မာရှယ်က အသင်းပြောင်းချင်တယ် ပြောနေပေမယ့် ဘယ်အသင်းကမှ မကမ်းလှမ်းဘူး လို့ ရန်းနစ် ထုတ်ပြော
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မာရှယ် ဟာ အသင်းကနေ ထွက်ခွာချင်တယ်လို့ ယာယီနည်းပြ ရင်းနစ် အား ပြောထားတာကို ဘီဘီစီ သတင်းက ဖော်ပြလိုက်ပါတယ်။ ရင်းနစ် က မာရှယ်နဲ့ ဗုန္ဓဟူးနေ့ က စကား အကြာကြီးပြောဆို ဆွေးနွေးခဲ့တာပါ။
မာရှယ် ဟာ ဒီရာသီမှာ အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂)ပွဲသာ ပွဲထွက်မှာ ပါဝင်ခွင့်ရခဲ့ပြီး (၁)ဂိုး သွင်းယူ ထားတာပါ။ ကစားသမားကတော့ အသင်းက ထွက်ခွာဖို့ ဆန္ဒပြင်းပြနေပေမယ့် သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ မရသေးဘူးလို့ နည်းပြက အတည်ပြုခဲ့ပါတယ်။
မာရှယ်ရဲ့ အေးဂျင့်ဖြစ်သူက ကစားသမား ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာချင်နေပြီး ကလပ်အသင်းနဲ့ မကြာခ င်စကားပြောဆိုသွားမယ်လို့ ပြောထားတာဖြစ်ပါတယ်။

မန်ယူနည်းပြ ရင်းနစ် က “မာရှယ် က သူဟာ ယူနိုက်တက်အသင်းမှာ လွန်ခဲ့တဲ့ ၇ နှစ်တည်းက ရှိခဲ့တာဖြစ်ပြီး အခြား တနေရာကို သွားဖို့အတွက် အပြောင်းအလဲလုပ်ဖို့အချိန်တန်ပြီလို့ ခံစားနေရကြောင်း ရှင်းပြခဲ့တယ်”
“ဒါတွေကို ကျွန်တော်နားလည်ပါတယ်။ သူ့အတွေးကို သိပေမယ့် တဖက်မှာလည်း ကလပ်ရဲ့ အခြေအနေကို ကြည့်ရပါမယ်။ ကျွန်တော်တို့မှာ ကိုဗစ်ကာလတွေရှိပါတယ်။ ကျွန်တော်တို့ဟာ ရည်မှန်းချက် ကြီးကြီးမားမားနဲ့ ပြိုင်ပွဲ(၃)ခုမှာ အောင်မြင်မှုတွေ ရယူချင်ပါတယ်”
“ကျွန်တော် သိရသလောက်တော့ အခြားကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေမရသေးပါဘူး။ အဲ့ဒါကြောင့် အခု အခြေအနေတိုင်းပဲ ဒီမှာပဲ ဆက်ရှိနေမှာပါ”လို့ ပြောဆိုသွားပါတယ်။
မာရှယ် ဟာ (၂၀၁၅)က မိုနာကို ကနေ ပေါင်(၃၆)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ထိုစဉ်က ဆယ်ကျော်သက် ကစားသမားတွေထဲမှာ ကမ္ဘာ့ ဈေးအကြီးဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ မာရှယ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် (၂၆၈)ပွဲ ပါဝင်ကစားကာ (၇၉)ဂိုးသွင်းယူထားတာပါ။
ဒါပေမယ့် အသင်းကို ကာဗာနီ၊ ဆန်ချိုနဲ့ ရော်နယ်ဒို တို့ရောက်လာပြီးနောက်ပိုင်း ကစားခွင့်ဆုံးရှုံးခဲ့တာကြောင့် မာရှယ် အတွက် စိတ်ပျက်စရာ ဖြစ်လာပါတယ်။

ZG
မန္ခ်က္စတာ ယူႏိုက္တက္ တိုက္စစ္မႈး မာရွယ္ ဟာ အသင္းကေန ထြက္ခြာခ်င္တယ္လို႔ ယာယီနည္းျပ ရင္းနစ္ အား ေျပာထားတာကို ဘီဘီစီ သတင္းက ေဖာ္ျပလိုက္ပါတယ္။ ရင္းနစ္ က မာရွယ္နဲ႔ ဗုႏၶဟူးေန႔ က စကား အၾကာႀကီးေျပာဆို ေဆြးေႏြးခဲ့တာပါ။
မာရွယ္ ဟာ ဒီရာသီမွာ အသင္းအတြက္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ (၂)ပြဲသာ ပြဲထြက္မွာ ပါ၀င္ခြင့္ရခဲ့ၿပီး (၁)ဂိုး သြင္းယူ ထားတာပါ။ ကစားသမားကေတာ့ အသင္းက ထြက္ခြာဖို႔ ဆႏၵျပင္းျပေနေပမယ့္ သူ႔ကို ေခၚယူဖို႔ ကမ္းလွမ္းမႈေတြ မရေသးဘူးလို႔ နည္းျပက အတည္ျပဳခဲ့ပါတယ္။
မာရွယ္ရဲ႕ ေအးဂ်င့္ျဖစ္သူက ကစားသမား ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာခ်င္ေနၿပီး ကလပ္အသင္းနဲ႔ မၾကာခ င္စကားေျပာဆိုသြားမယ္လို႔ ေျပာထားတာျဖစ္ပါတယ္။
မန္ယူနည္းျပ ရင္းနစ္ က “မာရွယ္ က သူဟာ ယူႏိုက္တက္အသင္းမွာ လြန္ခဲ့တဲ့ ၇ နွစ္တည္းက ရွိခဲ့တာျဖစ္ၿပီး အျခား တေနရာကို သြားဖို႔အတြက္ အေျပာင္းအလဲလုပ္ဖို ႔အခ်ိန္တန္ၿပီလို႔ ခံစားေနရေၾကာင္း ရွင္းျပခဲ့တယ္”
“ဒါေတြကို ကြၽန္ေတာ္နားလည္ပါတယ္။ သူ႔အေတြးကို သိေပမယ့္ တဖက္မွာလည္း ကလပ္ရဲ႕ အေျခအေနကို ၾကည့္ရပါမယ္။ ကြၽန္ေတာ္တို႔မွာ ကိုဗစ္ကာလေတြရွိပါတယ္။ ကြၽန္ေတာ္တို႔ဟာ ရည္မွန္းခ်က္ ႀကီးႀကီးမားမားနဲ႔ ၿပိဳင္ပြဲ(၃)ခုမွာ ေအာင္ျမင္မႈေတြ ရယူခ်င္ပါတယ္”
“ကြၽန္ေတာ္ သိရသေလာက္ေတာ့ အျခားကလပ္ေတြရဲ႕ ကမ္းလွမ္းမႈေတြမရေသးပါဘူး။ အဲ့ဒါေၾကာင့္ အခု အေျခအေနတိုင္းပဲ ဒီမွာပဲ ဆက္ရွိေနမွာပါ”လို႔ ေျပာဆိုသြားပါတယ္။
မာရွယ္ ဟာ (၂၀၁၅)က မိုနာကို ကေန ေပါင္(၃၆)သန္းနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ထိုစဥ္က ဆယ္ေက်ာ္သက္ ကစားသမားေတြထဲမွာ ကမာၻ႔ ေစ်းအႀကီးဆံုး ကစားသမား ျဖစ္ခဲ့ပါတယ္။ မာရွယ္ ဟာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းအတြက္ (၂၆၈)ပြဲ ပါ၀င္ကစားကာ (၇၉)ဂိုးသြင္းယူထားတာပါ။
ဒါေပမယ့္ အသင္းကို ကာဗာနီ၊ ဆန္ခ်ိဳနဲ႔ ေရာ္နယ္ဒို တို႔ေရာက္လာၿပီးေနာက္ပိုင္း ကစားခြင့္ဆုံးရႈံးခဲ့တာေၾကာင့္ မာရွယ္ အတြက္ စိတ္ပ်က္စရာ ျဖစ္လာပါတယ္။