ဗာရိန်းဘက်က ကာကွယ်တဲ့ ရန်းနစ်၊ အရန်ခုံမှာ နေမယ် တောင်းဆိုခဲ့တဲ့ ကာဗာနီနဲ့ ယနေ့ည မန်ယူ သတင်းများ
မန်ချက်စတာ ယူနိုက်တက်နည်းပြ ရန်နစ်က နယူးကာဆယ်နဲ့ပွဲက နောက်ခံလူ ဗာရိန်း အပေါ် ဝေဖန်မှုတွေကို ကာကွယ် သွားခဲ့ပြီး ဗာရိန်း ဟာ အသင်းရဲ့ နောက်ဆုံးပွဲစဉ် ၅ ပွဲ၊ ၆ ပွဲခန့်ကို လွဲချော်ထားရကာ ၎င်းက အံ့ဖွယ်ခြေစွမ်းမျိုး ပြခဲ့တယ် မပြောလိုပေမဲ့ အဆင်ပြေခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒေါ့မွန်တိုက်စစ်မူှးဟာလန်းဟာ ဖေဖော်ဝါရီမှာ သူ့အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ ဟာလန်းကို ဒေါ့မွန်က တစ်ပတ်လုပ်ခ ပေါင် ၂၆၀၀၀၀ နဲ့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။ ဟာလန်းကို မန်ယူကလည်း လာမဲ့နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။

မန်ယူက ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် နယူးကာဆယ်နဲ့ အပြိုင်ကြိုးပမ်း နေကြောင်း သိရပါတယ်။ ဒမ်ဘီလီအနေနဲ့ ဘာစီလိုနာနဲ့ စာချုပ်သစ်ဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့ပြီးနောက် နွေရာသီမှာ အသင်း ကနေ အလွတ်နဲ့ ထွက်ခွာဖွဝ်ရှိနေတာပါ။
မန်ယူနည်းပြရန်နစ်ကတော့ ဂိုးသမား ဒင်း ဟန်ဒါဆန်ရဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ ဒင်း ဟန်ဒါဆန်ဟာ အသင်းမှာ ပုံမှန်ကစားခွင့်မရတဲ့ အခြေအနေကို စိတ်ပျက်နေပေမဲ့ ရန်နစ်က သူ့ကိုအသင်းမှာဆက်ထားစေချင်တာ ဖြစ်ပါတယ်။
မန်ယူနည်းပြ ရန်နစ်က သူ့အနေနဲ့ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ တိုက်စစ်မှုး ကာဗာနီကို ပွဲထွက် ကစားသမား အဖြစ် အသုံးပြုဖို့ စီစဉ်ခဲ့သော်လည်း ကာဗာနီက သူ့အနေနဲ့ ကြံ့ခိုင်မှုအရ ပွဲထွက်ကစားဖို့ အဆင်မပြေဖို့ အရန်ခုံသာ ထိုင်ဖို့ တောင်းဆိုခဲ့တယ် လို့ ထုတ်ဖော်ခဲ့ပါတယ်။

နယ်သာလန် ကစားသမားဟောင်း ဒီဂျောင်က မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်မယ်လို့ မထင်မိကြောင်း၊ မန်ယူအနေနဲ့ လက်ရှိမှာပြဿနာတချို့ ရင်ဆိုင်နေရပြီး ရန်နစ်ဟာ ကစားသမားတွေကို ဟန်ချက်ညီမျှအောင် ထိန်းကျောင်းနိုင်ဖို့ ခက်ခဲလျက်ရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။
လေဗာကူဆင် အားကစား ဒါရိုက်တာ ဗော်လာကတော့ သူတို့ရဲ့ကြယ်ပွင့် ကစားသမား ဖလိုရီယန်ဝက်ဇ်နဲ့ မန်ယူတို့ ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပြီး သူတို့အနေနဲ့ ဖလိုရီယန်ဝက်ဇ်ကို ရောင်းချလိုစိတ် မရှိကြောင်း၊ သူဟာ ကိုင်ဟာဗက်ဇ်လို ကစားသမားမျိုးဖြစ်ကြောင်း ဆိုခဲ့ပါတယ်။