မန်ယူရဲ့ ဒီရာသီ ရည်မှန်းချက်က အဆင့် ၄ လို့ မပြောစမ်းပါနဲ့ ဆိုတဲ့ နည်းပြ ရန်းနစ်

မန်ချက်စတာ ယူနိုက်တက်ဟာ ညက ဘန်လေနဲ့ ပွဲမှာ ၃-၁ နဲ့ အနိုင်ယူခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ၃ မှတ်ပြည့် ရယူနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ နည်းပြ ရန်းနစ်က ထိုပွဲမှာ ထူးချွန်တဲ့ ကစားသမားတွေကို ထုတ်ဖော် ချီးကျူးသွားပြီး ဒီရာသီ အသင်းရဲ့ ရည်မှန်းချက် ကိုလည်း ပြောဆိုခဲ့ပါတယ်။

ဘန်လေကို နိုင်တဲ့ ပွဲပြီးနောက် ယူနိုက်တက်ဟာ အဆင့် ၆ အတွင်း ပြန်ရောက်လာခဲ့ပြီး ရှေ့က ဝက်စ်ဟမ်းနဲ့ အာဆင်နယ်ကိုလည်း အမှီလိုက်နိုင်တဲ့ အခြေအနေကောင်း ရရှိလာခဲ့ပါပြီ။ မန်ယူနိုက်တက်ရဲ့ ဒီရာသီ အနိမ့်ဆုံး ရည်မှန်းချက်က အဆင့် ၄ ရောက်ဖို့လား လို့ မေးမြန်းခံခဲ့ရရာ နည်းပြ ရန်းနစ်ကတော့ ငြင်းပယ်ခဲ့ပါတယ်။

နည်းပြ ရန်းနစ်က – ” မန်ယူရဲ့ ဒီရာသီ ရည်မှန်းချက်က အဆင့် ၄ ပဲ လို့ ကျနော် မပြောနိုင်ပါဘူး။ အခုက ရှေ့လျှောက် တိုးတက်မှုတွေဆီ ဦးတည် ခြေလှမ်းနေတာပါ။ အခုဆို ရှုံးပွဲ မရှိတာ ၈ ပွဲ ရှိပြီ။ အခုက ခြေလှမ်း တစ်လှမ်းချင်း သွားနေတယ်လို့ပဲ ပြောရမှာပါ။

ဘန်လေနဲ့ ပွဲက ထင်ထားတဲ့ အတိုင်းပဲ ကြံ့ခိုင်မှုပိုင်း အားပြုရတဲ့ ပွဲ ဖြစ်လို့ တော်တော် ခက်ခဲခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့ အသင်း ကွာလတီတွေ ထုတ်ပြနိုင်ခဲ့တယ်။ ခွန်အားကိုလည်း ပိုထုတ် သုံးနိုင်ခဲ့တယ်။ ဒါက အရေးကြီး ပါတယ်။ တစ်သင်းလုံး စွမ်းဆောင်ရည်ကလည်း တော်တော် ပိုကောင်းလာတယ်။

တောင်ပံသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို ကျနော် တော်တော် အားရတယ်။ ဂျေဒန်နဲ့ မေဆန်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ အက်ဒီ (ကာဗာနီ)နဲ့ ခရစ္စတီယာနို တို့ လုပ်အားနှုန်းကလည်း အံ့အားသင့်စရာပါ။ ” လို့ ပွဲပြီး အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

ZG

မန္ခ်က္စတာ ယူနိုက္တက္ဟာ ညက ဘန္ေလနဲ႕ ပြဲမွာ ၃-၁ နဲ႕ အနိုင္ယူခဲ့ျပီး အိုးထရက္ဖို႔ဒ္မွာ ၃ မွတ္ျပည့္ ရယူနိုင္ခဲ့ပါတယ္။ ပြဲအျပီးမွာ နည္းျပ ရန္းနစ္က ထိုပြဲမွာ ထူးခၽြန္တဲ့ ကစားသမားေတြကို ထုတ္ေဖာ္ ခ်ီးက်ဴးသြားျပီး ဒီရာသီ အသင္းရဲ႕ ရည္မွန္းခ်က္ ကိုလည္း ေျပာဆိုခဲ့ပါတယ္။

ဘန္ေလကို နုိင္တဲ့ ပြဲျပီးေနာက္ ယူနိုက္တက္ဟာ အဆင့္ ၆ အတြင္း ျပန္ေရာက္လာခဲ့ျပီး ေရွ႕က ဝက္စ္ဟမ္းနဲ႕ အာဆင္နယ္ကိုလည္း အမွီလိုက္နိုင္တဲ့ အေျခအေနေကာင္း ရရွိလာခဲ့ပါျပီ။ မန္ယူနိုက္တက္ရဲ႕ ဒီရာသီ အနိမ့္ဆံုး ရည္မွန္းခ်က္က အဆင့္ ၄ ေရာက္ဖို႔လား လို႔ ေမးျမန္းခံခဲ့ရရာ နည္းျပ ရန္းနစ္ကေတာ့ ျငင္းပယ္ခဲ့ပါတယ္။

နည္းျပ ရန္းနစ္က – ” မန္ယူရဲ႕ ဒီရာသီ ရည္မွန္းခ်က္က အဆင့္ ၄ ပဲ လို႔ က်ေနာ္ မေျပာနုိင္ပါဘူး။ အခုက ေရွ႕ေလွ်ာက္ တိုးတက္မႈေတြဆီ ဦးတည္ ေျခလွမ္းေနတာပါ။ အခုဆို ရံႈးပြဲ မရွိတာ ၈ ပြဲ ရွိျပီ။ အခုက ေျခလွမ္း တစ္လွမ္းခ်င္း သြားေနတယ္လို႔ပဲ ေျပာရမွာပါ။

ဘန္ေလနဲ႕ ပြဲက ထင္ထားတဲ့ အတိုင္းပဲ ၾကံ႕ခိုင္မႈပိုင္း အားျပဳရတဲ့ ပြဲ ျဖစ္လို႔ ေတာ္ေတာ္ ခက္ခဲခဲ့တာပါ။ ဒါေပမယ့္ က်ေနာ္တို႔ အသင္း ကြာလတီေတြ ထုတ္ျပနိုင္ခဲ့တယ္။ ခြန္အားကိုလည္း ပိုထုတ္ သံုးနိုင္ခဲ့တယ္။ ဒါက အေရးၾကီး ပါတယ္။ တစ္သင္းလံုး စြမ္းေဆာင္ရည္ကလည္း ေတာ္ေတာ္ ပိုေကာင္းလာတယ္။

ေတာင္ပံသမားေတြရဲ႕ စြမ္းေဆာင္ရည္ေတြကို က်ေနာ္ ေတာ္ေတာ္ အားရတယ္။ ေဂ်ဒန္နဲ႕ ေမဆန္တို႔ ေကာင္းေကာငး္ လုပ္နုိင္ခဲ့တယ္။ အက္ဒီ (ကာဗာနီ)နဲ႕ ခရစၥတီယာနို တို႔ လုပ္အားႏႈန္းကလည္း အံ့အားသင့္စရာပါ။ ” လို႔ ပြဲျပီး အင္တာဗ်ဴးမွာ ေျပာဆိုခဲ့ပါတယ္။