မန်စီးတီးရဲ့ အကယ်ဒမီထွက် ကြယ်ပွင့် အဖူးအညွန့်လေးကိုမှ ခေါ်ဖို့ ကြံနေတဲ့ ဘာစီလိုနာနဲ့ ဇာဗီ

ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ မန်စီးတီး ကွင်းလယ်လူ ဖိုဒန်ကို အသင်းထံခေါ်ယူဖို့ ဥက္ကဌ လာပေါ်တာကို တောင်းဆိုထားတယ် လို့ သတင်းထွက်ပေါ် လာပါတယ်။

အသက် ၂၁ နှစ်သားဟာ ဂွါဒီယိုလာရဲ့မန်စီးတီး အတွက် ဒီရာသီ ၁၂ ပွဲမှာ ၄ ဂိုးသွင်း ၊ ၄ ဂိုး ဖန်တီး ပေးထားနိုင်ခဲ့ကာ ဥရောပရဲ့ အတောက်ပဆုံး လူငယ် ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

ကတ်တလန်သတင်းဌာနရဲ့အဆိုအရ ဖိုဒန်ဟာ ဘာစီလိုနာ ဂန္ထဝင် အင်နီယေစတာနဲ့ ခိုင်းနှိုင်းခံနေ ရတာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ မန်စီးတီးအသင်းထံကနေ ဖာရန်တောရက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ နောက်ထပ် ဖာရန်ရဲ့အသင်းဖော် ဖိုဒန်ကို ခေါ်ယူချင်နေတာပါ။

ဖိုဒန်က မန်စီးတီး အကယ်ဒမီ ထွက် ဖြစ်ကာ စီးတီးမှာပဲ ဆက်နေပြီး ပွဲကစားခွင့်တွေယူကာ တောက်ပလာတဲ့ မန်ချက်စတာ ကလပ်ရဲ့ အဖူးအညွန့် ကြယ်ပွင့် ကစားသမား ဖြစ်နေတာကြောင့် စီးတီးက လွယ်လွယ်တော့ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဇာဗီဟာ ဘာစီလိုနာမှာတုန်းက ဂွါဒီယိုလာ လက်အောက်မှာ ကစားခဲ့တာဖြစ်တာကြောင့် ဖိုဒန်ကို ခေါ်ယူနိုင်ရေး အပူကပ် အကူညီတောင်းဖွယ် ရှိနေပါတယ်။

ဇာဗီက ဖိုဒန်ကို လိုချင်တယ်ဆိုတဲ့အကြောင်း အသင်းဥက္ကဌ လာပေါ်တာကိုလည်း အသိပေးထားပြီဖြစ်ပါတယ်။ ဖိုဒန် ဟာ ၂၀၁၇ တုန်းက စီနီယာ အသင်းမှာ ပထမဆုံး ပွဲထွက်ခွင့် ရရှိခဲ့ကာ ၁၄၃ ပွဲမှာ ၃၇ ဂိုးသွင်း ၊ ၂၈ ဂိုး ဖန်တီး ပေးထားနိုင်ခဲ့ပါတယ်။

ZG

ဘာစီလိုနာအသင္းနည္းျပ ဇာဗီဟာ မန္စီးတီး ကြင္းလယ္လူ ဖိုဒန္ကို အသင္းထံေခၚယူဖို႔ ဥကၠဌ လာေပၚတာကို ေတာင္းဆိုထားတယ္ လို႔ သတင္းထြက္ေပၚ လာပါတယ္။

အသက္ ၂၁ ႏွစ္သားဟာ ဂြါဒီယိုလာရဲ႕မန္စီးတီး အတြက္ ဒီရာသီ ၁၂ ပြဲမွာ ၄ ဂိုးသြင္း ၊ ၄ ဂိုးဖန္တီးေပးထားႏိုင္ခဲ့ကာ ဥေရာပရဲ႕ အေတာက္ပဆုံး လူငယ္ ကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံထားရပါတယ္။

ကတ္တလန္သတင္းဌာနရဲ႕အဆိုအရ ဖိုဒန္ဟာ ဘာစီလိုနာ ဂႏၴဝင္ အင္နီေယစတာနဲ႔ ခိုင္းႏႈိင္းခံေန ရတာ ျဖစ္ပါတယ္။ ဘာစီလိုနာဟာ မန္စီးတီးအသင္းထံကေန ဖာရန္ေတာရက္စ္ကို ေခၚယူႏိုင္ခဲ့ၿပီျဖစ္ကာ ေနာက္ထပ္ ဖာရန္ရဲ႕အသင္းေဖာ္ ဖိုဒန္ကို ေခၚယူခ်င္ေနတာပါ။

ဖိုဒန္က မန္စီးတီး အကယ္ဒမီ ထြက္ ျဖစ္ကာ စီးတီးမွာပဲ ဆက္ေနျပီး ပြဲကစားခြင့္ေတြယူကာ ေတာက္ပလာတဲ့ မန္ခ်က္စတာ ကလပ္ရဲ႕ အဖူးအညြန္႔ ၾကယ္ပြင့္ ကစားသမား ျဖစ္ေနတာေၾကာင့္ စီးတီးက လြယ္လြယ္ေတာ့ လက္လႊတ္ခံမွာ မဟုတ္ပါဘူး။

ဒါေပမယ့္ ဇာဗီဟာ ဘာစီလိုနာမွာတုန္းက ဂြါဒီယိုလာ လက္ေအာက္မွာ ကစားခဲ့တာျဖစ္တာေၾကာင့္ ဖိုဒန္ကို ေခၚယူႏိုင္ေရး အပူကပ္ အကူညီေတာင္းဖြယ္ ရွိေနပါတယ္။

ဇာဗီက ဖိုဒန္ကို လိုခ်င္တယ္ဆိုတဲ့အေၾကာင္း အသင္းဥကၠဌ လာေပၚတာကိုလည္း အသိေပးထားၿပီျဖစ္ပါတယ္။ ဖိုဒန္ ဟာ ၂၀၁၇ တုန္းက စီနီယာ အသင္းမွာ ပထမဆုံး ပြဲထြက္ခြင့္ ရရွိခဲ့ကာ ၁၄၃ ပြဲမွာ ၃၇ ဂိုးသြင္း ၊ ၂၈ ဂိုး ဖန္တီး ေပးထားႏိုင္ခဲ့ပါတယ္။