ခုသိပ်ကောင်းပါတယ် ဆိုတဲ့ ဗန်ဒိုက် က ဗီဒစ်ကို လုံးဝ မမှီပါဘူးလို့ ဂွာဒီယိုလာ အခိုင်အမာ ပြောဆို
မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ သူတို့အသင်းရဲ့ ပြိုင်ဘက် ဖြစ်တဲ့ လီဗာပူး အသင်းရဲ့ အဓိက နောက်ခံလူဖြစ်သူ ဗာဂျယ် ဗန်ဒိုက်ဟာ ထိပ်တန်း နောက်ခံလူ တဦး ဖြစ်ပေမယ့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲမှာ မပါသေးဘူးလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
ဗန်ဒိုက်ဟာ လီဗာပူးအသင်းထံ ရောက်ရှိလာပြီးနောက် အသင်းရဲ့ အကောင်းဆုံး နောက်ခံလူ အဖြစ် ခြေစွမ်း ကောင်းတွေ ပြသနိုင်ခဲ့သလို ပြီးခဲ့တဲ့ ၃ရာသီ အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ အဖြစ်လည်း ဘောလုံးရေးရာ သုံးသပ်သူတွေနဲ့ သတင်းထောက်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူပါ။

ဒါကြောင့်ပဲ ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတွေ ဖြစ်တဲ့ ဂျွန်တယ်ရီ ၊ ရီယို ဖာဒီနန်နဲ့ နီမန်ဂျာ ဗီဒစ်တို့လို ခံစစ်မှူးတွေနဲ့ တတန်းထားကာ ချီးကျူးမှုတွေ ထွက်ပေါ်လာပြီး မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ အဆိုပါ ချီးကျူးမှုတွေ မမှန်ကန်ကြောင်းနဲ့ ဗန်ဒိုက်ဟာ ဗီဒစ်ရဲ့ ခြေဖျားကိုတောင် မမှီကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဂွာဒီယိုလာက – “ဘောလုံးရေးရာ သုံးသပ်သူတွေ အတော်များများက ဗန်ဒိုက်ကို ဗီဒစ် ၊ တယ်ရီ ၊ ဖာဒီနန်တို့လို ဂန္တဝင် ခံစစ်မှူးတွေနဲ့ လိုက်ပြီး နှိုင်းယှဉ်နေကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဗန်ဒိုက်က ကောင်းတာ မှန်ပေမယ့် သူတို့ရဲ့ ခြေစွမ်းမျိုးကို လိုက်မှီဖို့ အတော်လေး လိုနေပါသေးတယ်။
ကျွန်တော့်ရဲ့ အသင်းက လီဗာပူးအသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီ အနည်းငယ် အတွင်းမှာတင် ၄ဂိုး ၊ ၅ဂိုးလောက်နဲ့ ၂ကြိမ်တောင် အနိုင်ယူနိုင်ခဲ့သလို ကျွန်တော့်ရဲ့ ကစားသမားတွေထဲမှာလည်း ဗန်ဒိုက်နဲ့ ရင်ဆိုင်ရမှာကို ကြောက်တဲ့လူ မရှိပါဘူး။
ကျွန်တော်ကတော့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ကစားဖူးတဲ့ နောက်ခံလူတွေထဲမှာ အကောင်းဆုံးက ဗီဒစ်လို့ပဲ ထင်ပါတယ်။ သူက ကျွန်တော့်ရဲ့ လူအင်အား အတောင့်တင်းဆုံး အသင်းလို့ ပြောရမယ့် ဘာစီလိုနာအသင်းနဲ့ မကြာခဏ ရင်ဆိုင် ကစားဖူးသလို ကျွန်တော့်ရဲ့ အကြိုက်ဆုံး နောက်ခံလူလည်း ဖြစ်ပါတယ်။
ကျွန်တော်က ၂၀၁၀ခုနှစ်မှာ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမယ့် သူကတော့ ဆာအဲလက်စ် ဖာဂူဆန်အပေါ် အကြွင်းမဲ့ သစ္စာရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ဗန်ဒိုက်ဟာ ဗီဒစ်ရဲ့ ခြေဖျားကိုတောင် မမှီသေးဘူးလို့ပဲ သုံးသပ်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

ZG
မန္ခ်က္စတာ စီးတီးအသင္းရဲ႕ နည္းျပျဖစ္သူ ပပ္ ဂြာဒီယိုလာ ကေတာ့ သူတို႔အသင္းရဲ႕ ၿပိဳင္ဘက္ ျဖစ္တဲ့ လီဗာပူး အသင္းရဲ႕ အဓိက ေနာက္ခံလူျဖစ္သူ ဗာဂ်ယ္ ဗန္ဒိုက္ဟာ ထိပ္တန္း ေနာက္ခံလူ တဦး ျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ေနာက္ခံလူေတြထဲမွာ မပါေသးဘူးလို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။
ဗန္ဒိုက္ဟာ လီဗာပူးအသင္းထံ ေရာက္ရွိလာၿပီးေနာက္ အသင္းရဲ႕ အေကာင္းဆုံး ေနာက္ခံလူ အျဖစ္ ေျခစြမ္း ေကာင္းေတြ ျပသႏိုင္ခဲ့သလို ၿပီးခဲ့တဲ့ ၃ရာသီ အတြင္းမွာ ကမာၻ႔အေကာင္းဆုံး ေနာက္ခံလူ အျဖစ္လည္း ေဘာလုံးေရးရာ သုံးသပ္သူေတြနဲ႔ သတင္းေထာက္ေတြရဲ႕ သတ္မွတ္ျခင္းကို ခံထားရသူပါ။
ဒါေၾကာင့္ပဲ ဗန္ဒိုက္ဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ေနာက္ခံလူေတြ ျဖစ္တဲ့ ဂြၽန္တယ္ရီ ၊ ရီယို ဖာဒီနန္နဲ႔ နီမန္ဂ်ာ ဗီဒစ္တို႔လို ခံစစ္မႉးေတြနဲ႔ တတန္းထားကာ ခ်ီးက်ဴးမႈေတြ ထြက္ေပၚလာၿပီး မန္ခ်က္စတာ စီးတီးရဲ႕ နည္းျပျဖစ္သူ ဂြာဒီယိုလာ ကေတာ့ အဆိုပါ ခ်ီးက်ဴးမႈေတြ မမွန္ကန္ေၾကာင္းနဲ႔ ဗန္ဒိုက္ဟာ ဗီဒစ္ရဲ႕ ေျခဖ်ားကိုေတာင္ မမွီေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။
ဂြာဒီယိုလာက – “ေဘာလုံးေရးရာ သုံးသပ္သူေတြ အေတာ္မ်ားမ်ားက ဗန္ဒိုက္ကို ဗီဒစ္ ၊ တယ္ရီ ၊ ဖာဒီနန္တို႔လို ဂႏၲဝင္ ခံစစ္မႉးေတြနဲ႔ လိုက္ၿပီး ႏႈိင္းယွဥ္ေနၾကပါတယ္။ ဒါေပမယ့္ တကယ္တမ္းမွာ ဗန္ဒိုက္က ေကာင္းတာ မွန္ေပမယ့္ သူတို႔ရဲ႕ ေျခစြမ္းမ်ိဳးကို လိုက္မွီဖို႔ အေတာ္ေလး လိုေနပါေသးတယ္။
ကြၽန္ေတာ့္ရဲ႕ အသင္းက လီဗာပူးအသင္းကို ၿပီးခဲ့တဲ့ ေဘာလုံးရာသီ အနည္းငယ္ အတြင္းမွာတင္ ၄ဂိုး ၊ ၅ဂိုးေလာက္နဲ႔ ၂ႀကိမ္ေတာင္ အႏိုင္ယူႏိုင္ခဲ့သလို ကြၽန္ေတာ့္ရဲ႕ ကစားသမားေတြထဲမွာလည္း ဗန္ဒိုက္နဲ႔ ရင္ဆိုင္ရမွာကို ေၾကာက္တဲ့လူ မရွိပါဘူး။
ကြၽန္ေတာ္ကေတာ့ အဂၤလန္ ပရီးမီးယားလိဂ္မွာ ကစားဖူးတဲ့ ေနာက္ခံလူေတြထဲမွာ အေကာင္းဆုံးက ဗီဒစ္လို႔ပဲ ထင္ပါတယ္။ သူက ကြၽန္ေတာ့္ရဲ႕ လူအင္အား အေတာင့္တင္းဆုံး အသင္းလို႔ ေျပာရမယ့္ ဘာစီလိုနာအသင္းနဲ႔ မၾကာခဏ ရင္ဆိုင္ ကစားဖူးသလို ကြၽန္ေတာ့္ရဲ႕ အႀကိဳက္ဆုံး ေနာက္ခံလူလည္း ျဖစ္ပါတယ္။
ကြၽန္ေတာ္က ၂၀၁၀ခုႏွစ္မွာ သူ႔ကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ဖူးေပမယ့္ သူကေတာ့ ဆာအဲလက္စ္ ဖာဂူဆန္အေပၚ အႂကြင္းမဲ့ သစၥာရွိခဲ့ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္က ဗန္ဒိုက္ဟာ ဗီဒစ္ရဲ႕ ေျခဖ်ားကိုေတာင္ မမွီေသးဘူးလို႔ပဲ သုံးသပ္ခ်င္ပါတယ္” လို႔ ေျပာၾကားသြားခဲ့တာပါ။