နိုင်ငံလက်ရွေးစင် အသင်း နည်းပြဘက် လိုင်းပြောင်းဖို့ ဆွေးနွေးနေတဲ့ စပါယ်ရှယ် ဝမ်း မော်ရင်ဟို

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဟိုဆေး မော်ရင်ဟိုဟာ နိုင်ဂျီးရီးယား လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့ ဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။

မော်ရင်ဟိုဟာ ရိုးမားကို ကိုင်တွယ်တာ ၆လပဲ ရှိသေးတာပါ။ နိုင်ဂျီးရီးယားအသင်းဟာ အာဖရိကဖလားပွဲ မတိုင်ခင် နည်းပြ ဂါဟော့ ရိုဟာနဲ့ လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ် ရှာဖွေနေတာ ဖြစ်ပြီး ဥက္ကဌ အမာဂျူ ပင်နစ်ဟာ အသင်းကို ဆုဖလား ယူပေးနိုင်မယ့် နည်းပြ၁ဦးကို ပစ်မှတ်ထားနေခဲ့တာပါ။

ပင်နစ်ဟာ ရည်မှန်းချက် ကြီးမားပြီး ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီး၊ တော့တင်ဟမ်တို့ရဲ့ နည်းပြဟောင်းနဲ့ ဆွေးနွေးနေပြီ ဖြစ်ကြောင်း နိုင်ဂျီးရီးယား သတင်းဌာနက ပြောခဲ့ပါတယ်။

ပင်နစ်က “နည်းပြသအတွက် အလေးထား ရှာဖွေနေတာကတော့ စည်းကမ်းကြီးတဲ့သူပါ။ ဆုဖလားတွေ ဆာလောင် နေတဲ့ နည်းပြမျိုးကို ရှာမှ အရာအားလုံး ကျော်ဖြတ်နိုင်ပြီး စည်းကမ်းပိုင်းလည်း ကောင်းလာမှာ ဖြစ်တာကြောင့် ဆုဖလား ဘယ်လောက်ထိ ဆာလောင်နေတယ်ဆိုတဲ့ အရာကို ကြည့်ပြီးလည်း ဆုံးဖြတ်သွားမှာပါ။

မော်ရင်ဟိုနဲ့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးခဲ့ပြီး အားကစားဝန်ကြီးလည်း သူနဲ့ ဆွေးနွေးခဲ့တာ အမှန်ပါပဲ။ နည်းပြကသာ အာဖရိကဖလား ယူပေးမယ်ဆိုရင် ချက်ချင်းကို ခန့်လိုက်မှာပါ။ အဲ့ဒီနောက်ပိုင်း ဘာဖြစ်မယ် ဆိုတာကတော့ လူသစ်စုဆောင်းရေးမှာ အဓိကကျတဲ့ အရာဖြစ်တဲ့အတွက် မပြောနိုင်ပါဘူး။ အုပ်ချုပ်သူ ကော်မတီကသာ yes လို့ ပြောခဲ့ရင် ဘာတွေစောင့်နေရဦးမှာလဲ”လို့ ပြောခဲ့ပါတယ်။

မော်ရင်ဟိုဟာ မေလကမှ ရိုးမားနဲ့ ၃နှစ်စာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး လာမယ့်နှစ်အနည်းငယ်အတွင်း ဆုဖလား ယူပေးဖို့လည်း ရည်မှန်းထားပါတယ်။ ရာသီအစ ရလဒ်ပိုင်းက အကောင်းဆုံးတော့ မဟုတ်ခဲ့ပဲ အဆင့်၆နေရာမှာ ရှိနေကာ ဇယားထိပ်က အင်တာမီလန်နဲ့ ၁၄မှတ်ထိ ကွာနေပေမဲ့ မော်ရင်ဟိုက ယခုလိုမျိုး အစောကြီး အသင်းကနေ ထွက်ခွာသွားဖို့တော့ မရှိပါဘူး။

ပင်နစ်က နိုင်ဂျီးရီးယားနည်းပြ ရာထူးအတွက် မော်ရင်ဟို အပြင် ပေါ်တိုနဲ့ စပို့တင်းနည်းပြဟောင်း ဟိုဆေး ပီဆီရို၊ မက္ကာဘီ တဲအဗစ် နည်းပြ ခရက်စ်တာဂျစ်တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ZG

ေနာက္ဆံုး ထြက္ေပၚလာတဲ့ သတင္းေတြအရ ဟိုေဆး ေမာ္ရင္ဟိုဟာ ႏိုင္ဂ်ီးရီးယား လက္ေရြးစင္ အသင္းကို ကိုင္တြယ္ဖို႔ ေဆြးေႏြးေနၿပီ ျဖစ္ေၾကာင္း သိရပါတယ္။

ေမာ္ရင္ဟိုဟာ ႐ိုးမားကို ကိုင္တြယ္တာ ၆လပဲ ရွိေသးတာပါ။ ႏိုင္ဂ်ီးရီးယားအသင္းဟာ အာဖရိကဖလားပြဲ မတိုင္ခင္ နည္းျပ ဂါေဟာ့ ႐ိုဟာနဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ နည္းျပသစ္ ရွာေဖြေနတာ ျဖစ္ၿပီး ဥကၠဌ အမာဂ်ဴ ပင္နစ္ဟာ အသင္းကို ဆုဖလား ယူေပးႏိုင္မယ့္ နည္းျပ၁ဦးကို ပစ္မွတ္ထားေနခဲ့တာပါ။

ပင္နစ္ဟာ ရည္မွန္းခ်က္ ႀကီးမားၿပီး ရီးရဲလ္မက္ဒရစ္၊ ခ်ဲလ္ဆီး၊ ေတာ့တင္ဟမ္တို႔ရဲ႕ နည္းျပေဟာင္းနဲ႔ ေဆြးေႏြးေနၿပီ ျဖစ္ေၾကာင္း ႏိုင္ဂ်ီးရီးယား သတင္းဌာနက ေျပာခဲ့ပါတယ္။

ပင္နစ္က “နည္းျပသအတြက္ အေလးထား ရွာေဖြေနတာကေတာ့ စည္းကမ္းႀကီးတဲ့သူပါ။ ဆုဖလားေတြ ဆာေလာင္ ေနတဲ့ နည္းျပမ်ိဳးကို ရွာမွ အရာအားလုံး ေက်ာ္ျဖတ္ႏိုင္ၿပီး စည္းကမ္းပိုင္းလည္း ေကာင္းလာမွာ ျဖစ္တာေၾကာင့္ ဆုဖလား ဘယ္ေလာက္ထိ ဆာေလာင္ေနတယ္ဆိုတဲ့ အရာကို ၾကည့္ၿပီးလည္း ဆုံးျဖတ္သြားမွာပါ။

ေမာ္ရင္ဟိုနဲ႔ ေဆြးေႏြးခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ေဆြးေႏြးခဲ့ၿပီး အားကစားဝန္ႀကီးလည္း သူနဲ႔ ေဆြးေႏြးခဲ့တာ အမွန္ပါပဲ။ နည္းျပကသာ အာဖရိကဖလား ယူေပးမယ္ဆိုရင္ ခ်က္ခ်င္းကို ခန႔္လိုက္မွာပါ။ အဲ့ဒီေနာက္ပိုင္း ဘာျဖစ္မယ္ ဆိုတာကေတာ့ လူသစ္စုေဆာင္းေရးမွာ အဓိကက်တဲ့ အရာျဖစ္တဲ့အတြက္ မေျပာႏိုင္ပါဘူး။ အုပ္ခ်ဳပ္သူ ေကာ္မတီကသာ yes လို႔ ေျပာခဲ့ရင္ ဘာေတြေစာင့္ေနရဦးမွာလဲ”လို႔ ေျပာခဲ့ပါတယ္။

ေမာ္ရင္ဟိုဟာ ေမလကမွ ႐ိုးမားနဲ႔ ၃ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုထားတာျဖစ္ၿပီး လာမယ့္ႏွစ္အနည္းငယ္အတြင္း ဆုဖလား ယူေပးဖို႔လည္း ရည္မွန္းထားပါတယ္။ ရာသီအစ ရလဒ္ပိုင္းက အေကာင္းဆုံးေတာ့ မဟုတ္ခဲ့ပဲ အဆင့္၆ေနရာမွာ ရွိေနကာ ဇယားထိပ္က အင္တာမီလန္နဲ႔ ၁၄မွတ္ထိ ကြာေနေပမဲ့ ေမာ္ရင္ဟိုက ယခုလိုမ်ိဳး အေစာႀကီး အသင္းကေန ထြက္ခြာသြားဖို႔ေတာ့ မရွိပါဘူး။

ပင္နစ္က ႏိုင္ဂ်ီးရီးယားနည္းျပ ရာထူးအတြက္ ေမာ္ရင္ဟို အျပင္ ေပၚတိုနဲ႔ စပို႔တင္းနည္းျပေဟာင္း ဟိုေဆး ပီဆီ႐ို၊ မကၠာဘီ တဲအဗစ္ နည္းျပ ခရက္စ္တာဂ်စ္တို႔ကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။