လက်စတာကို ရှုံးအပြီးမှာ တိုက်စစ်မှုးတွေနဲ့ လီဗာပူးအသင်းဖော်တွေအား ပြစ်တင်ခဲ့တဲ့ ဗန်ဒိုက်

လီဗာပူး နောက်ခံကစားသမား ဗန်ဒိုက်က လက်စတာစီးတီးအိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်း တစ်သင်းလုံး နဲ့ တိုက်စစ်မှူးတွေရဲ့ စွမ်းဆောင်ရည်တွေကို ပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။

ညကပွဲမှာ လီဗာပူး အသင်းဟာ ပုံမှန်အတိုင်းပဲ အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့ပါတယ်။ ၁၅ မိနစ်အကြာမှာ မိုဟာမက် ဆာလား ပင်နယ်တီ ကန်ခွင့်ရရှိခဲ့ပေမယ့် အီဂျစ်တိုက်စစ်မှူးရဲ့ ကန်ချက်ကို ကာကွယ် ပုတ်ထုတ်ခံခဲ့ရပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ခေါင်းတိုက်ရာမှာလည်း ဂိုးဘားတန်း ထိသွားခဲ့တာဖြစ်ပါတယ်။

ဆာဒီယို မာနေးကလည်း အခွင့်အရေးအများအပြားကို ဖြုန်းတီးပစ်ခဲ့ပြီး ၅၉ မိနစ်မှာ လွတ်ခ်မန်းက လက်စတာ အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားခဲ့တာစြဖ်ပါတယ်။ လီဗာပူး အသင်းအတွက် လက်စတာ နဲ့ပွဲစဉ်ဟာ ဒီရာသီရဲ့ ဒုတိယမြောက် ရှုံးပွဲဖြစ်ပြီး ချန်ပီယံဘွဲ့ကို ကာကွယ်နေတဲ့ မန်ချက်စတာစီးတီးနဲ့ ၆ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

“လက်စတာက အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် အဲဒါကလည်း ကျွန်တော်တို့နဲ့ ဆိုင်တယ်ဆိုတာ သိသာပါတယ်။ ကျွန်တော်တို့ တိုက်စစ်မှာ ဆိုးရွားခဲ့တယ်လို့ ထင်ပါတယ်။ ဖြတ်တင်ဘောအများကြီးကို သူတို့ ကာကွယ်နိုင်ခဲ့တယ်။

အားလုံးခြုံပြောရရင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မဟုတ်ခဲ့ပါဘူး။ သူတို့တွေ အများကြီး ဖန်တီးမှု မလုပ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ သူတို့တွေက အန္တရာယ်ရှိတဲ့ပုံပေါ်ခဲ့ပြီး အဲဒီလို လုပ်တဲ့နေရာမှာ သူတို့က တော်ပါတယ်။ သူတို့ကို ချီးကျူးရမှာပါ။

ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ပြန်ကြည့်ပြီး တိုးတက်အောင် လုပ်ရပါလိမ့်မယ်။ အဲဒါက ဘောလုံးရဲ့ တစိတ်တပိုင်းပါပဲ။ ကျွန်တော် အဆုံးအထိ ဆက်ကြိုးစားသွားရမှာပါ။ ကျွန်တော်တို့ ကောင်းမွန်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ ဒီနေ့က ဂိုးပိုက်ထဲ ဘောလုံးဝင်သွားတဲ့ နေ့မဟုတ်ခဲ့ဘူး။ ပင်နယ်တီ လွဲတယ်ဆိုတာ ဖြစ်တတ်ပေမယ့် အဲဒါက စိတ်ပျက်စရာ ကောင်းပါတယ်။ ခင်ဗျား ဂိုးလည်း မပေးချင်ဘူးဆိုတာ သိသာပါတယ်”

“ကျွန်တော်တို့ လွတ်ခ်မန်းကို နေရာလွတ်ထဲကို ဝင်ခွင့်ပေးခဲ့ပြီး ကံဆိုးစွာနဲ့ ဂိုး ဝင်သွားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပိုကောင်းအောင်လုပ်နိုင်မယ့် အခွင့်အရေးဖန်တီးမှုတွေနဲ့ တုံ့ပြန်မှုတွေ လုပ်နိုင်ခဲ့တဲ့အချိန်တွေရှိခဲ့တယ်။ ခင်ဗျား အဲဒါကိုလည်း သူတို့ကို အသိအမှတ်ပြု ချီးကျူးရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ZG

လီဗာပူး ေနာက္ခံကစားသမား ဗန္ဒိုက္က လက္စတာစီးတီးအိမ္ကြင္းမွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အသင္း တစ္သင္းလုံး နဲ႔ တိုက္စစ္မႉးေတြရဲ႕ စြမ္းေဆာင္ရည္ေတြကို ျပစ္တင္ ေဝဖန္သြားခဲ့ပါတယ္။

ညကပြဲမွာ လီဗာပူး အသင္းဟာ ပုံမွန္အတိုင္းပဲ အေကာင္းဆုံးပုံစံနဲ႔ စတင္ႏိုင္ခဲ့ပါတယ္။ ၁၅ မိနစ္အၾကာမွာ မိုဟာမက္ ဆာလား ပင္နယ္တီ ကန္ခြင့္ရရွိခဲ့ေပမယ့္ အီဂ်စ္တိုက္စစ္မႉးရဲ႕ ကန္ခ်က္ကို ကာကြယ္ ပုတ္ထုတ္ခံခဲ့ရၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ေခါင္းတိုက္ရာမွာလည္း ဂိုးဘားတန္း ထိသြားခဲ့တာျဖစ္ပါတယ္။

ဆာဒီယို မာေနးကလည္း အခြင့္အေရးအမ်ားအျပားကို ျဖဳန္းတီးပစ္ခဲ့ၿပီး ၅၉ မိနစ္မွာ လြတ္ခ္မန္းက လက္စတာ အသင္း အတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူသြားခဲ့တာျစဖ္ပါတယ္။ လီဗာပူး အသင္းအတြက္ လက္စတာ နဲ႔ပြဲစဥ္ဟာ ဒီရာသီရဲ႕ ဒုတိယေျမာက္ ရႈံးပြဲျဖစ္ၿပီး ခ်န္ပီယံဘြဲ႕ကို ကာကြယ္ေနတဲ့ မန္ခ်က္စတာစီးတီးနဲ႔ ၆ မွတ္အထိ ကြာဟသြားခဲ့ၿပီျဖစ္ပါတယ္။

“လက္စတာက အႏိုင္ရလဒ္နဲ႔ ထိုက္တန္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္ အဲဒါကလည္း ကြၽန္ေတာ္တို႔နဲ႔ ဆိုင္တယ္ဆိုတာ သိသာပါတယ္။ ကြၽန္ေတာ္တို႔ တိုက္စစ္မွာ ဆိုး႐ြားခဲ့တယ္လို႔ ထင္ပါတယ္။ ျဖတ္တင္ေဘာအမ်ားႀကီးကို သူတို႔ ကာကြယ္ႏိုင္ခဲ့တယ္။

အားလုံးၿခဳံေျပာရရင္ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္မဟုတ္ခဲ့ပါဘူး။ သူတို႔ေတြ အမ်ားႀကီး ဖန္တီးမႈ မလုပ္ႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ သူတို႔ေတြက အႏၲရာယ္ရွိတဲ့ပုံေပၚခဲ့ၿပီး အဲဒီလို လုပ္တဲ့ေနရာမွာ သူတို႔က ေတာ္ပါတယ္။ သူတို႔ကို ခ်ီးက်ဴးရမွာပါ။

ကြၽန္ေတာ္တို႔ ကိုယ့္ကိုကိုယ္ ျပန္ၾကည့္ၿပီး တိုးတက္ေအာင္ လုပ္ရပါလိမ့္မယ္။ အဲဒါက ေဘာလုံးရဲ႕ တစိတ္တပိုင္းပါပဲ။ ကြၽန္ေတာ္ အဆုံးအထိ ဆက္ႀကိဳးစားသြားရမွာပါ။ ကြၽန္ေတာ္တို႔ ေကာင္းမြန္တဲ့ အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ေပမယ့္ ကံဆိုးစြာနဲ႔ ဒီေန႔က ဂိုးပိုက္ထဲ ေဘာလုံးဝင္သြားတဲ့ ေန႔မဟုတ္ခဲ့ဘူး။ ပင္နယ္တီ လြဲတယ္ဆိုတာ ျဖစ္တတ္ေပမယ့္ အဲဒါက စိတ္ပ်က္စရာ ေကာင္းပါတယ္။ ခင္ဗ်ား ဂိုးလည္း မေပးခ်င္ဘူးဆိုတာ သိသာပါတယ္”

“ကြၽန္ေတာ္တို႔ လြတ္ခ္မန္းကို ေနရာလြတ္ထဲကို ဝင္ခြင့္ေပးခဲ့ၿပီး ကံဆိုးစြာနဲ႔ ဂိုး ဝင္သြားခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ပိုေကာင္းေအာင္လုပ္ႏိုင္မယ့္ အခြင့္အေရးဖန္တီးမႈေတြနဲ႔ တုံ႔ျပန္မႈေတြ လုပ္ႏိုင္ခဲ့တဲ့အခ်ိန္ေတြရွိခဲ့တယ္။ ခင္ဗ်ား အဲဒါကိုလည္း သူတို႔ကို အသိအမွတ္ျပဳ ခ်ီးက်ဴးရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။