မန်စီးတီးထက် လီဗာပူး ပိုဆရာကျတဲ့ နေရာ ရှိတယ်လို့ ထုတ်ဖော်ပြောလာတဲ့ ဂွာဒီယိုလာ

မန်စီးတီး အသင်းနည်းပြ ဂွါဒီယိုလာက မိမိတို့အသင်းဟာ ခံစစ်ကောင်းတဲ့အသင်း မဟုတ်တာကြောင့် လီဗာပူးကို မယှဉ်နိုင်ဘူး လို့ ပြောကြားလိုက်ပါတယ်။

မန်စီးတီးဟာ ခံစစ်ပိုင်းအတွက် နောက်ခံလူတွေကို ဈေးကြီးပေးပြီး ခေါ်ယူထားခဲ့ပေမယ့် ကွင်းလယ်ပိုင်းအပြင် အစွန်ခံစစ် တွေမှာပါ အားနည်းနေတာပါ။ ဘောလုံးပိုင်ဆိုင်မှုပိုင်းကို အားပြုကစားတာကြောင့် ဂွါဒီယိုလာဟာ ကွင်းလယ် ကစားသမားတွေကိုသာ ခေါ်ယူလေ့ ရှိတာ ဖြစ်ပါတယ်။

ပရီးမီးယာလိဂ် ၈ ပွဲဆက်အနိုင်ရရှိပြီး တိုက်စစ်က ၂၃ ဂိုး နဲ့ ခံစစ်က ၃ ဂိုးပဲ ပေးရပြီးနောက် ဂွါဒီယိုလာက သူတို့အသင်းဟာ ဘာစီလိုအသင်းကဲ့သို့ ဘောလုံးပိုင်ဆိုင်မှုပိုင်း နဲ့ ပွဲကို ထိန်းချုပ်နိုင်တဲ့နေရာမှာ ကောင်းတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် တစ်ဦးချင်းနေရာမှာ သူ့ကစားသမားတွေဟာ ခံစစ်ပိုင်း သိပ်မကောင်းဘူးလို့ ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။

“အဲ့တာက ဘောလုံးပါ။ မင်းအနေနဲ့ ငါ့ရဲ့ကစားသမားတစ်ဦးချင်းကို ကြည့်မယ်ဆိုရင် ခံစစ် ကစားတာ မကောင်းဘူး ဆိုတာ မြင်ပါလိမ့်မယ် ဘာနာဒို ၊ ဂန်ဒိုဂန် ၊ ဒီဘရိုင်း ၊ စတာလင် ၊ မာရက်ဇ် ၊ ကန်ဆယ်လို နဲ့ ဇင်ချန်ကို တောင် ခံစစ်မကောင်းပါဘူး။ ဒါပေမယ့် ငါတို့မှာ ဘောလုံးရှိတယ်။ အဲ့တာပဲ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပြသနေတာပါ။ အဲ့တာက တစ်ခုတည်းသော အကြောင်းပြချက်ပါတယ်။

အခွင့်အရေးတွေဖန်တီးမယ်၊ ပေးဂိုးနည်းနည်းပဲပေးမယ်။ ကွင်းလယ်ကစားသမားက ဘောလုံးကိုင်ထားမယ်ဆိုရင် တိုက်စစ် ကစားရတာ လွယ်ပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာဆိုရင် ဘောလုံးပေးပို့မှု ၃ ကြိမ် ဒါမှမဟုတ် ၄ ကြိမ်တည်းနဲ့ တိုက်စစ်သွားတာပါ။

” အဲ့နေရာမှာ လီဗာပူးက ဆရာကျပါတယ်။ အဲ့တာကို ဘယ်လိုလုပ်ရမလဲမသိပါဘူး။ မောင်းနှင်ဖို့ပဲ သိပြီး ဘောလုံးနဲ့ ကစားရမယ် ဆိုတာပဲသိပါတယ်။ နယူးကာဆယ်နဲ့ ပထမပိုင်းတုန်းကဆို အခွင့်အရေး ၂ ကြိမ် ၃ ကြိမ်ပဲ ဖန်တီးနိုင်ခဲ့ ပါတယ်။ ဒုတိယပိုင်းမှာ ပိုများပါတယ်။ စိတ်ရှည်တာက ပျင်းရိတယ် မဆိုလိုပါဘူး။ ဘောလုံးရှိနေမယ်ဆိုရင် အဲ့တာက ကိုယ့်အတွက် အဆင်ပြေပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ ပြိုင်ဘက် လီဗာပူးကို ၃ မှတ်ဖြတ် ဦးဆောင်နေပြီး လက်စတာကိုသာ အနိုင်ရရှိခဲ့မယ်ဆိုရင် လီဗာပူး နဲ့ လိဒ်ပွဲက ရွှေ့ဆိုင်းထားတာကြောင့် ၆ မှတ်ဖြတ်ထားနိုင်မှာဖြစ်ပါတယ်။

ZG

မန္စီးတီး အသင္းနည္းျပ ဂြါဒီယိုလာက မိမိတို႔အသင္းဟာ ခံစစ္ေကာင္းတဲ့အသင္း မဟုတ္တာေၾကာင့္ လီဗာပူးကို မယွဥ္ႏိုင္ဘူး လို႔ ေျပာၾကားလိုက္ပါတယ္။

မန္စီးတီးဟာ ခံစစ္ပိုင္းအတြက္ ေနာက္ခံလူေတြကို ေဈးႀကီးေပးၿပီး ေခၚယူထားခဲ့ေပမယ့္ ကြင္းလယ္ပိုင္းအျပင္ အစြန္ခံစစ္ ေတြမွာပါ အားနည္းေနတာပါ။ ေဘာလုံးပိုင္ဆိုင္မႈပိုင္းကို အားျပဳကစားတာေၾကာင့္ ဂြါဒီယိုလာဟာ ကြင္းလယ္ ကစားသမားေတြကိုသာ ေခၚယူေလ့ ရွိတာ ျဖစ္ပါတယ္။

ပရီးမီးယာလိဂ္ ၈ ပြဲဆက္အႏိုင္ရရွိၿပီး တိုက္စစ္က ၂၃ ဂိုး နဲ႔ ခံစစ္က ၃ ဂိုးပဲ ေပးရၿပီးေနာက္ ဂြါဒီယိုလာက သူတို႔အသင္းဟာ ဘာစီလိုအသင္းကဲ့သို႔ ေဘာလုံးပိုင္ဆိုင္မႈပိုင္း နဲ႔ ပြဲကို ထိန္းခ်ဳပ္ႏိုင္တဲ့ေနရာမွာ ေကာင္းတယ္လို႔ ဆိုခဲ့ပါတယ္။ ဒါေပမယ့္ တစ္ဦးခ်င္းေနရာမွာ သူ႔ကစားသမားေတြဟာ ခံစစ္ပိုင္း သိပ္မေကာင္းဘူးလို႔ ထုတ္ေဖာ္ ေျပာၾကား ခဲ့ပါတယ္။

“အဲ့တာက ေဘာလုံးပါ။ မင္းအေနနဲ႔ ငါ့ရဲ႕ကစားသမားတစ္ဦးခ်င္းကို ၾကည့္မယ္ဆိုရင္ ခံစစ္ ကစားတာ မေကာင္းဘူး ဆိုတာ ျမင္ပါလိမ့္မယ္ ဘာနာဒို ၊ ဂန္ဒိုဂန္ ၊ ဒီဘ႐ိုင္း ၊ စတာလင္ ၊ မာရက္ဇ္ ၊ ကန္ဆယ္လို နဲ႔ ဇင္ခ်န္ကို ေတာင္ ခံစစ္မေကာင္းပါဘူး။ ဒါေပမယ့္ ငါတို႔မွာ ေဘာလုံးရွိတယ္။ အဲ့တာပဲ တည္ၿငိမ္တဲ့စြမ္းေဆာင္ရည္ျပသေနတာပါ။ အဲ့တာက တစ္ခုတည္းေသာ အေၾကာင္းျပခ်က္ပါတယ္။

အခြင့္အေရးေတြဖန္တီးမယ္၊ ေပးဂိုးနည္းနည္းပဲေပးမယ္။ ကြင္းလယ္ကစားသမားက ေဘာလုံးကိုင္ထားမယ္ဆိုရင္ တိုက္စစ္ ကစားရတာ လြယ္ပါတယ္။ နယူးကာဆယ္နဲ႔ပြဲမွာဆိုရင္ ေဘာလုံးေပးပို႔မႈ ၃ ႀကိမ္ ဒါမွမဟုတ္ ၄ ႀကိမ္တည္းနဲ႔ တိုက္စစ္သြားတာပါ။

” အဲ့ေနရာမွာ လီဗာပူးက ဆရာက်ပါတယ္။ အဲ့တာကို ဘယ္လိုလုပ္ရမလဲမသိပါဘူး။ ေမာင္းႏွင္ဖို႔ပဲ သိၿပီး ေဘာလုံးနဲ႔ ကစားရမယ္ ဆိုတာပဲသိပါတယ္။ နယူးကာဆယ္နဲ႔ ပထမပိုင္းတုန္းကဆို အခြင့္အေရး ၂ ႀကိမ္ ၃ ႀကိမ္ပဲ ဖန္တီးႏိုင္ခဲ့ ပါတယ္။ ဒုတိယပိုင္းမွာ ပိုမ်ားပါတယ္။ စိတ္ရွည္တာက ပ်င္းရိတယ္ မဆိုလိုပါဘူး။ ေဘာလုံးရွိေနမယ္ဆိုရင္ အဲ့တာက ကိုယ့္အတြက္ အဆင္ေျပပါတယ္”လို႔ ဂြါဒီယိုလာက ေျပာၾကားခဲ့ပါတယ္။

မန္စီးတီးဟာ ၿပိဳင္ဘက္ လီဗာပူးကို ၃ မွတ္ျဖတ္ ဦးေဆာင္ေနၿပီး လက္စတာကိုသာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ လီဗာပူး နဲ႔ လိဒ္ပြဲက ေ႐ႊ႕ဆိုင္းထားတာေၾကာင့္ ၆ မွတ္ျဖတ္ထားႏိုင္မွာျဖစ္ပါတယ္။