ပြင်သစ် ထိပ်တန်း လူငယ်လေးကို ခေါ်ယူရေး အရှိန်မြှင့် ကြိုးစားတော့မယ့် ချဲလ်ဆီး

Football London ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ ပြင်သစ် ကလပ် မိုနာကိုအသင်းရဲ့ ပြင်သစ်လူငယ်ကွင်းလယ်ကစားသမားလေး Aurelien Tchouameni အား ခေါ်ယူရန်စောင့်ကြည့်မှုတွေ အရှိန်အဟုန်မြင့် လုပ်ဆောင်လာတယ်လို့ သိရပါတယ်။

ကွင်းလယ်ကစားသမားဟာ အသက်အရွယ်အရ ငယ်သေးသော်လည်း သူ့ရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေးကောင်းမွန်နေတာပဲ ဖြစ်ပါတယ်။ Tchouameni ဟာ လက်ရှိ မိုနာကိုအသင်းသာမက ပြင်သစ်အသင်းရဲ့ ကွင်းလယ်မှာလည်း အဓိကျတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

အသက် ၂၁နှစ်သာရှိသေးတဲ့ ပြင်သစ်သားဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ကာလကတည်းက ချဲလ်ဆီးအသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ချဲလ်ဆီးအသင်းဘက်က တရားဝင် ကမ်းလှမ်းခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။

ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်အဖျတ် ကန်တေဟာ အသက်အရွယ်အရ အကျပိုင်းကိုရောက်ရှိလာတာနဲ့အတူ ချဲလ်ဆီးအသင်းရဲ့ ရေရှည်ပစ်မှတ်ထဲမှာ ပြင်သစ်သားလည်း ပါဝင်နေပါတယ်။

ချဲလ်ဆီးအသင်းစိတ်ဝင်တစားရှိနေတဲ့ Tchouameni ဟာ ဘော်ဒိုးအသင်းကနေ မိုနာကိုအသင်းကို ပြီးခဲ့တဲ့ ရာသီကမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး မိုနာကိုအသင်းရဲ့ ကွင်းလယ်ကို ထိန်းကျောင်းပေးနေသူတစ်ဦးဖြစ်ပါတယ်။

လက်ရှိမှာတော့ မိုနာကိုအသင်းနဲ့အတူ ပြိုင်ပွဲစုံ ၅၄ပွဲ ကစားပေးထားပြီး ၄ဂိုးသွင်းကာ ၄ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ တချိန်မှာ ပြင်သစ်ကွင်းလယ်လူ ကန်တေသာ မရှိတော့ရင် ကန်တေနေရာကို Tchoumeni က ပြင်သစ်အသင်းမှာအစားထိုး နေရာယူသွားရမှာဖြစ်ပါတယ်။

Zawgyi

Football London ရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္းဟာ ျပင္သစ္ ကလပ္ မိုနာကိုအသင္းရဲ႕ ျပင္သစ္လူငယ္ကြင္းလယ္ကစားသမားေလး Aurelien Tchouameni အား ေခၚယူရန္ေစာင့္ၾကည့္မႈေတြ အရွိန္အဟုန္ျမင့္ လုပ္ေဆာင္လာတယ္လို႔ သိရပါတယ္။

ကြင္းလယ္ကစားသမားဟာ အသက္အ႐ြယ္အရ ​ငယ္ေသးေသာ္လည္း သူ႔ရဲ႕ စြမ္းေဆာင္ရည္ဟာ အေတာ္ေလးေကာင္းမြန္ေနတာပဲ ျဖစ္ပါတယ္။ Tchouameni ဟာ လက္ရွိ မိုနာကိုအသင္းသာမက ျပင္သစ္အသင္းရဲ႕ ကြင္းလယ္မွာလည္း အဓိက်တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။

အသက္ ၂၁ႏွစ္သာရွိေသးတဲ့ ျပင္သစ္သားဟာ ၿပီးခဲ့တဲ့ ေႏြအေျပာင္းအေ႐ႊ႕ကာလကတည္းက ခ်ဲလ္ဆီးအသင္းနဲ႔ သတင္းေတြ ထြက္ေပၚခဲ့ၿပီး ခ်ဲလ္ဆီးအသင္းဘက္က တရားဝင္ ကမ္းလွမ္းခဲ့တာမ်ိဳးေတာ့ မရွိခဲ့ပါဘူး။

ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္အဖ်တ္ ကန္ေတဟာ အသက္အ႐ြယ္အရ အက်ပိုင္းကိုေရာက္ရွိလာတာနဲ႔အတူ ခ်ဲလ္ဆီးအသင္းရဲ႕ ေရရွည္ပစ္မွတ္ထဲမွာ ျပင္သစ္သားလည္း ပါဝင္ေနပါတယ္။

ခ်ဲလ္ဆီးအသင္းစိတ္ဝင္တစားရွိေနတဲ့ Tchouameni ဟာ ေဘာ္ဒိုးအသင္းကေန မိုနာကိုအသင္းကို ၿပီးခဲဲ့တဲ့ ရာသီကမွ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး မိုနာကိုအသင္းရဲ႕ ကြင္းလယ္ကို ထိန္းေက်ာင္းေပးေနသူတစ္ဦးျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မိုနာကိုအသင္းနဲ႔အတူ ၿပိဳင္ပြဲစုံ ၅၄ပြဲ ကစားေပးထားၿပီး ၄ဂိုးသြင္းကာ ၄ဂိုးဖန္တီးေပးထားႏိုင္ခဲ့ပါတယ္။ တခ်ိန္မွာ ျပင္သစ္ကြင္းလယ္လူ ကန္ေတသာ မရွိေတာ့ရင္ ကန္ေတေနရာကို Tchoumeni က ျပင္သစ္အသင္းမွာအစားထိုး ေနရာယူသြားရမွာျဖစ္ပါတယ္။