ယူရို ဆီမီးဖိုင်နယ် တက်သွားတဲ့ အင်္ဂလန်နဲ့ ဒိန်းမတ် အပါအဝင် ယနေ့ နံနက်ခင်း ဘောလုံးသင်းတိုများ
ယူကရိန်းအသင်းကို ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ (၄)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ် အဆင့်ဆီကို တတ်လှမ်းသွားခဲ့ရတဲ့ အင်္ဂလန်အသင်းဟာ အုပ်စုအဆင့်(၃)ပွဲကနေ ရှံးထွက်အဆင့်မှာရော ကွာတားအဆင့်မှာ ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့ပြီးနောက် ယူရိုပြိုင်ပွဲ သမိုင်းတလျှောက် ပွဲစဉ်(၅)ပွဲဆက်တိုက် Clean Sheet ရယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ချက်အသင်းဟာ ယူရို-၂၀၀၄ပြိုင်ပွဲတုန်းက ကွာတားဖိုင်နယ်မှာ ဒိန်းမတ်အသင်းကို အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ထိ တတ်လှမ်းခဲ့ရသလို ယခု ကျင်းပလို့နေတဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာတော့ ဒိန်းမတ်က ချက်အသင်းကို ကွာတားဖိုင်နယ်အဆင့်မှာ ပြန်လည်အနိုင်ယူခဲ့ပြီး ယူရိုပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ဆီကို ဒုတိယအကြိမ်မြောက်အဖြစ် တတ်လှမ်းသွားခဲ့ရပါတယ်။
အာဆင်နယ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား မက်တီအိုဂွမ်ဒူဇီဟာ ဘင်ဖီကာအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး လတ်တလောမှာ ကစားသမား ခေါ်ယူမှုတွေ များစွာလုပ်ဆောင်နေတဲ့ မာဆေးလ်အသင်းဆီကိုသာ ပြောင်းရွှေ့သွားဖို့ နီးစပ်လျက် ရှိနေပြီလို့ သိရပါတယ်။ ဂွမ်ဒူဇီနဲ့ မာဆေးလ်အသင်းတို့ရဲ့ အပြောင်းအရွေ့ဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာပဲ အပြီးသတ်နိုင်တော့မှာဖြစ်ပါတယ်။
အီတလီစီးရီးအေကလပ် ကာဂလီယာရီအသင်းဟာ ရိုးမား မာဆေးလ်နဲ့ PSV အသင်းတွေရဲ့ ကွင်းလယ် ကစားသမား ဟောင်းကြီး ကယ်ဗင်စထရူမန်းကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။ အသက်(၃၁)နှစ် အရွယ် နယ်သာလန်ကွင်းလယ်လူ စထရူမန်းဟာ ရိုးမား ဂျီနိုအာအသင်းတွေနဲ့ စီးရီးအေမှာ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့် ကစားသမားတစ်ဦးဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စပိန်လက်ရွေးစင် ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ လာမယ့်ဘောလုံးရာသီ ယူနိုက်တက် အသင်းမှာပဲ ဆက်လက်ရှိနေချင်ပြီး ယူနိုက်တက်ဘက်က ဗီလာဂိုးသမား တွမ်ဟီတန်ကို ခေါ်ယူထားသလို အရန်ဂိုးသမား လီဂရန့်ကိုလည်း စာချုပ်သက်တမ်းတိုးလိုက်နိုင်ပေမယ့် ဒီဂီယာကိုယ်တိုင်ကတော့ အသင်းပြောင်းဖို့ ဆန္ဒမရှိပဲ ယူနိုက်တက်မှာသာ သူရဲ့ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းချင်နေပါတယ်။

ZG – ယူကရိန္းအသင္းကို ယူ႐ို-၂၀၂ဝၿပိဳင္ပြဲရဲ႕ ကြာတားဖိုင္နယ္ပြဲစဥ္မွာ (၄)ဂိုး ဂိုးမရွိနဲ႔ ဂိုးျပတ္အႏိုင္ရခဲ့ၿပီး ဆီမီးဖိုင္နယ္ အဆင့္ဆီကို တတ္လွမ္းသြားခဲ့ရတဲ့ အဂၤလန္အသင္းဟာ အုပ္စုအဆင့္(၃)ပြဲကေန ရွံးထြက္အဆင့္မွာေရာ ကြာတားအဆင့္မွာ ေပးဂိုးမရွိေအာင္ ကစားႏိုင္ခဲ့ၿပီးေနာက္ ယူ႐ိုၿပိဳင္ပြဲ သမိုင္းတေလွ်ာက္ ပြဲစဥ္(၅)ပြဲဆက္တိုက္ Clean Sheet ရယူႏိုင္ခဲ့တဲ့ ပထမဆုံးအသင္းအျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။
ခ်က္အသင္းဟာ ယူ႐ို-၂၀၀၄ၿပိဳင္ပြဲတုန္းက ကြာတားဖိုင္နယ္မွာ ဒိန္းမတ္အသင္းကို အႏိုင္ယူခဲ့ၿပီး ဆီမီးဖိုင္နယ္အဆင့္ထိ တတ္လွမ္းခဲ့ရသလို ယခု က်င္းပလို႔ေနတဲ့ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာေတာ့ ဒိန္းမတ္က ခ်က္အသင္းကို ကြာတားဖိုင္နယ္အဆင့္မွာ ျပန္လည္အႏိုင္ယူခဲ့ၿပီး ယူ႐ိုၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္အဆင့္ဆီကို ဒုတိယအႀကိမ္ေျမာက္အျဖစ္ တတ္လွမ္းသြားခဲ့ရပါတယ္။
အာဆင္နယ္အသင္းရဲ႕ ျပင္သစ္ကြင္းလယ္ကစားသမား မက္တီအိုဂြမ္ဒူဇီဟာ ဘင္ဖီကာအသင္းရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ၿပီး လတ္တေလာမွာ ကစားသမား ေခၚယူမႈေတြ မ်ားစြာလုပ္ေဆာင္ေနတဲ့ မာေဆးလ္အသင္းဆီကိုသာ ေျပာင္းေ႐ႊ႕သြားဖို႔ နီးစပ္လ်က္ ရွိေနၿပီလို႔ သိရပါတယ္။ ဂြမ္ဒူဇီနဲ႔ မာေဆးလ္အသင္းတို႔ရဲ႕့ အေျပာင္းအေ႐ြ႕ဟာ လာမယ့္ရက္သတၱပတ္အတြင္းမွာပဲ အၿပီးသတ္ႏိုင္ေတာ့မွာျဖစ္ပါတယ္။
အီတလီစီးရီးေအကလပ္ ကာဂလီယာရီအသင္းဟာ ႐ိုးမား မာေဆးလ္နဲ႔ PSV အသင္းေတြရဲ႕ ကြင္းလယ္ ကစားသမား ေဟာင္းႀကီး ကယ္ဗင္စထ႐ူမန္းကို တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေခၚယူလိုက္ႏိုင္ၿပီျဖစ္ပါတယ္။ အသက္(၃၁)ႏွစ္ အ႐ြယ္ နယ္သာလန္ကြင္းလယ္လူ စထ႐ူမန္းဟာ ႐ိုးမား ဂ်ီႏိုအာအသင္းေတြနဲ႔ စီးရီးေအမွာ က်င္လည္ခဲ့ဖူးတဲ့ အေတြ႕အႀကဳံရင့္ ကစားသမားတစ္ဦးျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ စပိန္လက္ေ႐ြးစင္ ဂိုးသမား ေဒးဗစ္ဒီဂီယာဟာ လာမယ့္ေဘာလုံးရာသီ ယူႏိုက္တက္ အသင္းမွာပဲ ဆက္လက္ရွိေနခ်င္ၿပီး ယူႏိုက္တက္ဘက္က ဗီလာဂိုးသမား တြမ္ဟီတန္ကို ေခၚယူထားသလို အရန္ဂိုးသမား လီဂရန႔္ကိုလည္း စာခ်ဳပ္သက္တမ္းတိုးလိုက္ႏိုင္ေပမယ့္ ဒီဂီယာကိုယ္တိုင္ကေတာ့ အသင္းေျပာင္းဖို႔ ဆႏၵမရွိပဲ ယူႏိုက္တက္မွာသာ သူရဲ႕ကစားသမားဘဝကို ဆက္လက္ျဖတ္သန္းခ်င္ေနပါတယ္။