ပါတီနို၊ မာတင်နယ်လီ၊ ဆာကာတို့အတွက် ချီးကျူးသံများ၊ အူဘာကို ခေါ်ချင်တဲ့ ဘာစီနဲ့ ယနေ့ အာဆင်နယ် သတင်းများ

အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်က လူငယ်တိုက်စစ်မှူး မာတင်နယ်လီအနေနဲ့ လတ်တလော စွမ်းဆောင်ရည် ကောင်းတွေ ပြသနေတာနဲ့ ပတ်သက်ပြီး မအံ့သြမိကြောင်း၊ ဂါဘရီရယ်ဟာ လေ့ကျင့်ရေးကွင်းမှာ အလွန် ကြိုးစားသူ ဖြစ်ကြောင်း၊ သူက အရည်အသွေးမြင့်မားတဲ့ ကစားသမားဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက ဆန်းဒါးလန်းနဲ့ပွဲမှာ လူငယ်ကြယ်ပွင့် ပါတီနိုအနေနဲ့ ဂိုးသွင်းတာကို မြင်ရတာ အလွန်လှပတဲ့ အခိုက်အတန့်ဖြစ်ကြောင်း၊ ပါတီနိုဟာ အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ချစ်ဖွယ် ကစားသမားဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

တိုက်စစ်မှုးဟောင်း ပီတာ ခရော့ချ်က အာဆင်နယ်မှာ လူငယ်ကြယ်ပွင့် ဆာကာက ခြေစွမ်း အတည်ငြိမ်ဆုံး သူ ဖြစ်တယ်လို့ ချီးကျူးလိုက်ပြီး ဆာကာဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ခြေစွမ်းပြခဲ့သလို လိဒ်စ်နဲ့ပွဲမှာ ပိုကောင်းခဲ့ကြောင်း၊ အာဆင်နယ်အနေနဲ့ အမြင့်ပျံနေရာမှာ ဆာကာကြောင့်လည်း ပါဝင်ကြောင်း ပြောဆိုခဲ့ပါတယ်။

စကိုင်းစပေါ့ က ရွေးချယ်သတ်မှတ်တဲ့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခေါ်ယူမှုစာရင်းထဲမှာ အာဆင်နယ်က ဂိုးသမားရမ်ဒေးလ်နဲ့ နောက်ခံလူ တိုမီယာဆုတို့ ပါဝင်ခဲ့ပါတယ်။ သူတို့နှစ်ယောက် ရောက်လာခဲ့လို့ အာဆင်နယ် နောက်တန်း ဟာ ကျစ်လျစ်လာခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေကို ပြသလာနိုင်ခဲ့တာပါ။

အာဆင်နယ်အနေနဲ့ ဂျူဗင်တပ် ကစားသမား ၃ ဦးခန့်ကို ခေါ်ယူနိုင်ဖို့ ချိန်ရွယ်လျက် ရှိနေပါတယ်။ အာဆင်နယ်ဟာ ပါတေးနဲ့ အယ်လ်နီနီတို့ အာဖရိဖလား သွားကစားမဲ့ အနေအထားမှာကွင်းလယ်ပိုင်းကို အားဖြည့်လိုနေပြီး ဂျူဗင်တပ် ကွင်းလယ်လူတွေဖြစ်ကြတဲ့ ကူလူဆက်စကီး၊ အာသာနဲ့ ရမ်ဆေးတို့ကို ပစ်မှတ်ထားနေတာပါ။

ပေါလ်မာဆင်က လူငယ်ကြယ်ပွင့် အန်ကီတက်ချ်က နိုင်ပွဲဆာလောင်စိတ်ပြင်းပြပြီး အသင်းကိုများစွာ ကူညီပေးနိုင်သူ ဖြစ်ကြောင်း၊ အာဆင်နယ်ဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ အသင်းဖြစ်ပြီး အန်ကီတက်ချ်အနေနဲ့ အသင်းမှာ ဆက်နေသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ အာဆင်နယ် တိုက်စစ်မူှး အူဘာမီယန်ကို အငှားနဲ့ ခေါ်ယူလိုaနပါတယ်။ ဘာစီလိုနာအနေနဲ့ အူဘာမီယန်ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲကို aပးချေနိုင်ခြင်းမရှိတာကြောင့် ညိနှိုင်းမှုတွေ ပြုလုပ်လျက် ရှိနေကြောင်း သိရပါတယ်။

နည်းပြ အာတီတာဟာ အာဆင်နယ်ကို သူလိုချင်တဲ့ပုံစံအတိုင်း တဖြည်းဖြည်း ပုံသွင်းနိုင်လျက်ရှိနေကြောင်း၊ လက်ရှိ မှာ အာတီတာအနေနဲ့ အသင်းရဲ့ အဝတ်လဲခန်းကို ကောင်းကောင်း ထိန်းချုပ်နိုင်နေကြောင်း၊ အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်တဲ့ အခွင့်အရေးရှိနေကြောင်း ပေါလ်မာဆင်က ဆိုခဲ့ပါတယ်။