နေမာ၊ အမ်ဘာပေတို့ မပါဘဲ ပီအက်စ်ဂျီကို ဦးဆောင်ပြီး အရည်အချင်းစစ် ပြရတော့မယ့် မက်ဆီ
ပီအက်စ်ဂျီ တိုက်စစ်သမား အမ်ဘာပေ ဟာ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာကြောင့် ဒီည လော်ရီးယန့်နဲ့ ကစားမယ့် ပွဲမှာ မက်ဆီ တယောက်တည်း အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ရတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
တိုက်စစ်အတွက် နောက်ထပ် အရေးကြီးတဲ့ နေမာကလည်း စိန့်အက်တီယန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လက်ရှိအချိန်ထိ အနားယူနေရဆဲဖြစ်ပြီး အခုချိန်မှာ အမ်ဘာပေကပါ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်လာရတာပါ။

အမ်ဘာပေဟာ မကြာခင်ကပဲ ပင်သစ်လီဂူး တနှစ်တာ အကောင်းဆုံး အသင်းမှာ မက်ဆီကို ကျော်ပြီး ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။ ဘာပေအနေနဲ့ ပြင်သစ်လီဂူးပွဲစဉ်တွေမှာ မက်ဆီထက် ခြေစွမ်းပိုပြထားတယ်လို့ အချက်အလက်တွေက ဖော်ပြနေကြသလို အများကလည်းလက်ခံထားကြပြီး နောက်ကျ အနိုင်ဂိုးတွေကိုလည်း မကြာခဏ သွင်းယူပေးနေကျပါ။
မက်ဆီဟာ ချန်ပီယံလိဂ်မှာ ပုံမှန်ခြေစွမ်းပြသထားပေမယ့် ပြည်တွင်းမှာတော့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် အခုလိုမျိုး မက်ဆီ တယောက်တည်း အသင်းတိုက်စစ်ကို ဦးဆောင်ရမှာက သူ့အတွက် စိန်ခေါ်မှုဖြစ်လာမယ်လို့ အားလုံးက သုံးသပ်ထားကြပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာကနေ ထွက်ခွာလာပြီးနောက်ပိုင်း မက်ဆီတယောက် ပဲရစ်မြို့မှာ အထိုင်ကျဖို့ ရုန်းကန် နေရသေးတယ်လို့ ယုံကြည်နေပြီး အထူးသဖြင့် ပြည်တွင်းပွဲစဉ်တွေမှာ သူ့အတွက် ကစားရခက်နေဆဲပါ။
အဲ့ဒါကြောင့် ဒီတကြိမ် မက်ဆီတယောက်တည်း အဝေးကွင်းမှာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ရမှာက သူ့အတွက် အဓိကစိန်ခေါ်မှုဖြစ်လာမယ်လို့ဆိုနေကြပြီး ဒီအရာကိုသာ မက်ဆီ ကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့ရင် သူ့အတွက် မျက်နှာပန်း လှသွားမယ်ဆိုပေမယ့် အခြေအနေမလှခဲ့ရင်တော့ မက်ဆီအတွက် တော်တော်လေး ဖိအားများ သွားမှာ ဖြစ်ပါတယ်။

ZG
ပီအက္စ္ဂ်ီ တိုက္စစ္သမား အမ္ဘာေပ ဟာ ပြဲပယ္ျပစ္ဒဏ္က်ခံရမွာေၾကာင့္ ဒီည ေလာ္ရီးယန္႔နဲ႔ ကစားမယ့္ ပြဲမွာ မက္ဆီ တေယာက္တည္း အသင္းရဲ႕ တိုက္စစ္ပိုင္းကို ဦးေဆာင္ရေတာ့မယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
တိုက္စစ္အတြက္ ေနာက္ထပ္ အေရးႀကီးတဲ့ ေနမာကလည္း စိန္႔အက္တီယန္နဲ႔ပြဲမွာ ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ လက္ရွိအခ်ိန္ထိ အနားယူေနရဆဲျဖစ္ၿပီး အခုခ်ိန္မွာ အမ္ဘာေပကပါ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္လာရတာပါ။
အမ္ဘာေပဟာ မၾကာခင္ကပဲ ပင္သစ္လီဂူး တႏွစ္တာ အေကာင္းဆုံး အသင္းမွာ မက္ဆီကို ေက်ာ္ၿပီး ေ႐ြးခ်ယ္ခံထားရတာ ျဖစ္ပါတယ္။ ဘာေပအေနနဲ႔ ျပင္သစ္လီဂူးပြဲစဥ္ေတြမွာ မက္ဆီထက္ ေျခစြမ္းပိုျပထားတယ္လို႔ အခ်က္အလက္ေတြက ေဖာ္ျပေနၾကသလို အမ်ားကလည္းလက္ခံထားၾကၿပီး ေနာက္က် အႏိုင္ဂိုးေတြကိုလည္း မၾကာခဏ သြင္းယူေပးေနက်ပါ။
မက္ဆီဟာ ခ်န္ပီယံလိဂ္မွာ ပုံမွန္ေျခစြမ္းျပသထားေပမယ့္ ျပည္တြင္းမွာေတာ့ ႐ုန္းကန္ေနရဆဲျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ အခုလိုမ်ိဳး မက္ဆီ တေယာက္တည္း အသင္းတိုက္စစ္ကို ဦးေဆာင္ရမွာက သူ႔အတြက္ စိန္ေခၚမႈျဖစ္လာမယ္လို႔ အားလုံးက သုံးသပ္ထားၾကပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘာစီလိုနာကေန ထြက္ခြာလာၿပီးေနာက္ပိုင္း မက္ဆီတေယာက္ ပဲရစ္ၿမိဳ႕မွာ အထိုင္က်ဖို႔ ႐ုန္းကန္ ေနရေသးတယ္လို႔ ယုံၾကည္ေနၿပီး အထူးသျဖင့္ ျပည္တြင္းပြဲစဥ္ေတြမွာ သူ႔အတြက္ ကစားရခက္ေနဆဲပါ။
အဲ့ဒါေၾကာင့္ ဒီတႀကိမ္ မက္ဆီတေယာက္တည္း အေဝးကြင္းမွာ အသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္ရမွာက သူ႔အတြက္ အဓိကစိန္ေခၚမႈျဖစ္လာမယ္လို႔ဆိုေနၾကၿပီး ဒီအရာကိုသာ မက္ဆီ ေကာင္းေကာင္းေက်ာ္ျဖတ္ႏိုင္ခဲ့ရင္ သူ႔အတြက္ မ်က္ႏွာပန္း လွသြားမယ္ဆိုေပမယ့္ အေျခအေနမလွခဲ့ရင္ေတာ့ မက္ဆီအတြက္ ေတာ္ေတာ္ေလး ဖိအားမ်ား သြားမွာ ျဖစ္ပါတယ္။