နော်ဝှစ်ရဲ့ အချိုးတွေကို မကြိုက်လို့ ဘီလီဂေးလ်မားကို ပြန်ခေါ်မယ့် ချဲလ်ဆီး

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ဒါရိုက်တာ မာရီနာ ဟာ နော်ဝှစ်အသင်းရဲ့ နည်းပြ ဒန်နီရယ်ဖာကီရဲ့စကားကြောင့် လူငယ်ကစားသမား ဘီလီဂေးလ်မား ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကို ပြန်လည်ခေါ်ယူသွားတော့မယ်လို့ သိရှိရပါတယ် ။

ဂေးလ်မားဟာ နောဝှစ်အသင်းရဲ့နောက်ဆုံး(၃)ပွဲမှာ ကစားခွင့်လုံးဝမရပဲ အရံခုံမှာသာ ထိုင်နေရတာဖြစ်ပါတယ် ။ စကော့တလန်အသင်းရဲ့ ကွင်းလယ် ကြယ်ပွင့်ဖြစ်တဲ့ ဂေးမားလ်ကိုတော့ ချဲလ်ဆီးအသင်းက တစ်ရာသီအငှားချထားတာဖြစ်ပါတယ်။

ဂေးမားလ်နဲ့ ပတ်သတ်ပြီး နည်းပြဖာကီက “နော်ဝှစ်စီးတီးအသင်းဟာ တခြားသောကလပ်မှ ကစားသမားတွေကို တိုးတတ်ဖို့ပြုလုပ်ပေးနေတဲ့နေရာမဟုတ်ဘူး”လို့ ပြောဆိုခဲ့တာပါ ။ ထိုသို့ပြောပြီးနောက်မှာတော့ ဂေးလ်မားကို ချောင်ထိုးခဲ့တာဖြစ်ပါတယ်။

နော်ဝှစ်အသင်းနဲ့အတူ လီဗာပူးလ် ၊ မန်စီးတီး ၊ လက်စတာတို့နဲ့ ပွဲစဉ်မှာတောင် ပါဝင်ခွင့်ရရှိခဲ့သူဟာ နောက်ဆုံး ၃ပွဲဆက် ကစားခွင့် ဆုံးရှုံးထားခဲ့ရတာဖြစ်ပါတယ်။

နော်ဝှစ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့အောက်ဆုံးမှာ ရောက်ရှိနေခဲ့ပြီး တန်းပြန်ဆင်းဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ကြယ်ပွင့်အတွက် ရှေ့ဆက်မှု ပွဲစဉ်တွေဟာ ခက်ခဲနေမှာဖြစ်ပြီး ဂေးလ်မားအနေနဲ့ ပွဲထွက်ခွင့် မရရှိခဲ့ရင် ပျော်ရွှင်နေမှာ မဟုတ်ပါဘူး ။

ဒါကြောင့် ချဲလ်ဆီးအသင်းဟာ လာမယ့် ဇန်နဝါရီမှာ ကစားသမားကို ပြန်လည်ခေါ်ယူပြီး အခြားသော ကလပ်အသင်းတသင်း သို့မဟုတ် နည်းပြတူချယ်ရဲ့ လက်အောက်မှာ ထားရှိဖို့ ဆုံးဖြတ်သွားရအုံးမှာပါ။