ရာသီကုန်ထိ နားရတော့မယ့် ဘင်ချီဝဲလ် နေရာအတွက် ချဲလ်ဆီးရဲ့ အဓိက အစားထိုးပစ်မှတ်
ချဲလ်ဆီး ဘယ်နောက်ခံကစားသမား ဘင်ချီဝဲလ်ဟာ ပြင်းထန်လွန်းလှတဲ့ ဒူးဒဏ်ရာ ပြသာနာကြောင့် နိုဝင်ဘာ တည်းကနေ အနားယူနေရပြီး ရာသီကုန်ထိပါ ပွဲစဉ်အားလုံးကို လွဲချော်ရဖွယ် ရှိနေပါတယ်။ ဒါကြောင့် ချဲလ်ဆီး အသင်းဟာ လာမယ့် ဇန်နဝါရီမှာ ချီဝဲလ်နေရာ အစားထိုးနိုင်မယ့် ဘယ်နောက်ခံလူတစ်ဦး အရ ခေါ်ယူသွားရဖွယ် ရှိနေပါတယ်။
ချဲလ်ဆီးအသင်းဟာ လတ်တလောမှာ အဲဗာတန်အသင်းရဲ့ ဘယ်နောက်ခံလူ လူးကပ်စ်ဒစ်ဂ်နေး အေစီမီလန် ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ် အပါအဝင် ဘယ်နောက်ခံကစားသမားများစွာကို ပစ်မှတ်ထားနေတာပါ။ ဒီထဲကမှ ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းလည်းရှိပြီး အသင်းအပြောင်းအလဲ လုပ်ဆောင်နိုင်ခြေရှိတဲ့ အဲဗာတန် နောက်ခံအစွန်လူ ဒစ်ဂ်နေးကိုသာ ဦးစားပေး ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာ နောက်ခံလူဟောင်း ဒစ်ဂ်နေးကို လက်ကျန်ဘောလုံးရာသီ အကုန်ထိသာ ကာလတို အငှား စာချုပ်နဲ့ ကမ်းလှမ်းလာဖွယ် ရှိနေတယ်လို့ ဗြိတိန် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။
အသက်(၂၈)နှစ် အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ဘယ်နောက်ခံလူ ဒစ်ဂ်နေးဟာ ပီအက်စ်ဂျီ ဘာစီလိုနာတို့လို ဥရော ပထိပ်သီး ကလပ်အသင်းကြီးတွေမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၈ခုနှစ်ကမှ ဘာစီလိုနာကနေ အဲဗာတန်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်းတစ်ရာကျော် ပါဝင်ကစားထားခဲ့တဲ့ ဒစ်ဂ်နေးဟာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေပေမယ့် လက်ရှိ အသင်းရဲ့နည်းပြ ဘင်နီတက်ဇ်နဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေကြောင့် အာဆင်နယ် ပဲလေ့စ်အသင်းတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
ဒီအခြေအနေပေါ် ဒစ်ဂ်နေးကိုယ်တိုင် စိတ်ပျက်လာတာကြောင့် ဆောင်းဈေးကွက်အတွင်းမှာပဲ အသင်းနဲ့ လက်တွဲ ဖြုတ်ဖွယ် ရှိနေပေမယ့် အဲဗာတန် ဘက် ကတော့ ဒစ်ဂ်နေးကို အပြီးသတ် လက်လွတ်ဖို့ အစီအစဉ် မရှိတာကြောင့် ချဲလ်ဆီးဘက်ကနေ ဒစ်ဂ်နေးကို အငှားကမ်းလှမ်းမှုနဲ့သာ ချဉ်းကပ်ရနိုင်ပါတယ်။
တကယ်လို့ ဒစ်ဂ်နေးကို အငှားနဲ့ ခေါ်ယူဖို့ မလွယ်ကူရင် ချဲလ်ဆီးဟာ လိုင်ယွန်အသင်းဆီ အငှားချထားတဲ့ အီတလီ ဘယ်နောက်ခံလူ အီမာဆန်ကိုပဲ အသင်းထံ ပြန်ခေါ်ရဖွယ် ရှိနေပါတယ်။

ZG
ခ်ဲလ္ဆီး ဘယ္ေနာက္ခံကစားသမား ဘင္ခ်ီဝဲလ္ဟာ ျပင္းထန္လြန္းလွတဲ့ ဒူးဒဏ္ရာ ျပသာနာေၾကာင့္ ႏိုဝင္ဘာ တည္းကေန အနားယူေနရျပီး ရာသီကုန္ထိပါ ပြဲစဥ္အားလုံးကို လြဲေခ်ာ္ရဖြယ္ ရွိေနပါတယ္။ ဒါေၾကာင့္ ခ်ဲလ္ဆီး အသင္းဟာ လာမယ့္ ဇန္နဝါရီမွာ ခ်ီဝဲလ္ေနရာ အစားထိုးနုိင္မယ့္ ဘယ္ေနာက္ခံလူတစ္ဦး အရ ေခၚယူသြားရဖြယ္ ရွိေနပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ လတ္တေလာမွာ အဲဗာတန္အသင္းရဲ႕ ဘယ္ေနာက္ခံလူ လူးကပ္စ္ဒစ္ဂ္ေနး ေအစီမီလန္ ဘယ္ေနာက္ခံလူ သီယိုဟာနန္ဒက္ဇ္ အပါအဝင္ ဘယ္ေနာက္ခံကစားသမားမ်ားစြာကို ပစ္မွတ္ထားေနတာပါ။ ဒီထဲကမွ ပရီးမီးယားလိဂ္ အေတြ႕အႀကဳံေကာင္းလည္းရွိၿပီး အသင္းအေျပာင္းအလဲ လုပ္ေဆာင္ႏိုင္ေျခရွိတဲ့ အဲဗာတန္ ေနာက္ခံအစြန္လူ ဒစ္ဂ္ေနးကိုသာ ဦးစားေပး ကမ္းလွမ္းသြားဖြယ္ ရွိေနပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ဘာစီလိုနာ ေနာက္ခံလူေဟာင္း ဒစ္ဂ္ေနးကို လက္က်န္ေဘာလုံးရာသီ အကုန္ထိသာ ကာလတို အငွား စာခ်ဳပ္နဲ႔ ကမ္းလွမ္းလာဖြယ္ ရွိေနတယ္လို႔ ၿဗိတိန္ သတင္းမီဒီယာေတြကေန ေဖာ္ျပလာခဲ့ပါတယ္။
အသက္(၂၈)ႏွစ္ အ႐ြယ္ရွိ ျပင္သစ္လက္ေ႐ြးစင္ ဘယ္ေနာက္ခံလူ ဒစ္ဂ္ေနးဟာ ပီအက္စ္ဂ်ီ ဘာစီလိုနာတို႔လို ဥေရာ ပထိပ္သီး ကလပ္အသင္းႀကီးေတြမွာ ပါဝင္ကစားခဲ့ဖူးသူျဖစ္ၿပီး ၂၀၁၈ခုႏွစ္ကမွ ဘာစီလိုနာကေန အဲဗာတန္အသင္းဆီကို ေျပာင္းေ႐ႊ႕လာခဲ့တာ ျဖစ္ပါတယ္။
အဲဗာတန္အသင္းအတြက္ ပရီးမီးယားလိဂ္ ပြဲေပါင္းတစ္ရာေက်ာ္ ပါဝင္ကစားထားခဲ့တဲ့ ဒစ္ဂ္ေနးဟာ အသင္းရဲ႕ အဓိက ကစားသမားတစ္ဦး ျဖစ္ေနေပမယ့္ လက္ရွိ အသင္းရဲ႕နည္းျပ ဘင္နီတက္ဇ္နဲ႔ ဆက္ဆံေရး အဆင္မေျပမႈေတြေၾကာင့္ အာဆင္နယ္ ပဲေလ့စ္အသင္းေတြနဲ႔ ရင္ဆိုင္ခဲ့တဲ့ ပြဲစဥ္ေတြမွာ လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရပါတယ္။
ဒီအေျခအေနေပၚ ဒစ္ဂ္ေနးကိုယ္တိုင္ စိတ္ပ်က္လာတာေၾကာင့္ ေဆာင္းေစ်းကြက္အတြင္းမွာပဲ အသင္းနဲ႔ လက္တြဲ ျဖဳတ္ဖြယ္ ရွိေနေပမယ့္ အဲဗာတန္ ဘက္ ကေတာ့ ဒစ္ဂ္ေနးကို အၿပီးသတ္ လက္လြတ္ဖို႔ အစီအစဥ္ မရွိတာေၾကာင့္ ခ်ဲလ္ဆီးဘက္ကေန ဒစ္ဂ္ေနးကို အငွားကမ္းလွမ္းမႈနဲ႔သာ ခ်ဥ္းကပ္ရႏိုင္ပါတယ္။
တကယ္လို႔ ဒစ္ဂ္ေနးကို အငွားနဲ႔ ေခၚယူဖို႔ မလြယ္ကူရင္ ခ်ဲလ္ဆီးဟာ လိုင္ယြန္အသင္းဆီ အငွားခ်ထားတဲ့ အီတလီ ဘယ္ေနာက္ခံလူ အီမာဆန္ကိုပဲ အသင္းထံ ျပန္ေခၚရဖြယ္ ရွိေနပါတယ္။