ရက်ဖို့ဒ်ကို သတိပေးခြင်း၊ ဒိုလေးကို စိန်ခေါ်သူ၊ ဂျာမန်သားတွေကို ပစ်မှတ်ထားခြင်းနဲ့ ယနေ့ည မန်ယူ သတင်းများ

မိုနာကို အားကစားဒါရိုက်တာ မစ်ချယ်က မန်ယူပစ်မှတ်ထားနေတဲ့ သူတို့ရဲ့ကြယ်ပွင့် ကွင်းလယ်လူ ချူဝါမန်နီ ကို ရောင်းချသွားမှာ မဟုတ်ကြောင်း၊ တကယ်လို့ ရာသီကုန်မှာ ရောင်းချရမယ်ဆိုရင်လည်း သူ့ရဲ့စာချုပ်ဟာ ၂၀၂၄ ခုနှစ် အထိ ကျန်ရှိနေသေးတဲ့ အတွက် လုံးဝဈေးသက်သာမှာ မဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။

မန်ယူဂိုးသမား ဒီဂီယာက နည်းပြရန်နစ်ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေဟာ ပြင်းထန်းလွန်းပြီး ခွန်အားသုံးရကြောင်း၊ သူတို့ဟာ ရန်နစ် လက်အောက်မှာ အစွမ်းကုန် ကြိုးပမ်းလျက် ရှိနေကြောင်း၊ လက်ရှိမှာ သူတို့အနေနဲ့အပြည့်အ၀ လူစုံတက်စုံ လေ့ကျင့်ခန်း ဆင်းနိုင်နေပြီဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူ ကစားသမားဟောင်း ပေါလ်ပါကားက မန်ယူတိုက်စစ်မှုး ရက်ဖို့ဒ်အနေနဲ့ ဘောလုံးသမား လုပ်မလား၊ နိုင်ငံရေး သမား လုပ်မလားဆိုတာ ရွေးချယ်ဖို့ လိုအပ်ကြောင်း၊ ဘောလုံးသမားတွေအတွက် ကြံ့ခိုင်ရေးပြည့်ဝဖို့က အရေးကြီးပြီး နေ့ရက်တိုင်း လေ့ကျင့်ခန်း ဆင်းရမှာဖြစ်ကြောင်း၊ ရက်ဖို့ဒ်အနေနဲ့ ကမ္ဘာ့အကြီးကျယ်ဆုံးအသင်းမှာ ပုံမှန် ကစားချင် သလား၊ ဒါပေမဲ့ အရန်ခုံကနေ ထိုင်ကြည့်ချင်သလား ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

မန်ယူ ကွင်းလယ်လူ မာတစ်က သူတို့အနေနဲ့ ၁၆ ရက်လောက် ပွဲစဉ်တွေ ကစားရခြင်း မရှိခဲ့ပြီးနောက် နယူးကာဆယ် နဲ့ ပွဲကို ရင်ဆိုင်ကစားဖို့ မစောင့်နိုင်အောင် ဆန္ဒပြင်းပြနေကြောင်း၊ တစ်ခါတစ်လေ မှာ အနားယူတာ ကောင်းပေမဲ့ ကိုဗစ်ကြောင့် နားရတာကအချိန်ကောင်း မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူနည်းပြ ရန်နစ်အနေနဲ့ ဂျာမနီက လူငယ်တွေကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။ လက်ရှိမှာ ရန်နစ် အနေနဲ့ ဖလိုရီယန်ဝက်ဇ်၊ လူကာနက်ဇ်၊ အဲရစ်မာတယ်၊ ဘယ်လာတို့ကိုခေါ်ယူဖို့ စောင့်ကြည့်လျက်ရှိနေကြောင်း သိရပါတယ်။

အီတလီ ဝါရင့်နောက်ခံလူ ဘိုနုချီက တကယ်လို့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-Off နောက်ဆုံး ဗိုလ်လုပွဲမှာ ပေါ်တူဂီနဲ့ ထိပ်တိုက်တွေ့ခဲ့ရင် စီရော်နယ်ဒိုအနေနဲ့ ကြမ်းတမ်းစွာ ကစားခြင်းကို ခံရမှာဖြစ်ကြောင်း၊ သူတို့အနေနဲ့ ကွင်းအတွင်း အကောင်းဆုံး အာရုံစိုက်သွားမှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

ဘရာဇီးကလပ် ကိုရင်သီယန် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေဆဲ ဖြစ်ပါတယ်။ ကာဗာနီအနေနဲ့ မန်ယူကနေ ထွက်ခွာမှာဖြစ်ပြီး ကိုရင်သီယန်က မန်ယူမှာကာဗာနီ ရရှိနေတဲ့ လုပ်ခ လစာကို ပေးချေဖို့ အဆင်သင့် ဖြစ်နေတာပါ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း အီဂါလို အနေနဲ့ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလျက်ရှိနေကြောင်း သိရပါတယ်။ အီဂါလိုဟာ လက်ရှိ ဆော်ဒီကလပ်မှာကစားလျက်ရှိနေပြီး နယူးကာဆယ်က တိုက်စစ်ပိုင်း ပြဿနာကိုဖြေရှင်းဖို့ သူ့ကို ခေါ်ယူလိုနေတာပါ။