ကင်ဘန်ပီနဲ့ မန်ကွင်ဟိုစ်၊ တူချယ်ဘက်ကပြောသွားတဲ့ နဗီးလ်နဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ
ပီအက်စ်ဂျီနောက်ခံလူ ကင်ဘန်ပီ က နည်းပြ တူချယ် ရှိရာ ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ လာချင်နေပါတယ်။ ချဲလ်ဆီး ကတော့ ကင်ဘန်ပီထက် မန်ကွင်ဟိုစ်ကို ပစ်မှတ်ထားနေတာပါ။
ဘာစီလိုနာ နည်းပြဇာဗီ ဟာ ချဲလ်ဆီးရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဆီဗီးလာ နောက်ခံလူကွန်ဒီကို ခေါ်ယူနိုင်ဖို့ စိတ်ကူးနေ ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာရဲ့ ဘဏ္ဍာရေးကြပ်တည်းမှုကြောင့် ကွန်ဒီကိုရဖို့ ခက်ဦးမှာပါ။

ပြင်သစ်ကလပ် နိုက်စ်အသင်းမှ အသက် ၁၉ နှစ်အရွယ် ဘယ်တောင်ပံသမား ဆိုတိုနာကို ခေါ်ယူဖို့ ချဲလ်ဆီးက စောင့်ကြည့်နေပါတယ်။
အီတလီ ဂိုးသမားဟောင်း ကူဒီချီနီက သူ့အနေနဲ့ ကစားသမားဘဝမှာချဲလ်ဆီးမှာလာရောက်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ ဒရော့ဂ်ဘာနဲ့ တွဲကစားခွင့်ရတာ ကျေနပ်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။
ချဲလ်ဆီးနောက်ခံလူ ရူဒီဂါက သူတို့အနေနဲ့ ရလဒ်ဆိုးတွေကြားကနေ ရုန်းထွက်ချင်ရင် တိုက်စစ်ပိုင်းက ဒီထက်ပိုပြီး စွန့်စားဖို့ လိုအပ်ကြောင်း၊ လက်ရှိ ရလဒ်ပိုင်းတွေနဲ့ ပတ်သက်ပြီး မိမိတို့အနေနဲ့ လုံးဝပျော်ရွှင်ခြင်း မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
နည်းပြ တူချယ်ဟာ ချဲလ်ဆီးမှာ လုပ်ဆောင်ပေးထားတာတွေ အတွက် အသိအမှတ်ပြုခံရဖို့ လုံလောက်တယ်လို့ မန်ုယူနောက်ခံလူဟောင်း နဗီးလ်က ဆိုလိုက်ပြီး ချဲလ်ဆီးရဲ့ လက်ရှိအခြေအနေကတော့ အနည်းငယ် စိုးရိမ်ဖွယ်ရာ ဖြစ်တယ် လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ပီကျူတာအနေနဲ့ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမဲ့ အသင်းမှာ ဆက်နေဖို့က သူ့ရဲ့ ဦးစားပေးဖြစ်ကြောင်း သိရပါတယ်။ ချဲလ်ဆီး အတွင်းလူတွေရဲ့ပြောပြချက်အရ ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုက အက်ပီကျူတာက သိပ်ပြီးထွေပြားစေမှာ မဟုတ်ကြောင်းသိရပါတယ်။