အာတီတာ တောင်းဆိုထားတဲ့ ပစ်မှတ် ၃ဦး ၊ ဘာဘာတော့ဗ်ခန့်မှန်းနဲ့ ယနေ့ည အာဆင်နယ် သတင်းများ

အာဆင်နယ်အနေနဲ့ ဥရောပထိပ်သီးတွေကို အလဲထိုးပြီး ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ဖီအိုရင်တီးနားဘက်က တောင်းဆိုတဲ့ ယူရိုသန်း ၈၀ ဟာ အာဆင်နယ်အတွက် အခက်အခဲဖြစ်လာဖွယ် ရှိနေပါတယ်။

ကွင်းလယ်လူ အိုဒီဂတ်က အာဆင်နယ် အသင်းမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ လူငယ်စုဖွဲ့မှုကို ပိုင်ဆိုင်ထားကြောင်း၊ လူငယ် ကစားသမားတွေဟာ အချိန်တိုအတွင်း အသင်းကိုများစွာ ကူညီနိုင်ပြီး နှစ်စဉ် တိုးတက်လျက် ရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘောက်ဆင်ဒေးမှာ ယှဉ်ပြိုင်ကစားမဲ့ ပွဲစဉ်မှာ အာဆင်နယ်အနေနဲ့ အဝေးကွင်းမှာ နော့ဝှစ်ချ်ကို ဝ-၂ ဂိုးနဲ့အနိုင် ရမှာဖြစ်တယ်လို့ မန်ယူတိုက်စစ်မှုးဟောင်း ဘာဘာတော့ဗ်က ခန့်မှန်းလိုက်ပါတယ်။

နော့ဝှစ်အသင်းဟာ ပြသနာ ကြီးကြီးမားမား ရှိနေဆဲဖြစ်ပြီး အာဆင်နယ်ကတော့ အားကောင်းလျက်ရှိနေကြောင်း၊ ဒါကြောင့် ဒီပွဲမှာ အံ့အားသင့်ဖွယ် ရလဒ်မျိုး မြင်ရဖွယ်မရှိကြောင်း သုံးသပ်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ဒီနှစ်မှာ အဆင့် လေး အတွင်း ဝင်ရောက်နိုင်ရေးအတွက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား ၃ ဦး အားဖြည့်ပေးဖို့တောင်းဆိုထားကြောင်း သိရပါတယ်။

အာတီတာ တောင်းဆိုထားသူတွေကတော့ ဘာစီလိုနာ နောက်ခံလူ လန်လက်ချ်၊ ဂျူဗင်တပ်ကွင်းလယ်လူ အာသာနဲ့ တိုက်စစ်မှူး နူနက်ဇ်တို့ ဖြစ်ပါတယ်။

ဗီလာ တိုက်စစ်မူှးဟောင်း အဘွန်လဟော်က အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ တိုက်စစ်မှုး အူဘာမီယန်အပေါ် အပြစ်ပေးပုံက ပြင်းထန်လွန်းတယ်လို့ ထောက်ပြလိုက်ပြီး အူဘာမီယန်အနေနဲ့ ပထမအသင်းနဲ့ လေ့ကျင့်ခန်း မဆင်းရဘူး ဆိုတာ ပိုလွန်းရာကျကြောင်း ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ အေဂျက်ဇ် ညာနောက်ခံလူ Mazraoui ကို ခေါ်ယူနိုင်ဖွယ် မရှိတော့ကြောင်း သိရပါတယ်။ လက်ရှိမှာ အေဂျက်ဇ်အနေနဲ့ Mazraoui ကိုဘာစီလိုနာနောက်ခံလူ ဆာဂျီနိုဒက်စ်နဲ့ အလဲအထပ်ပြုလုပ်ဖို့ နီးစပ်နေတာပါ။ အာဆင်နယ်ဟာ တိုမီယာဆုနဲ့ အပြိုင်ဖြစ်စေဖို့ Mazraoui ကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ အဲဗာတန်တိုက်စစ်မှူး ကဲလ်ဗတ် လီဝင်ကို ခေါ်ယူသင့်ကြောင်း လီဗာပူးဂန္ထဝင် ဂျွန်ဘန်းစ်က တိုက်တွန်းသွားပါတယ်။ လီဝင်ဟာ ငယ်ရွယ်ပြီး အင်္ဂလန် ကစားသမားလည်း ဖြစ်ကာ လီဝင်အနေနဲ့ အာဆင်နယ်ကိုပြောင်းမယ်ဆိုရင် ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အပြောင်းအရွှေ့ ဖြစ်လာမယ်လို့ ၎င်းက မှတ်ချက်ပြု ခဲ့ပါတယ်။