ဗလာဟိုဗစ်အတွက် ပေါင် သန်း ၈ဝ ဆိုလည်း လက်မတွန့်ဘဲ ဝယ်တော့မယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းမှာ တောက်ပနေတဲ့ လူငယ် တိုက်စစ်မှူး ဗလာဟိုဗစ်ကို စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် သန်း၈ဝ အထိ ပေးချေကာ ခေါ်ယူဖို့ အသင့် ရှိနေကြောင်း သိရပါတယ်။

အာဆင်နယ် က ဆားဘီးယား တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ထဲက စိတ်ဝင်စားခဲ့ပေမယ့် ဖီအိုရင်တီးနားအသင်းက ဗလာဟိုဗစ် အတွက် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းကို ပေးချေဖို့ တွန့်ဆုတ်ခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ မဖြစ်မြောက်ခဲ့ပါဘူး။

ဒါပေမယ့် ဗလာဟိုဗစ်ဟာ သူ့ရဲ့ ဂိုးသွင်း ခြေစွမ်းကောင်းတွေကို ဒီရာသီမှာပါ ဆက်လက် သက်သေပြ ထားနိုင် တာကြောင့် ထိပ်တန်း တိုက်စစ်မှူး တဦး ခေါ်ချင်နေတဲ့ အာဆင်နယ်အသင်းက ထပ်မံ စိတ်ဝင်စားလာပါတယ်။

ဒီတကြိမ်မှာတော့ ဗလာဟိုဗစ် အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင်၈၀သန်း အထိ ပေးချေဖို့ အာဆ်ငနယ်က ရည်ရွယ်ထားကြောင်း အီတလီ သတင်းတွေက ဆိုပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဆားဘီးယား ကြယ်ပွင့် တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ၂၀၂၁ခုနှစ် အတွင်းမှာ စီးရီးအေ သွင်းဂိုးပေါင်း ၃၃ဂိုး အထိ သွင်းယူထားနိုင်သူ ဖြစ်သလို လာမယ့် အပြောင်းအရွှေ့တွေမှာ ဖီအိုရင်တီးနား အသင်း ကနေ ထွက်ခွာဖို့ ရည်ရွယ်နေသူလည်း ဖြစ်ပါတယ်။

ဒီရာသီမှာ အာဆင်နယ်က အသင်းလူငယ် အစုအဖွဲ့နဲ့ အတူ ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိကာ ဥရောပဝင်ခွင့် ရရှိဖို့ နီးစပ်နေပြီး ယခင်ကလို အောင်မြင်မှုတွေ ပြန်လည် ရယူနိုင်ဖို့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် စီစဉ်လာနေပါတယ်။

ZG

အာဆင္နယ္အသင္းဟာ စီးရီးေအကလပ္ ဖီအိုရင္တီးနားအသင္းမွာ ေတာက္ပေနတဲ့ လူငယ္ တိုက္စစ္မႉး ဗလာဟိုဗစ္ကို စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ျဖစ္တဲ့ ေပါင္ သန္း၈ဝ အထိ ေပးေခ်ကာ ေခၚယူဖို႔ အသင့္ ရွိေနေၾကာင္း သိရပါတယ္။

အာဆင္နယ္ က ဆားဘီးယား တိုက္စစ္မႉး ဗလာဟိုဗစ္ကို ေခၚယူဖို႔ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ထဲက စိတ္ဝင္စားခဲ့ေပမယ့္ ဖီအိုရင္တီးနားအသင္းက ဗလာဟိုဗစ္ အတြက္ ေတာင္းဆိုတဲ့ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၈၀သန္းကို ေပးေခ်ဖို႔ တြန႔္ဆုတ္ခဲ့တာေၾကာင့္ အေျပာင္းအေ႐ႊ႕ဟာ မျဖစ္ေျမာက္ခဲ့ပါဘူး။

ဒါေပမယ့္ ဗလာဟိုဗစ္ဟာ သူ႔ရဲ႕ ဂိုးသြင္း ေျခစြမ္းေကာင္းေတြကို ဒီရာသီမွာပါ ဆက္လက္ သက္ေသျပ ထားႏိုင္ တာေၾကာင့္ ထိပ္တန္း တိုက္စစ္မႉး တဦး ေခၚခ်င္ေနတဲ့ အာဆင္နယ္အသင္းက ထပ္မံ စိတ္ဝင္စားလာပါတယ္။

ဒီတၾကိမ္မွာေတာ့ ဗလာဟိုဗစ္ အတြက္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ျဖစ္တဲ့ ေပါင္၈၀သန္း အထိ ေပးေခ်ဖို႔ အာဆ္ငနယ္က ရည္႐ြယ္ထားေၾကာင္း အီတလီ သတင္းေတြက ဆိုပါတယ္။

အသက္ ၂၁ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ဆားဘီးယား ၾကယ္ပြင့္ တိုက္စစ္မႉး ဗလာဟိုဗစ္ဟာ ၂၀၂၁ခုႏွစ္ အတြင္းမွာ စီးရီးေအ သြင္းဂိုးေပါင္း ၃၃ဂိုး အထိ သြင္းယူထားႏိုင္သူ ျဖစ္သလို လာမယ့္ အေျပာင္းအေ႐ႊ႕ေတြမွာ ဖီအိုရင္တီးနား အသင္း ကေန ထြက္ခြာဖို႔ ရည္ရြယ္ေနသူလည္း ျဖစ္ပါတယ္။

ဒီရာသီမွာ အာဆင္နယ္က အသင္းလူငယ္ အစုအဖြဲ႕နဲ႔ အတူ ေကာင္းမြန္တဲ့ ရလဒ္ေတြကို ရရွိကာ ဥေရာပဝင္ခြင့္ ရရွိဖို႔ နီးစပ္ေနျပီး ယခင္ကလို ေအာင္ျမင္မႈေတြ ျပန္လည္ ရယူႏိုင္ဖို႔ အသင္းရဲ႕ တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းရန္ စီစဥ္လာေနပါတယ္။