ပွဲကြပ်ကာလ အစကို လက်စတာအား ဂိုးပြတ် မရှုမလှရှုံးပြီး စတင်လိုက်တဲ့ ဆိုးရှားနဲ့ ယူနိုက်တက်
အောက်တိုဘာနဲ့ နိုဝင်ဘာ ပွဲကြပ်ကာလကို ဖြတ်သန်းတော့မယ့် ယူနိုက်တက်ဟာ ကင်းပါဝါကွင်းမှာ အိမ်ရှင် လက်စတာအသင်း ကို ဘယ်လို မှ မယှဉ်နိုင်ဘဲ ဂိုးပြတ်အရေးနိမ့်ကာ မရှုမလှရှုံးနိမ့်သွားပါတယ်။
ဒီပွဲမှာ ဂိုးတွေကို လက်စတာဘက်က တိုင်လေမန်းစ် (၃၁မိနစ်)၊ ဆိုယွန်ကူ (၇၈မိနစ်)၊ ဗာဒီ (၈၃မိနစ်)နဲ့ ဒါကာ (၉၀+၁မိနစ်)တို့ က သွင်းခဲ့ပြီး ယူနိုက်တက်ဘက်ကတော့ ဂရင်းဝုဒ် (၁၉မိနစ်)နဲ့ ရက်ရှ်ဖို့ဒ် (၈၂မိနစ်)တို့ အသီးသီး သွင်းယူခဲ့တာပါ။

ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာက ဗိုလ်လုပွဲတစ်ပွဲလို သဘောထားကစားသွားပြီး ဂိုးတွေ ရသလောက် သွင်းမယ်ဆိုတဲ့စိတ်နဲ့ ရင်ဆိုင်သွားတာပါ။ ယူနိုက်တက်မှာ ပေါ့ဂ်ဘာက Foul Play များသလို ရော်နယ်ဒိုကလည်း ပုံမှန်ခြေစွမ်းပျောက်နေပြီး ၄-၂ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲမှာ ဂိုးသမား ဒီဂီယာ ပုံမှန်လက်စွမ်းပြနိုင်ခဲ့တာဆိုရင် အခြေအနေကို ခန့်မှန်းနိုင်ပါလိမ့်မယ်။
ယူနိုက်တက်ဟာ ဒီပွဲပြီးရင် အတ္တလန္တာ(အိမ်)၊ လီဗာပူး(အိမ်)၊ တော့တင်ဟမ်(အဝေး)၊ အတ္တလန္တာ(အဝေး)၊ မန်စီးတီး(အိမ်)တို့နဲ့ ဆက်တိုက်ကစားရမှာဖြစ်လို့ နည်းပြဆိုးလ်ရှားရဲ့အနာဂတ်ကတော့ မကြာခင် အဖြေပေါ်လာဖို့များနေပါတယ်။
ဒါ့အပြင် ယူနိုက်တက်ရဲ့ပရီးမီးယားလိဂ်စံချိန်သစ်ဖြစ်တဲ့ အဝေးကွင်း ရှုံးပွဲမရှိ အရှည်ကြာဆုံး မှတ်တမ်းကလည်း ၂၉ပွဲ အရောက်မှာပဲ ရပ်တန့်သွားခဲ့ပြီဖြစ်ပါတယ်။

ZG
ေအာက္တိုဘာနဲ႔ ႏိုဝင္ဘာ ပြဲၾကပ္ကာလကို ျဖတ္သန္းေတာ့မယ့္ ယူႏိုက္တက္ဟာ ကင္းပါဝါကြင္းမွာ အိမ္ရွင္ လက္စတာအသင္း ကို ဘယ္လို မွ မယွဥ္ႏိုင္ဘဲ ဂိုးျပတ္အေရးနိမ့္ကာ မရႈမလွရႈံးနိမ့္သြားပါတယ္။
ဒီပြဲမွာ ဂိုးေတြကို လက္စတာဘက္က တိုင္ေလမန္းစ္ (၃၁မိနစ္)၊ ဆိုယြန္ကူ (၇၈မိနစ္)၊ ဗာဒီ (၈၃မိနစ္)နဲ႕ ဒါကာ (၉၀+၁မိနစ္)တို႔ က သြင္းခဲ့ျပီး ယူနိုက္တက္ဘက္ကေတာ့ ဂရင္းဝုဒ္ (၁၉မိနစ္)နဲ႕ ရက္ရွ္ဖို႔ဒ္ (၈၂မိနစ္)တို႔ အသီးသီး သြင္းယူခဲ့တာပါ။
ဘရန္ဒန္ေရာ္ဂ်ာရဲ႕ လက္စတာက ဗိုလ္လုပြဲတစ္ပြဲလို သေဘာထားကစားသြားၿပီး ဂိုးေတြ ရသေလာက္ သြင္းမယ္ဆိုတဲ့စိတ္နဲ႔ ရင္ဆိုင္သြားတာပါ။ ယူႏိုက္တက္မွာ ေပါ့ဂ္ဘာက Foul Play မ်ားသလို ေရာ္နယ္ဒိုကလည္း ပုံမွန္ေျခစြမ္းေပ်ာက္ေနၿပီး ၄-၂ ဂိုးနဲ႔ အေရးနိမ့္တဲ့ပြဲမွာ ဂိုးသမား ဒီဂီယာ ပုံမွန္လက္စြမ္းျပႏိုင္ခဲ့တာဆိုရင္ အေျခအေနကို ခန႔္မွန္းႏိုင္ပါလိမ့္မယ္။
ယူႏိုက္တက္ဟာ ဒီပြဲၿပီးရင္ အတၱလႏၲာ(အိမ္)၊ လီဗာပူး(အိမ္)၊ ေတာ့တင္ဟမ္(အေဝး)၊ အတၱလႏၲာ(အေဝး)၊ မန္စီးတီး(အိမ္)တို႔နဲ႔ ဆက္တိုက္ကစားရမွာျဖစ္လို႔ နည္းျပဆိုးလ္ရွားရဲ႕အနာဂတ္ကေတာ့ မၾကာခင္ အေျဖေပၚလာဖို႔မ်ားေနပါတယ္။
ဒါ့အျပင္ ယူႏိုက္တက္ရဲ႕ပရီးမီးယားလိဂ္စံခ်ိန္သစ္ျဖစ္တဲ့ အေဝးကြင္း ရႈံးပြဲမရွိ အရွည္ၾကာဆုံး မွတ္တမ္းကလည္း ၂၉ပြဲ အေရာက္မွာပဲ ရပ္တန႔္သြားခဲ့ၿပီျဖစ္ပါတယ္။