ချဲလ်ဆီးမှာ အစွမ်းပြနေတဲ့ ခံစစ်သမားကို ယူရို သန်း ၆ဝ နဲ့ ခေါ်ဖို့ ကြိုးစားမယ့် ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ် အသင်းဟာ ချဲလ်ဆီး နောက်ခံလူ ရီစီဂျိမ်းစ်ကို စိတ်ဝင်စားလာပြီး ယူရို သန်း ၆၀ နဲ့ ကမ်းလှမ်းဖို့ အသင့်ဖြစ်နေကြောင်း သိရပါတယ်။
လက်ရှိ ခြေစွမ်းပြနေတဲ့ ညာနောက်ခံလူကို ရီးရဲလ်မက်ဒရစ်က အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ရီးရဲလ်အနေနဲ့ အင်္ဂလန်သားအတွက် ယူရို သန်း ၆၀ ထိ ပေးဖို့တောင် စီစဉ်ထားပေမဲ့ ချဲလ်ဆီးကတော့ နောက်ခံလူအတွက် ကမ်းလှမ်းလာသမျှကို ပယ်ချသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ရီစီဂျိမ်းစ်တစ်ယောက် အသင်းကနေ ထွက်ခွာပြီး ရီးရဲလ်ကို ပြောင်းလာဖို့အတွက် ဥက္ကဌ ပီရက်ဇ်အနေနဲ့ ကစားသမားကို ဖြောင်းဖြသွားရဖို့လည်း ရှိနေပါတယ်။ ရီးရဲလ်ရဲ့ ဂျိမ်းစ်အပေါ် စိတ်ဝင်စားလာမှုက နည်းပြ အန်ဆယ်လော့တီ ကာဗာဂျယ်နေရာအတွက် ကစာသမား ရှာဖွေနေမှုနဲလည်း သက်ဆိုင်နေခဲ့ပါတယ်။
ကာဗာဂျယ်ဟာ ယခုနှစ်တွေအတွင်း ကြံ့ခိုင်မှု ပြဿနာနဲ့ ရုန်းကန်နေရပြီး သူ့နေရာအတွက် လူးကပ်စ် ဗက်ဇ်ကွက်က နေရာပြောင်းပြီး ကစားပေးနေခဲ့ရပါတယ်။ ရီးရဲလ်တို့ လာမယ့်ရာသီ ကာဗာဂျယ်နဲ့ ယှဉ်ပြိုင်ဖို့အတွက် ကစားသမားသစ် ရှာဖွေနေပြီး ပါဗက်ကိုချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ် နောက်ခံလူဟာ ဒီရာသီမှာ မျှော်မှန်းထားတဲ့ အတိုင်း ခြေစွမ်းမပြနိုင်ခဲ့ပဲ ရုန်းကန်နေခဲ့ရပါတယ်။
ဒါကြောင့် ရီးရဲလ်အနေနဲ့ ယခုနှစ်ရာသီ အထူးခြေစွမ်းပြနေတဲ့ ရီစီဂျိမ်းစ်ဘက်ကို လှည့်လာခဲ့တာ ဖြစ်ပါတယ်။ ဂျိမ်းစ်ဟာ နည်းပြ တူချယ်လက်ထက် တောက်လျောက် နေရာရနေပြီး ယမန်နှစ်ရာသီ ချန်ပီယံလိဂ်ဖလား ရအောင် ကူညီပေး ခဲ့ပါတယ်။
ခံစစ်မှူး ၃ဦးနဲ့ ကစားကွက်မှာ ဂျိမ်းစ်တစ်ယောက် တိုက်စစ်မှာ ဂိုးတွေ တက်သွင်းနိုင်သလို ခံစစ်ကိုလည်း လစ်ဟင်းမှု မရှိအောင် ကစားနိုင်ခဲ့တာကြောင့် ဘက်စုံသုံး နောက်ခံလူကို ရီးရဲလ်တို့ စိတ်ဝင်စားလာခဲ့တာလို့ ဆိုပါတယ်။
ဒါပေမဲ့ လက်ရှိ ချဲလ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့်ရပြီး ပျော်ရွှင်နေတဲ့ နောက်ခံလူကို ခေါ်ယူနိုင်ရေးအတွက် ပီရက်ဇ်အနေနဲ့ အတော်လေး စည်းရုံးနိုင်ဖို့ လိုအပ်ကြောင်း သတင်းတွေက ဆိုပါတယ်။

ZG
ရီးရဲလ္မက္ဒရစ္ အသင္းဟာ ခ်ဲလ္ဆီး ေနာက္ခံလူ ရီစီဂ်ိမ္းစ္ကို စိတ္ဝင္စားလာၿပီး ယူ႐ို သန္း ၆၀ နဲ႔ ကမ္းလွမ္းဖို႔ အသင့္ျဖစ္ေနေၾကာင္း သိရပါတယ္။
လက္ရွိ ေျခစြမ္းျပေနတဲ့ ညာေနာက္ခံလူကို ရီးရဲလ္မက္ဒရစ္က အဓိက ပစ္မွတ္အျဖစ္ သတ္မွတ္လာခဲ့တာလည္း ျဖစ္ပါတယ္။ ရီးရဲလ္အေနနဲ႔ အဂၤလန္သားအတြက္ ယူ႐ို သန္း ၆၀ ထိ ေပးဖို႔ေတာင္ စီစဥ္ထားေပမဲ့ ခ်ဲလ္ဆီးကေတာ့ ေနာက္ခံလူအတြက္ ကမ္းလွမ္းလာသမွ်ကို ပယ္ခ်သြားဖို႔ ရွိေနတယ္လို႔ ဆိုပါတယ္။
ရီစီဂ်ိမ္းစ္တစ္ေယာက္ အသင္းကေန ထြက္ခြာၿပီး ရီးရဲလ္ကို ေျပာင္းလာဖို႔အတြက္ ဥကၠဌ ပီရက္ဇ္အေနနဲ႔ ကစားသမားကို ေျဖာင္းျဖသြားရဖို႔လည္း ရွိေနပါတယ္။ ရီးရဲလ္ရဲ႕ ဂ်ိမ္းစ္အေပၚ စိတ္ဝင္စားလာမႈက နည္းျပ အန္ဆယ္ေလာ့တီ ကာဗာဂ်ယ္ေနရာအတြက္ ကစာသမား ရွာေဖြေနမႈနဲလည္း သက္ဆိုင္ေနခဲ့ပါတယ္။
ကာဗာဂ်ယ္ဟာ ယခုႏွစ္ေတြအတြင္း ႀကံ့ခိုင္မႈ ျပႆနာနဲ႔ ႐ုန္းကန္ေနရၿပီး သူ႔ေနရာအတြက္ လူးကပ္စ္ ဗက္ဇ္ကြက္က ေနရာေျပာင္းၿပီး ကစားေပးေနခဲ့ရပါတယ္။ ရီးရဲလ္တို႔ လာမယ့္ရာသီ ကာဗာဂ်ယ္နဲ႔ ယွဥ္ၿပိဳင္ဖို႔အတြက္ ကစားသမားသစ္ ရွာေဖြေနၿပီး ပါဗက္ကိုခ်ိတ္ဆက္မႈေတြ ျပဳလုပ္ခဲ့ေပမဲ့ ဘိုင္ယန္ျမဴးနစ္ ေနာက္ခံလူဟာ ဒီရာသီမွာ ေမွ်ာ္မွန္းထားတဲ့ အတိုင္း ေျခစြမ္းမျပႏိုင္ခဲ့ပဲ ႐ုန္းကန္ေနခဲ့ရပါတယ္။
ဒါေၾကာင့္ ရီးရဲလ္အေနနဲ႔ ယခုႏွစ္ရာသီ အထူးေျခစြမ္းျပေနတဲ့ ရီစီဂ်ိမ္းစ္ဘက္ကို လွည့္လာခဲ့တာ ျဖစ္ပါတယ္။ ဂ်ိမ္းစ္ဟာ နည္းျပ တူခ်ယ္လက္ထက္ ေတာက္ေလ်ာက္ ေနရာရေနၿပီး ယမန္ႏွစ္ရာသီ ခ်န္ပီယံလိဂ္ဖလား ရေအာင္ ကူညီေပး ခဲ့ပါတယ္။
ခံစစ္မႉး ၃ဦးနဲ႔ ကစားကြက္မွာ ဂ်ိမ္းစ္တစ္ေယာက္ တိုက္စစ္မွာ ဂိုးေတြ တက္သြင္းႏိုင္သလို ခံစစ္ကိုလည္း လစ္ဟင္းမႈ မရွိေအာင္ ကစားႏိုင္ခဲ့တာေၾကာင့္ ဘက္စုံသုံး ေနာက္ခံလူကို ရီးရဲလ္တို႔ စိတ္ဝင္စားလာခဲ့တာလို႔ ဆိုပါတယ္။
ဒါေပမဲ့ လက္ရွိ ခ်ဲလ္ဆီးမွာ ပုံမွန္ ပြဲထြက္ခြင့္ရၿပီး ေပ်ာ္႐ႊင္ေနတဲ့ ေနာက္ခံလူကို ေခၚယူႏိုင္ေရးအတြက္ ပီရက္ဇ္အေနနဲ႔ အေတာ္ေလး စည္း႐ုံးႏိုင္ဖို႔ လိုအပ္ေၾကာင္း သတင္းေတြက ဆိုပါတယ္။