ဘရိုက်တန်နဲ့ သရေပွဲက ဒိုင် ဆုံးဖြတ်ချက်တွေကို လုံးဝ မကျေနပ်ဘဲ ပွဲအပြီးမှာ ပြင်းထန်စွာ ဝေဖန်လိုက်တဲ့ တူချယ်
ချဲလ်ဆီး အသင်းနည်းပြ တူချယ် ကတော့ ဘရိုက်တန် အသင်းကို စတမ်းဖို့ဘရစ်ခ်ျ မှာ တဖက်တဂိုးစီ သရေကျတဲ့ ပွဲ ပြီးတဲ့နောက် ထိုပွဲက ဒိုင်လူကြီးတွေနဲ့ ပြင်းထန်တဲ့ ပွဲစဉ်ဇယားတွေကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ချဲလ်ဆီး အသင်းဟာ လူကာကူရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ဝဲလ်ဘတ် က ဘရိုက်တန် အတွက် ပြန်လည်ချေပသွားနိုင်ခဲ့လို့ တဖက်တဂိုးစီ သရေနဲ့ ပွဲပြီးခဲ့တာပါ။ မန်စီးတီး အသင်းက ဘရန်ဖိုဒ့် အသင်းကို တဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့လို့ ချဲလ်ဆီး အသင်းဟာ မန်စီးတီးနဲ့ (၈)မှတ်ကွာဟသွားပြီဖြစ်ပါတယ်။
တူချယ် က ပူလီဆစ်ရဲ့ ကျိန်းသေပေါက် ပင်နယ်တီ အခွင့်အရေးနဲ့ မေဆင်မောင့်ရဲ့ သွင်းဂိုးတို့ကို ငြင်းပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် မိုက်ဒင်းကို ပြင်းထန်စွာ ဝေဖန်သွားခဲ့ပါတယ်။
ပူလီဆစ်ဟာ ဧရိယာထဲ ဘရိုက်တန်ကစားသမား ဗက်မန်းနဲ့ ထိပြီး လဲကျသွားခြင်းနဲ့အတူ မေဆင်မောင့်ရဲ့ ဂိုးကလည်း တိုက်စစ်ဆင်စဉ် ပြစ်ဒဏ်ဘောတစ်ခုကြောင့် ငြင်းပယ်ခံခဲ့ရပါတယ်။
တူချယ်က “ပူလီဆစ်ရဲ့ ပင်နယ်တီက ၁၀၀% သေချာပေါက်ပေးသင့်ပါတယ်။ မေဆင်မောင့်ကလည်း ချေပဂိုး သွင်းတာ ၅၀-၅၀ အနေအထား ဘောလုံး ယှဉ်လုမှုနဲ့ပါ။ ဂိုးဝင်သွားပြီးမှ ဘာလို့ ဝီစီမှုတ်နေသေးလဲ။ VAR ကို ကြည့်ခိုင်းပါမယ်။ သူက တင်းမားမှုတွေ မြင့်တက်လာချင်တာလား၊ ပြစ်ဒဏ်ဘောဆိုတာ အရမ်းသေချာနေတာလား။ ဒါကဟာသတစ်ခုပါပဲ။ VAR ဝင်မပါတာက ပွင့်ပွင့်လင်းလင်း ပြောရရင် ဟာသပါပဲ။
ဒိုင်ရဲ့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေလည်း ရှိခဲ့ပါတယ်။ ဒါက ပင်နယ်တီဆိုတာ ရှင်းလင်းနေပါတယ်။ ဘာမှကို ကြည့်စရာ မလိုတာပါ။ ဒါကြောင့် အားလုံးက ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက်ပါပဲ”လို့ ဆိုခဲ့ပါတယ်။

ZG
ခ်ဲလ္ဆီး အသင္းနည္းျပ တူခ်ယ္ ကေတာ့ ဘ႐ိုက္တန္ အသင္းကို စတမ္းဖို႔ဘရစ္ခ္် မွာ တဖက္တဂိုးစီ သေရက်တဲ့ ပြဲ ျပီးတဲ့ေနာက္ ထိုပြဲက ဒိုင္လူႀကီးေတြနဲ႔ ျပင္းထန္တဲ့ ပြဲစဥ္ဇယားေတြကို ျပစ္တင္ေဝဖန္လိုက္ပါတယ္။
ခ်ဲလ္ဆီး အသင္းဟာ လူကာကူရဲ႕သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ နာက်င္အခ်ိန္ပိုမွာ ဝဲလ္ဘတ္ က ဘ႐ိုက္တန္ အတြက္ ျပန္လည္ေခ်ပသြားႏိုင္ခဲ့လို႔ တဖက္တဂိုးစီ သေရနဲ႔ ပြဲၿပီးခဲ့တာပါ။ မန္စီးတီး အသင္းက ဘရန္ဖိုဒ့္ အသင္းကို တဂိုး-ဂိုးမရွိနဲ႔အႏိုင္ရခဲ့လို႔ ခ်ဲလ္ဆီး အသင္းဟာ မန္စီးတီးနဲ႔ (၈)မွတ္ကြာဟသြားၿပီျဖစ္ပါတယ္။
တူခ်ယ္ က ပူလီဆစ္ရဲ႕ က်ိန္းေသေပါက္ ပင္နယ္တီ အခြင့္အေရးနဲ႔ ေမဆင္ေမာင့္ရဲ႕ သြင္းဂိုးတို႔ကို ျငင္းပယ္ခဲ့တဲ့ ကြင္းလယ္ဒိုင္ မိုက္ဒင္းကို ျပင္းထန္စြာ ေဝဖန္သြားခဲ့ပါတယ္။
ပူလီဆစ္ဟာ ဧရိယာထဲ ဘ႐ိုက္တန္ကစားသမား ဗက္မန္းနဲ႔ ထိၿပီး လဲက်သြားျခင္းနဲ႔အတူ ေမဆင္ေမာင့္ရဲ႕ ဂိုးကလည္း တိုက္စစ္ဆင္စဥ္ ျပစ္ဒဏ္ေဘာတစ္ခုေၾကာင့္ ျငင္းပယ္ခံခဲ့ရပါတယ္။
တူခ်ယ္က “ပူလီဆစ္ရဲ႕ ပင္နယ္တီက ၁၀၀% ေသခ်ာေပါက္ေပးသင့္ပါတယ္။ ေမဆင္ေမာင့္ကလည္း ေခ်ပဂိုး သြင္းတာ ၅၀-၅၀ အေနအထား ေဘာလုံး ယွဥ္လုမႈနဲ႔ပါ။ ဂိုးဝင္သြားၿပီးမွ ဘာလို႔ ဝီစီမႈတ္ေနေသးလဲ။ VAR ကို ၾကည့္ခိုင္းပါမယ္။ သူက တင္းမားမႈေတြ ျမင့္တက္လာခ်င္တာလား၊ ျပစ္ဒဏ္ေဘာဆိုတာ အရမ္းေသခ်ာေနတာလား။ ဒါကဟာသတစ္ခုပါပဲ။ VAR ဝင္မပါတာက ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဟာသပါပဲ။
ဒိုင္ရဲ႕ ဆိုး႐ြားတဲ့ ဆုံးျဖတ္ခ်က္ေတြလည္း ရွိခဲ့ပါတယ္။ ဒါက ပင္နယ္တီဆိုတာ ရွင္းလင္းေနပါတယ္။ ဘာမွကို ၾကည့္စရာ မလိုတာပါ။ ဒါေၾကာင့္ အားလုံးက ကြၽန္ေတာ္တို႔နဲ႔ ဆန႔္က်င္ဘက္ပါပဲ”လို႔ ဆိုခဲ့ပါတယ္။