နယူးကာဆယ် အပါဝင် ရာသီကုန် တန်းဆင်းမယ့် ၃ သင်းကို ရွေးလိုက်တဲ့ မန်ယူဂန္တဝင် ရွိုင်ကိန်း
မန်ချက်စတာယူနိုက်တက် ဂန္တဝင် ကစားသမားကြီး ရွိုင်ကိန်း က ဒီရာသီကုန်ရင် ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားရမယ့် အသင်း ၃ သင်းကို ရွေးချယ် သွားခဲ့ပါတယ်။
ကိန်းက “တန်းဆင်းဇုန် တိုက်ပွဲနဲ့ ပက်သက်ပြီး ကျွန်တော် ပြောချင်တာကတော့ ပထမဦးဆုံး အနေနဲ့ နော့ဝှစ်ကို တန်းဆင်းသွားရမယ်လို့ ကျွန်တော် ရွေးချယ်ချင် ပါတယ်။ နယူးကာဆယ် ကလည်း တန်းဆင်း သွားရမှာပါ။
ဆောက်သမ်တန် အသင်း ကတော့ တကယ့်ကို အပြောင်းအလဲ မြန်ဆန်တဲ့ အသင်း ဖြစ်ပါတယ်။ သူတို့ဟာ အိမ်ကွင်းမှာ ၂ ပွဲ ၃ ပွဲလောက် အနိုင်ယူနိုင်ပေမယ့် ရုတ်တရက်ကြီး ၆ ပွဲ ၇ ပွဲလောက် ရှုံးသွားတက် ပါတယ်။

တန်းဆင်းရမယ့် နောက်ထပ် အသင်းကတော့ ဆောက်သမ်တန် နဲ့ ဝက်ဖို့ဒ် တို့ထဲက တစ်သင်းသင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘန်လေ ကလည်း အတော်ကြီး သတိထားဖို့ လိုအပ်ပါတယ်။ သူတို့ဟာ လက်ကျန် ပွဲတွေ ရှိနေပေမယ့် တန်းဆင်းဇုန် ထဲမှာ ရှိနေတာပါ။ ဘန်လေ ကလည်း တန်းဆင်းသွားရ နိုင်တဲ့ အသင်းတွေ ထဲက တစ်သင်း ဖြစ်သွား နိုင်ပါတယ်။
သူတို့ဟာ အရင် ရာသီတွေက တန်းဆင်းဇုန်ကနေ ရုန်းထွက် နိုင်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိထားတာကြောင့် ဒီရာသီမှာလည်း တန်းဆင်းအန္တရာယ် ကနေ လွတ်မြောက် နိုင်လိမ့်မယ် ဆိုပြီး လူတော်တော်များများက ယူဆနေကြ ပါတယ်။ ကျွန်တော် ကတော့ ဒီလို မထင်မိပါဘူး။” လို့ ဆိုလိုက်ပါတယ်။
နော့ဝှစ်ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရပ်တည်နေပြီး နယူးကာဆယ် ကတော့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်လျက် ရှိနေကာ နှစ်သင်းစလုံးဟာ ဒီရာသီမှာ ရမှတ် ၁၀ မှတ်သာ စုဆောင်းထားနိုင်ခဲ့ပါတယ်။
နယူးကာဆယ် အသင်းဟာ နော့ဝှစ်ထက် တစ်ပွဲပို ကစားထားခဲ့သလို ဒီရာသီမှာ နိုင်ပွဲတစ်ပွဲသာ ရထားခဲ့ပြီး ဆော်ဒီစီးပွားရေးအုပ်စု အနေနဲ့ သူတို့ရဲ့ အသင်းသစ် တန်းမဆင်းရဖို့ အတွက် လာမည့် ဇန်နဝါရီမှာ ငွေကြေးများစွာ သုံးစွဲသွားဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း ကိန်းကတော့ နယူးကာဆယ်တို့ တန်းဆင်းသွားရမယ်လို့ ယူဆနေဆဲ ဖြစ်ပါတယ်။

ZG
မန္ခ်က္စတာယူႏိုက္တက္ ဂႏၲ၀င္ ကစားသမားၾကီး ႐ြိဳင္ကိန္း က ဒီရာသီကုန္ရင္ ပရီးမီးယားလိဂ္ ကေန တန္းဆင္း သြားရမယ့္ အသင္း ၃ သင္းကို ေ႐ြးခ်ယ္ သြားခဲ့ပါတယ္။
ကိန္းက “တန္းဆင္းဇုန္ တိုက္ပြဲနဲ႔ ပက္သက္ၿပီး ကြၽန္ေတာ္ ေျပာခ်င္တာကေတာ့ ပထမဦးဆုံး အေနနဲ႔ ေနာ့ဝွစ္ကို တန္းဆင္းသြားရမယ္လို႔ ကြၽန္ေတာ္ ေ႐ြးခ်ယ္ခ်င္ ပါတယ္။ နယူးကာဆယ္ ကလည္း တန္းဆင္း သြားရမွာပါ။
ေဆာက္သမ္တန္ အသင္း ကေတာ့ တကယ့္ကို အေျပာင္းအလဲ ျမန္ဆန္တဲ့ အသင္း ျဖစ္ပါတယ္။ သူတို႔ဟာ အိမ္ကြင္းမွာ ၂ ပြဲ ၃ ပြဲေလာက္ အႏိုင္ယူႏိုင္ေပမယ့္ ႐ုတ္တရက္ႀကီး ၆ ပြဲ ၇ ပြဲေလာက္ ရႈံးသြားတက္ ပါတယ္။
တန္းဆင္းရမယ့္ ေနာက္ထပ္ အသင္းကေတာ့ ေဆာက္သမ္တန္ နဲ႔ ၀က္ဖို႔ဒ္ တို႔ထဲက တစ္သင္းသင္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ဘန္ေလ ကလည္း အေတာ္ႀကီး သတိထားဖို႔ လိုအပ္ပါတယ္။ သူတို႔ဟာ လက္က်န္ ပြဲေတြ ရွိေနေပမယ့္ တန္းဆင္းဇုန္ ထဲမွာ ရွိေနတာပါ။ ဘန္ေလ ကလည္း တန္းဆင္းသြားရ ႏိုင္တဲ့ အသင္းေတြ ထဲက တစ္သင္း ျဖစ္သြား ႏိုင္ပါတယ္။
သူတို႔ဟာ အရင္ ရာသီေတြက တန္းဆင္းဇုန္ကေန ႐ုန္းထြက္ ႏိုင္ခဲ့တဲ့ အေတြ႕အႀကဳံေတြ ရွိထားတာေၾကာင့္ ဒီရာသီမွာလည္း တန္းဆင္းအႏၲရာယ္ ကေန လြတ္ေျမာက္ ႏိုင္လိမ့္မယ္ ဆိုၿပီး လူေတာ္ေတာ္မ်ားမ်ားက ယူဆေနၾက ပါတယ္။ ကြၽန္ေတာ္ ကေတာ့ ဒီလို မထင္မိပါဘူး။” လို႔ ဆိုလိုက္ပါတယ္။
ေနာ့ဝွစ္ဟာ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ ေအာက္ဆုံးမွာ ရပ္တည္ေနၿပီး နယူးကာဆယ္ ကေတာ့ ရမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ အဆင့္ ၁၉ ေနရာမွာ ရပ္တည္လ်က္ ရွိေနကာ ႏွစ္သင္းစလုံးဟာ ဒီရာသီမွာ ရမွတ္ ၁၀ မွတ္သာ စုေဆာင္းထားႏိုင္ခဲ့ပါတယ္။
နယူးကာဆယ္ အသင္းဟာ ေနာ့ဝွစ္ထက္ တစ္ပြဲပို ကစားထားခဲ့သလို ဒီရာသီမွာ ႏိုင္ပြဲတစ္ပြဲသာ ရထားခဲ့ၿပီး ေဆာ္ဒီစီးပြားေရးအုပ္စု အေနနဲ႔ သူတို႔ရဲ႕ အသင္းသစ္ တန္းမဆင္းရဖို႔ အတြက္ လာမည့္ ဇန္နဝါရီမွာ ေငြေၾကးမ်ားစြာ သုံးစြဲသြားဖို႔ ရွိေနပါတယ္။ ဒါေပမယ့္လည္း ကိန္းကေတာ့ နယူးကာဆယ္တို႔ တန္းဆင္းသြားရမယ္လို႔ ယူဆေနဆဲ ျဖစ္ပါတယ္။