ဆာလက်က ဒရော့ဘာထက် ပိုကောင်းတဲ့ တိုက်စစ်မှုးလို့ ချီးကျူးလိုက်တဲ့ အဘွန်လဟော
အသက် ၂၉နှစ် အရွယ် အီဂျစ် လက်ရွေးစင် တိုက်စစ်မှုး မိုဟာမက် ဆာလက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်သူပါ။
ဆာလက်ဟာ လက်ရှိမှာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားသလို အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ သမိုင်းမှာ ဂိုးသွင်းအများဆုံး အာဖရိကန် ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ချယ်လ်ဆီးရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ဒီဒီယာ ဒရော့ဘာနဲ့ အတူ ခွဲဝေ ရရှိထားပါတယ်။

အက်စ်တွန်ဗီလာအသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို ဒရော့ဘာနဲ့ ခေတ်ပြိုင် တိုက်စစ်မှူးလည်း ဖြစ်တဲ့ အဘွန်လဟော ကတော့ ဆာလက်ဟာ ဒရော့ဘာထက် ပိုမို ကောင်းမွန်ပြီး ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံး အာဖရိကန် ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။
အဘွန်လဟောက – “ ကျွန်တော်ကတော့ ပရီးမီးယားလိဂ် သမိုင်းရဲ့ အကောင်းဆုံး အာဖရိက ကစားသမား အဖြစ် မိုဟာမက် ဆာလက် ကို သတ်မှတ်ချင်ပါတယ်။ သူက အခုဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ပါတယ်။ ဒုတိယ အကောင်းဆုံး ကတော့ ဒရော့ဘာပေါ့။
ယာယာတိုရေးကလည်း အံ့အားသင့်စရာ ကောင်းတဲ့ ကစားသမား တဦးပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ချယ်လ်ဆီး အသင်းမှာ ဒရော့ဘာ စွမ်းဆောင်ပြခဲ့တာတွေ ၊ သူ ရရှိထားတဲ့ ဂန္တဝင် ဆိုတဲ့ ဂုဏ်ပုဒ်တွေကြောင့် ဒရော့ဘာကို ဒုတိယ အကောင်းဆုံး အဖြစ် သတ်မှတ်ပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
ဆာလက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၊ ဝက်ဖို့ဒ်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ ကမ္ဘာ့အဆင့် သွင်းဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် လီဗာပူးအသင်းရဲ့ နည်းပြ ယာဂင် ကလော့ပ်က သူ့ရဲ့ ကစားသမားဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်နေပြီလို့ ချီးကျူးထားခဲ့ပါတယ်။

ZG
အသက္ ၂၉ႏွစ္ အ႐ြယ္ အီဂ်စ္ လက္ေ႐ြးစင္ တိုက္စစ္မႈး မိုဟာမက္ ဆာလက္ဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ လီဗာပူးအသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၁၀ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၁၀ဂိုး သြင္းယူထားႏိုင္ၿပီး ဂိုးဖန္တီးမႈ ၄ႀကိမ္ ျပဳလုပ္ထားႏိုင္သူပါ။
ဆာလက္ဟာ လက္ရွိမွာ သူ႔ရဲ႕ ကစားသမားဘဝ အေကာင္းဆုံး ေျခစြမ္းကို ပိုင္ဆိုင္ထားသလို အဂၤလန္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲရဲ႕ သမိုင္းမွာ ဂိုးသြင္းအမ်ားဆုံး အာဖရိကန္ ကစားသမား ဆိုတဲ့ ဂုဏ္ပုဒ္ကို ခ်ယ္လ္ဆီးရဲ႕ ဂႏၲဝင္ တိုက္စစ္မႉးႀကီး ဒီဒီယာ ဒေရာ့ဘာနဲ႔ အတူ ခြဲေဝ ရရွိထားပါတယ္။
အက္စ္တြန္ဗီလာအသင္းရဲ႕ ဂႏၲဝင္ တိုက္စစ္မႉး တဦး ျဖစ္သလို ဒေရာ့ဘာနဲ႔ ေခတ္ၿပိဳင္ တိုက္စစ္မႉးလည္း ျဖစ္တဲ့ အဘြန္လေဟာ ကေတာ့ ဆာလက္ဟာ ဒေရာ့ဘာထက္ ပိုမို ေကာင္းမြန္ၿပီး ပရီးမီးယားလိဂ္ သမိုင္းမွာ အေကာင္းဆုံး အာဖရိကန္ ကစားသမား ျဖစ္ေၾကာင္း ခ်ီးက်ဴးသြားခဲ့ပါတယ္။
အဘြန္လေဟာက – “ ကြၽန္ေတာ္ကေတာ့ ပရီးမီးယားလိဂ္ သမိုင္းရဲ႕ အေကာင္းဆုံး အာဖရိက ကစားသမား အျဖစ္ မိုဟာမက္ ဆာလက္ ကို သတ္မွတ္ခ်င္ပါတယ္။ သူက အခုဆိုရင္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြကို ျပသထားႏိုင္ပါတယ္။ ဒုတိယ အေကာင္းဆုံး ကေတာ့ ဒေရာ့ဘာေပါ့။
ယာယာတိုေရးကလည္း အံ့အားသင့္စရာ ေကာင္းတဲ့ ကစားသမား တဦးပါ။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ခ်ယ္လ္ဆီး အသင္းမွာ ဒေရာ့ဘာ စြမ္းေဆာင္ျပခဲ့တာေတြ ၊ သူ ရရွိထားတဲ့ ဂႏၲဝင္ ဆိုတဲ့ ဂုဏ္ပုဒ္ေတြေၾကာင့္ ဒေရာ့ဘာကို ဒုတိယ အေကာင္းဆုံး အျဖစ္ သတ္မွတ္ပါတယ္” လို႔ ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။
ဆာလက္ဟာ ေနာက္ဆုံး ကစားခဲ့တဲ့ မန္ခ်က္စတာ စီးတီး ၊ ဝက္ဖို႔ဒ္အသင္းတို႔နဲ႔ ပြဲစဥ္ေတြမွာ ကမာၻ႔အဆင့္ သြင္းဂိုး ၂ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာေၾကာင့္ လီဗာပူးအသင္းရဲ႕ နည္းျပ ယာဂင္ ကေလာ့ပ္က သူ႔ရဲ႕ ကစားသမားဟာ လက္ရွိ ကမာၻ႔ အေကာင္းဆုံး ကစားသမား ျဖစ္ေနၿပီလို႔ ခ်ီးက်ဴးထားခဲ့ပါတယ္။