ကိုဗစ်ကူးခံလိုက်ရတဲ့ ဂျရတ်၊ အသင်းပြောင်းမှန်တဲ့ အိုဒီဂတ်၊ ဂျီမီနက်ဇ် လီဗာပူးနဲ့ ယနေ့ နံနက်ခင်း သတင်းများ
အက်စတွန်ဗီလာ နည်းပြ စတီဗင် ဂျရတ်ဟာ ကိုဗစ် ကူးစက်ခံထားရတာကြောင့် ချယ်ဆီး၊ လိဒ်စ်တို့နဲ့ ပွဲတွေမှာ ဗီလာအသင်းကို ကွင်းဘေးကနေ ကြီးကြပ်နိုင်တော့မှာ မဟုတ်ပါဘူး။
အာဆင်နယ် ကွင်းလယ်လူ အိုဒီဂတ်က သူ့အနေနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချခဲ့တာ မှန်ကန်ကြောင်း၊ ရီးရဲမက်ဒရစ်မှာ ၁၆ နှစ်ကတည်းက ကျင်လည်ခဲ့တာဖြစ်ပြီး အနာဂတ်ကို ကြည့်ရမယ့် အချိန်ဖြစ်ခဲ့ကြောင်း၊ အာဆင်နယ်က သူ့အတွက် လိုက်ဖက်တဲ့အသင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဂါးဒီးယန်း သတင်းဌာန က လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားမားက ဘယ်သူလဲလို့ ပရိသတ်တွထံ စစ်တမ်း ကောက်ယူခဲ့ပါတယ်။

ထိုစစ်တမ်းမှာ ဘိုင်ယန်မြုးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး မက်ဆီက အဆင့်၂၊ ဆာလတ်က အဆင့် ၃၊ ဘန်ဇီမာ က အဆင့် ၄၊ ဂျော်ဂျင်ဟိုက အဆင့် ၅နဲ့ စီရော်နယ်ဒိုကတော့ အဆင့် ၈ နေရာမှာသာ ရှိနေပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာက စည်းမျဉ်းတွေကို မလိုက်နာတာကြောင့် ဘောလုံးပွဲစဉ်တွေအနေနဲ့ တံခါးပိတ်ပြီး ပြန်လည် ကျင်းပမဲ့အဖြစ်မျိုး မလိုလားကြောင်း၊ ဘောလုံးမှာက ပရိသတ်တွေ မပါဘဲ ကစားတာက လုံးဝကွဲပြားကြောင်း ဖွင့်ဟ ခဲ့ပါတယ်။
ချဲလ်ဆီးတိုက်စစ်ကစားသမား ပူလီဆစ်က သူ့အနေနဲ့ နည်းပြတူချယ်နဲ့ ပြန်လည်လက်တွဲရတာ ကျေနပ်မိကြောင်း၊ တူချယ်ဟာ တကယ့်ကို တောင့်တင်းတဲ့ အသင်းကောင်း တစ်သင်းကို တည်ဆောက်နေပြီး ဒါက ခမ်းနားကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က လီဗာပူးအသင်း အနေနဲ့ ဝုဗ် တိုက်စ်မှူး ဂျီမီနက်ဇ် ကို ခေါ်ယူ သင့်ကြောင်း အကြံပြု တိုက်တွန်းခဲ့ပါတယ်။
ရိုးမားနည်းပြ မော်ရင်ဟိုအနေနဲ့ နိုင်ဂျီးရီးယားလက်ရွေးစင်ကို ကိုင်တွယ်ဖို့ဆွေးနွေးလျက်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ နွေရာသီ ကမှ ရိုးမားကို ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။

မန်ယူနောက်ခံလူဟောင်း အီဗရာက ဆာအဲလက်စ် ဖာဂူဆန် ဟာ နည်းပြဘဝက အနား မယူသေးဘဲ နောက်ထပ် ၁၀နှစ်လောက် ထပ်ရှိဦးမယ်လို့ ပြောခဲ့သေးပြီး စီရော်နယ်ဒိုနဲ့ ဘေးလ်တို့ကို ခေါ်ယူနိုင်ခြင်း မရှိပြီးနောက် နည်းပြဘဝကနေ အနားယူသွားခဲ့ကြော်ငး ထုတ်ဖော်ခဲ့ပါတယ်။
စပါးနောက်ခံလူ ဒါဗင်ချီ ဆန်းချက်ဇ်က နည်းပြကွန်တီရောက်လာတာ အသင်းကိုများစွာ အကျိုးရှိစေခဲ့ကြောင်း၊ ကွန်တီ ဟာ အသေးစိတ်ကျပြီး သူ့ရဲ့အိုင်ဒီယာတွေက ကောင်းမွန်မှုရှိကြောင်း၊ ကွန်တီဟာ နည်းစနစ်ပိုင်းနဲ့ ပတ်သတ်လို့ ကစားသမားတွေ နားလည်လွယ်အောင် ရှင်းပြကြောင်း ဆိုခဲ့ပါတယ်။