လီဗာပူး ကစားသမား အဖျက်ကြမ်းလို့ ခြေထောက်ပါ ကျိုးသွားတဲ့ လက်စတာ နောက်ခံလူ ပါရဲယား
လီဗာပူး လူငယ်ကစားသမား တိုင်လာမော်တန်ရဲ့ ခြေစုံပစ် ဖျက်ထုတ်မှုကနေ လက်စတာနောက်ခံလူ ရီကာဒို ပါရဲယားဟာ ခြေထောက်ကျိုးသွားခဲ့တယ်လို့သိရပါတယ်။ အန်ဖီးလ်မှာ ကာရာဘောင်ကွာတားဖိုင်နယ် အဖြစ် ကစားရာတွင် အသက်၁၉နှစ်အရွယ် မော်တန်ဟာ ပါရဲယားဆီက ဘောလုံးရဖို့မနားတမ်း ဖျက်ထုတ်မှု လုပ်ခဲ့တာ ဖြစ်ပါတယ်။
မော်တန်ဟာ ရီကာဒိုရဲ့ ခြေထောက်ကို ဖျက်ထုတ်မိရက်သား ဖြစ်သွားပြီး လက်စတာ နောက်ခံလူဟာလည်း ဒဏ်ရာ ပြင်းထန်စွာ ရကာ လူစားလဲခဲ့ရပါတယ်။ အဆိုပါဖျက်ထုတ်မှုကို VAR ပြန်ကြည့်ခဲ့ပေမယ့် ဒိုင်လူကြီးမက်ဒလေက အဝါကတ်သာ ပြခဲ့ပါတယ်။

မန်စီးတီးကို ၆-၃ဂိုးဖြင့် ရှုံးနိမ့်မှုအပြီးမှာ လက်စတာနည်းပြ ရော်ဂျာက ပါရဲယားရဲ့ ဒဏ်ရာအခြေအနေကို ဖွင့်ဟပါတယ်။
“ရီကာဒို ပါရဲယားက ၆ပတ်ကနေ ၈ပတ်အထိ နားရမှာပါ။ သူ အလုပ် ကြိုးစားနေခဲ့တာဖြစ်လို့ သူ့အတွက် စိတ်ပျက်စရာပါပဲ။ ဒီဖြစ်ရပ်ကို ဒိုင်လူကြီးက မမြင်လိုက်ပါဘူး (ခြေချောင်းအထက်) တံကျင်ရိုး အက်သွားတာပါ။ အဆိုးရွားဆုံး မဖြစ်သွားတာဘဲ ကံကောင်းလှပါတယ်”ဟု ဆိုသွားခဲ့ပါတယ်။
အသက်၂၈နှစ် ရီကာဒို ပါရဲယားဟာ ၂၀၂၀မှာလည်း ပြင်းထန်တဲ့ ACL ဒဏ်ရာ ရရှိ ခံစားခဲ့ပြီး အဲဒီနောက်ပိုင်း သူရဲ့ ထိပ်တန်းခြေစွမ်း ပြန်ရဖို့ခဲယဉ်းနေခဲ့တာ ဖြစ်ပါတယ်။ လက်စတာအတွက် ပါရဲယားဟာ နောက်ဆုံး ဒဏ်ရာရတဲ့ နောက်ခံလူ တစ်ဦး ဖြစ်ပြီး ခံစစ်ပိုင်းမှာ ဂျွန်နီအီဗန်စ်၊ ဝက်စလေ ဖိုဖာနာ၊ ဂျိမ်းစ်ဂျက်စတင်၊ ဆိုယန်ကူတို့ ဒဏ်ရာအသီးသီး ရနေကြပါတယ်။
ဒါတင်မကသေးပါဘူး အီတီဟက်ဒ်တွင် သွေးပူလေ့ကျင်ရေး လုပ်ရာမှာ နောက်ခံလူ ဘာထရန်ဟာလည်း ဒဏ်ရာရရှိကာ လူစာရင်းကနေ ထွက်ခဲ့ရပါတယ်။

လီဗာပူးအသင်းဟာ လာမယ့် ကြာသပတေးနေ့တွင် လက်စတာကွင်း ကင်းပါဝါမှာ ကစားရမှာ ဖြစ်တာကြောင့် လူငယ်ကစားသမား မော်တန်အနေဖြင့် အိမ်ကွင်းပရိသတ်တွေရဲ့ အမျက်ထွက်မှုနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ ပေါ်တူ ဂီညာနောက်ခံလူ ရီကာဒိုပါရဲယားက ပြင်းထန်တဲ့ ဖျက်ထုတ်မှုအပေါ် ပြစ်ဒဏ်ပေးဖို့ပျက်ကွက်ခဲ့တဲ့ ဒိုင်ကို အင်စတာ ဂရမ်ကနေ ဝေဖန်ခဲ့ပါတယ်။
“အရှိကို အရှိတိုင်းပြောတာပါ။ ပွဲပြန်ကစားရတဲ့အခါမှာ ကျွန်တော်အနေနဲ့ ကံမကောင်းဘူးလို့သင်ပြောနိုင်တယ် ဒါပေမဲ့ ရာသီအထိ နားရနိုင်တဲ့ ဖျက်ထုတ်မှု ခံရတဲ့နောက် ACL ဒဏ်ရာ ထပ်ဖြစ်နိုင်တဲ့နောက်မှာ အဆိုးဆုံး မဖြစ်ခဲ့တဲ့အတွက် ကံကောင်းတယ်လို့ယူဆမှာ မဟုတ်ပါဘူး။ ကျွန်တော် ပြောသလိုဘဲ အရှိကို အရှိတိုင်း ပြောတာပါ။ တစ်ချို့ကတော့ အဝါကတ်သာ ပြခံရတယ်”ဟု ရေးသားပြောဆိုခဲ့ပါတယ်။

ZG
လီဗာပူး လူငယ္ကစားသမား တိုင္လာေမာ္တန္ရဲ႕ ေျခစုံပစ္ ဖ်က္ထုတ္မႈကေန လက္စတာေနာက္ခံလူ ရီကာဒို ပါရဲယားဟာ ေျခေထာက္က်ိဳးသြားခဲ့တယ္လို႔သိရပါတယ္။ အန္ဖီးလ္မွာ ကာရာေဘာင္ကြာတားဖိုင္နယ္ အျဖစ္ ကစားရာတြင္ အသက္၁၉ႏွစ္အ႐ြယ္ ေမာ္တန္ဟာ ပါရဲယားဆီက ေဘာလုံးရဖို႔မနားတမ္း ဖ်က္ထုတ္မႈ လုပ္ခဲ့တာ ျဖစ္ပါတယ္။
ေမာ္တန္ဟာ ရီကာဒိုရဲ႕ ေျခေထာက္ကို ဖ်က္ထုတ္မိရက္သား ျဖစ္သြားၿပီး လက္စတာ ေနာက္ခံလူဟာလည္း ဒဏ္ရာ ျပင္းထန္စြာ ရကာ လူစားလဲခဲ့ရပါတယ္။ အဆိုပါဖ်က္ထုတ္မႈကို VAR ျပန္ၾကည့္ခဲ့ေပမယ့္ ဒိုင္လူႀကီးမက္ဒေလက အဝါကတ္သာ ျပခဲ့ပါတယ္။
မန္စီးတီးကို ၆-၃ဂိုးျဖင့္ ရႈံးနိမ့္မႈအၿပီးမွာ လက္စတာနည္းျပ ေရာ္ဂ်ာက ပါရဲယားရဲ႕ ဒဏ္ရာအေျခအေနကို ဖြင့္ဟပါတယ္။
“ရီကာဒို ပါရဲယားက ၆ပတ္ကေန ၈ပတ္အထိ နားရမွာပါ။ သူ အလုပ္ ႀကိဳးစားေနခဲ့တာျဖစ္လို႔ သူ႔အတြက္ စိတ္ပ်က္စရာပါပဲ။ ဒီျဖစ္ရပ္ကို ဒိုင္လူႀကီးက မျမင္လိုက္ပါဘူး (ေျခေခ်ာင္းအထက္) တံက်င္႐ိုး အက္သြားတာပါ။ အဆိုး႐ြားဆုံး မျဖစ္သြားတာဘဲ ကံေကာင္းလွပါတယ္”ဟု ဆိုသြားခဲ့ပါတယ္။
အသက္၂၈ႏွစ္ ရီကာဒို ပါရဲယားဟာ ၂၀၂၀မွာလည္း ျပင္းထန္တဲ့ ACL ဒဏ္ရာ ရရွိ ခံစားခဲ့ၿပီး အဲဒီေနာက္ပိုင္း သူရဲ႕ ထိပ္တန္းေျခစြမ္း ျပန္ရဖို႔ခဲယဥ္းေနခဲ့တာ ျဖစ္ပါတယ္။ လက္စတာအတြက္ ပါရဲယားဟာ ေနာက္ဆုံး ဒဏ္ရာရတဲ့ ေနာက္ခံလူ တစ္ဦး ျဖစ္ၿပီး ခံစစ္ပိုင္းမွာ ဂြၽန္နီအီဗန္စ္၊ ဝက္စေလ ဖိုဖာနာ၊ ဂ်ိမ္းစ္ဂ်က္စတင္၊ ဆိုယန္ကူတို႔ ဒဏ္ရာအသီးသီး ရေနၾကပါတယ္။
ဒါတင္မကေသးပါဘူး အီတီဟက္ဒ္တြင္ ေသြးပူေလ့က်င္ေရး လုပ္ရာမွာ ေနာက္ခံလူ ဘာထရန္ဟာလည္း ဒဏ္ရာရရွိကာ လူစာရင္းကေန ထြက္ခဲ့ရပါတယ္။
လီဗာပူးအသင္းဟာ လာမယ့္ ၾကာသပေတးေန႔တြင္ လက္စတာကြင္း ကင္းပါဝါမွာ ကစားရမွာ ျဖစ္တာေၾကာင့္ လူငယ္ကစားသမား ေမာ္တန္အေနျဖင့္ အိမ္ကြင္းပရိသတ္ေတြရဲ႕ အမ်က္ထြက္မႈနဲ႔ရင္ဆိုင္ရႏိုင္ပါတယ္။ ေပၚတူ ဂီညာေနာက္ခံလူ ရီကာဒိုပါရဲယားက ျပင္းထန္တဲ့ ဖ်က္ထုတ္မႈအေပၚ ျပစ္ဒဏ္ေပးဖို႔ပ်က္ကြက္ခဲ့တဲ့ ဒိုင္ကို အင္စတာ ဂရမ္ကေန ေဝဖန္ခဲ့ပါတယ္။
“အရွိကို အရွိတိုင္းေျပာတာပါ။ ပြဲျပန္ကစားရတဲ့အခါမွာ ကြၽန္ေတာ္အေနနဲ႔ ကံမေကာင္းဘူးလို႔သင္ေျပာႏိုင္တယ္ ဒါေပမဲ့ ရာသီအထိ နားရႏိုင္တဲ့ ဖ်က္ထုတ္မႈ ခံရတဲ့ေနာက္ ACL ဒဏ္ရာ ထပ္ျဖစ္ႏိုင္တဲ့ေနာက္မွာ အဆိုးဆုံး မျဖစ္ခဲ့တဲ့အတြက္ ကံေကာင္းတယ္လို႔ယူဆမွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္ ေျပာသလိုဘဲ အရွိကို အရွိတိုင္း ေျပာတာပါ။ တစ္ခ်ိဳ႕ကေတာ့ အဝါကတ္သာ ျပခံရတယ္”ဟု ေရးသားေျပာဆိုခဲ့ပါတယ္။