ရရှိခဲ့ပေမယ့်လည်း အယ်လ်ဘာရဲ့ မျက်နှာကို ဘောလုံးနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ဘာစီလိုနာ နောက်ခံကစားသမားဟာ မြေကြီးပေါ်ကို ချက်ချင်းပဲ လဲကျသွားခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ဟာ ဒိုင်လူကြီးရော စည်းကြပ်ဒိုင်ကပါ တိုက်ရိုက်မြင်ရတဲ့ ဖြစ်စဉ်ဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က အချိန်ဆွဲ မနေတော့ဘဲ အနီကတ်ထုတ်ပြခဲ့တာဖြစ်ပြီး ဆီဗီလာအသင်းဟာ ဒုတိယပိုင်း လက်ကျန် ပွဲကစားချိန် မိနစ် ၃၀ လောက် ကို ၁ ယောက်လျော့နဲ့ ကစားပြီး သရေ ၁ မှတ်ရရှိခဲ့တာ ကံကောင်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဆီဗီလာ အသင်း အနေနဲ့တော့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ၃ မှတ်အကွာကို တက်လှမ်းနိုင် စေမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ZG
ဆီဗီလာနဲ႔ ဘာစီလိုနာအသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အဂၤါေန႔ည ပြဲစဥ္ဟာ ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနမွာ မရွိခဲ့ဘဲ ကတ္တလန္အသင္းႀကီးဟာ ပြဲအၿပီးမွာေတာ့ ၁ ေယာက္ေလ်ာ့ေနတဲ့အသင္းဆီက သေရ ၁ မွတ္သာ ရယူႏိုင္ခဲ့ပါတယ္။
ဆီဗီလာေနာက္ခံကစားသမား ကြန္ေဒး အတြက္ေတာ့ အဂၤါေန႔ညက ဘာစီလိုနာနဲ႔ပြဲစဥ္မွာ ေမ့ပစ္ခ်င္စရာ အိပ္မက္ဆိုး ျဖစ္ခဲ့ၿပီး ေဂ်ာ္ဒီ အယ္လ္ဘာရဲ႕ မ်က္ႏွာကို ေဘာလုံးနဲ႔ ပစ္ခဲ့တဲ့အတြက္ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံ ခဲ့ရတာျဖစ္ပါတယ္။
ဆီဗီလာအသင္းဟာ ပထမပိုင္း ၃၂ မိနစ္မွာ ရာကီတစ္ရဲ႕ ေထာင့္ကန္ေဘာကေနတဆင့္ အလက္ဇန္ဒ႐ို ဂိုးမက္ဇ္ ကန္သြင္းခဲ့တဲ့ ဂိုးေၾကာင့္ ဦးေဆာင္ဂိုး စတင္ရရွိခဲ့တာပါ။ အဲဒီေနာက္ ဘာစီလိုနာအသင္းအတြက္ ပထမပိုင္း မၿပီးဆုံးခင္မွာ ဒမ္ဘီလီရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ေရာ္နယ္ အာရာအူဟိုက ေခ်ပဂိုး ျပန္လည္ သြင္းယူ ေပးခဲ့တာျဖစ္ပါတယ္။
ဆီဗီလာအသင္းအတြက္ ကံဆိုးမိုးေမွာင္က်မႈက ၆၃ မိနစ္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ကြန္ေဒးဟာ ကြင္းေဘးစည္းနားမွာ ရွိေနတဲ့ အယ္လ္ဘာ၊ ဂါဗီတို႔နဲ႔ ေဘာလုံးကို လက္ပစ္ေဘာေပးဖို႔အတြက္ လုေနခဲ့ၾကတာပါ။ အဲဒီအခ်ိန္မွာပဲ ဘာစီလိုနာေနာက္ခံလူက ဆီဗီလာေနာက္ခံကစားသမားကို ေဒါသထြက္ေစမယ့္ ေနာက္ကေန တြန္းထိုးမႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
ဂ်ဴလပ္စ္ ကြန္ေဒးဟာ ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္အရ လက္ပစ္ေဘာ ေျမႇာက္ခြင့္ ရရွိခဲ့ေပမယ့္လည္း အယ္လ္ဘာရဲ႕ မ်က္ႏွာကို ေဘာလုံးနဲ႔ ပစ္ေပါက္ခဲ့တာေၾကာင့္ ဘာစီလိုနာ ေနာက္ခံကစားသမားဟာ ေျမႀကီးေပၚကို ခ်က္ခ်င္းပဲ လဲက်သြားခဲ့တာျဖစ္ပါတယ္။
အဲဒီျဖစ္စဥ္ဟာ ဒိုင္လူႀကီးေရာ စည္းၾကပ္ဒိုင္ကပါ တိုက္႐ိုက္ျမင္ရတဲ့ ျဖစ္စဥ္ျဖစ္ခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က အခ်ိန္ဆြဲ မေနေတာ့ဘဲ အနီကတ္ထုတ္ျပခဲ့တာျဖစ္္ၿပီး ဆီဗီလာအသင္းဟာ ဒုတိယပိုင္း လက္က်န္ ပြဲကစားခ်ိန္ မိနစ္ ၃၀ ေလာက္ ကို ၁ ေယာက္ေလ်ာ့နဲ႔ ကစားၿပီး သေရ ၁ မွတ္ရရွိခဲ့တာ ကံေကာင္းခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။
ဆီဗီလာ အသင္း အေနနဲ႕ေတာ့ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ၃ မွတ္အကြာကို တက္လွမ္းႏိုင္ ေစမယ့္ အခြင့္အေရးကို ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။