မန်ယူ မပါတော့တဲ့ ကာရာဘောင်းဖလား ဖျက်လိုက်ဖို့ အကြံပေးတိုက်တွန်းတဲ့ နည်းပြ ရန်းနစ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ ရန်းနစ်က အင်္ဂလန်ပြည်တွင်းမှာ လိဂ်ဖလား နှစ်လုံး ကစားနေတဲ့အပေါ် ဝေဖန်လိုက်ပြီး ကာရာဘောင်းဖလားပြိုင်ပွဲကို ဖျက်သိမ်းသင့်တယ်လို့ အကြံပေး ပြောဆိုလာပါတယ်။ ဒီရာသီ ဆီမီးအဆင့် ရောက်ပြီ ဖြစ်တဲ့ ကာရာဘောင်းဖလားမှာ မန်ယူက ထွက်ခဲ့ရပြီး ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေက လက်ရှိအချိန်မှာ ကိုဗစ်ကူးစက်မှုတွေကြောင့် ပွဲစဉ်ရွှေ့ဆိုင်းမှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရပြီး ဒါက အသင်းတွေအတွက် ပွဲကြပ်တွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီဇင်ဘာပွဲကြပ်ကာလမှာ အသင်းတွေက တော်တော်လေးကို ဒုက္ခရောက်ခဲ့ပြီး ဒီအထဲမှာ မန်ယူအသင်း လည်း အပါအဝင်ပါ။

ဒီ တပတ် နယူးကာဆယ်နဲ့ ပွဲမတိုင်ခင်မှာ ရန်းနစ် က “ဘောက်ဆင်းဒေး (ဒီဇင်ဘာ ၂၆) နဲ့ ဒီဇင်ဘာ (၂၇) မှာ ပွဲကစားတဲ့ အလေ့အထကို ခင်ဗျားတို့က ကျနော့်ထက် ပိုသိမှာပေါ့။ “ကျနော်တို့ ဒါကို လေးစားမှု ထားရမယ် ထင်ပါတယ်။ ကျနော့်ရဲ့ နည်းပြဘဝမှာ ဒါက ပထမဆုံးဖြစ်ပြီး ဒီအတွက်လည်း ပြင်ဆင်သွားမှာပါ။ ဒါပေမယ့် ကျနော်တို့ဆီမှာ ပြဿနာတွေရှိနေဆဲပါ။

အင်္ဂလန်က ဥရောပ ထိပ်တန်းလိဂ်တွေထဲမှာ ဖလားပြိုင်ပွဲ (၂) ပွဲရှိတဲ့ တခုတည်းသော လိဂ်ပါပဲ။ ကျနော်တို့ ဒီဖလားအကြောင်း ဆွေးနွေးဖို့ လိုအပ်ပါတယ်။

လိဂ်ဖလားက တတိယတန်းနဲ့စတုတ္ထတန်းကအသင်းတွေရဲ့ ဘဏ္ဍာရေး အခြေအနေကို တိုးမြှင့်ပေးနိုင်တာ ‘ဟုတ်ပါတယ်။ ဒါပေမယ့် ကျပ်တည်းနေတဲ့ ပြက္ခဒိန်မှာတော့ ဒီအကြောင်း ပြောဖို့ လိုအပ်ပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။

မန်ယူအသင်း ဟာ သမိုင်းတလျှောက် ကာရာဘောင်းဖလားလို့ခေါ်တဲ့ လိဂ်ဖလားကို (၅) ကြိမ်အထိ ဗိုလ်စွဲထား ပါတယ်။ ဒီရာသီ မှာတော့ မန်ယူတို့ တတိယအဆင့်မှာတင် ဝက်စ်ဟမ်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရတာပါ။

ZG

မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပ ရန္းနစ္က အဂၤလန္ျပည္တြင္းမွာ လိဂ္ဖလား နွစ္လုံး ကစားေနတဲ့အေပၚ ေဝဖန္လိုက္ၿပီး ကာရာေဘာင္းဖလားၿပိဳင္ပြဲကို ဖ်က္သိမ္းသင့္တယ္လို႔ အႀကံေပး ေျပာဆိုလာပါတယ္။ ဒီရာသီ ဆီမီးအဆင့္ ေရာက္ျပီ ျဖစ္တဲ့ ကာရာေဘာင္းဖလားမွာ မန္ယူက ထြက္ခဲ့ရျပီး ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အသင္းေတြက လက္ရွိအခ်ိန္မွာ ကိုဗစ္ကူးစက္မႈေတြေၾကာင့္ ပြဲစဥ္ေ႐ႊ႕ဆိုင္းမႈေတြနဲ႔ ဆက္တိုက္ ရင္ဆိုင္ေနရၿပီး ဒါက အသင္းေတြအတြက္ ပြဲၾကပ္ေတြ ျဖစ္လာေစႏိုင္ပါတယ္။ ဒီဇင္ဘာပြဲၾကပ္ကာလမွာ အသင္းေတြက ေတာ္ေတာ္ေလးကို ဒုကၡေရာက္ခဲ့ၿပီး ဒီအထဲမွာ မန္ယူအသင္း လည္း အပါအဝင္ပါ။

ဒီ တပတ္ နယူးကာဆယ္နဲ႔ ပြဲမတိုင္ခင္မွာ ရန္းနစ္ က “ေဘာက္ဆင္းေဒး (ဒီဇင္ဘာ ၂၆) နဲ႔ ဒီဇင္ဘာ (၂၇) မွာ ပြဲကစားတဲ့ အေလ့အထကို ခင္ဗ်ားတို႔က က်ေနာ့္ထက္ ပိုသိမွာေပါ့။ “က်ေနာ္တို႔ ဒါကို ေလးစားမႈ ထားရမယ္ထင္ပါတယ္။ က်ေနာ့္ရဲ႕ နည္းျပဘဝမွာ ဒါက ပထမဆုံးျဖစ္ၿပီး ဒီအတြက္လည္း ျပင္ဆင္သြားမွာပါ။ ဒါေပမယ့္ က်ေနာ္တို႔ဆီမွာ ျပႆနာေတြရွိေနဆဲပါ။

အဂၤလန္က ဥေရာပ ထိပ္တန္းလိဂ္ေတြထဲမွာ ဖလားၿပိဳင္ပြဲ (၂) ပြဲရွိတဲ့ တခုတည္းေသာ လိဂ္ပါပဲ။ က်ေနာ္တို႔ ဒီဖလားအေၾကာင္း ေဆြးေႏြးဖို႔ လိုအပ္ပါတယ္။

လိဂ္ဖလားက တတိယတန္းနဲ႔စတုတၳတန္းကအသင္းေတြရဲ႕ ဘ႑ာေရး အေျခအေနကို တိုးျမႇင့္ေပးႏိုင္တာ ‘ဟုတ္ပါတယ္။ ဒါေပမယ့္ က်ပ္တည္းေနတဲ့ ျပကၡဒိန္မွာေတာ့ ဒီအေၾကာင္း ေျပာဖို႔ လိုအပ္ပါတယ္” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

မန္ယူအသင္း ဟာ သမိုင္းတေလွ်ာက္ ကာရာေဘာင္းဖလားလို႔ေခၚတဲ့ လိဂ္ဖလားကို (၅) ႀကိမ္အထိ ဗိုလ္စြဲထား ပါတယ္။ ဒီရာသီ မွာေတာ့ မန္ယူတို႔ တတိယအဆင့္မွာတင္ ဝက္စ္ဟမ္းကို ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲက ထြက္ခြာခဲ့ရတာပါ။