ဇန်နဝါရီမှာ နေရာသစ် အသင်းသစ် ပြောင်းဖို့ ပြင်ဆင်နေပြီ ဖြစ်တဲ့ အာဆင်နယ် တိုက်စစ်မှုး အူဘာမီယန်း
အာဆင်နယ်မှာ မျက်နှာမရတော့တဲ့ ကြယ်ပွင့်တိုက်စစ်မှူး အူဘာမီယန်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အမ်းမရိတ်စ် ကို စွန့်ခွာဖို့ အဆင်သင့်ဖြစ်နေပြီး ဥရောပက လိဂ် ၃ ခုကို ပြောင်းရွှေ့ဖို့ စဉ်းစားနေပါတယ်။
အူဘာမီယန်းဟာ ယခုလအစောပိုင်းမှာ စည်းကမ်းချိုးဖောက်မှုကြောင့် အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှား ခံရပြီး တည်းက အသင်းအတွက် ကစားပေးခဲ့ရခြင်းမရှိတော့သူ ဖြစ်ပါတယ်။ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ နည်းပြဟောင်း အူနိုင်း အမ်မရီက ချာကာကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက် အသင်းခေါင်းဆောင်ဖြစ်လာခဲ့သူဖြစ်ပါတယ်။

အူဘာမီယန်းဟာ ၂၀၁၈ ခုနှစ်မှာ ဒေါ့မွန်အသင်းသကနေ ပြောင်းရွှေ့လာပြီးကတည်းက ၁၆၃ ပွဲမှာ ၉၂ ဂိုး သွင်းယူ ပေးထားပြီး အာဆင်နယ်အသင်းရဲ့ လွှမ်းမိုးနိုင်စွမ်းအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် နည်းပြ အာတီတာဟာ အူဘာမီယန်းကို အသင်းလူစာရင်းထဲ ပြန်လည်ထည့်သွင်းပြီး နောက်ထပ်တစ်ကြိမ် ကစားစေဖို့ ဆန္ဒမရှိပုံပေါ်နေတာကြောင့် ဂါဘွန်တိုက်စစ်မှူးနဲ့ မြောက်လန်ဒန်ကလပ်တို့ရဲ့ရေစက်က ဒီဘဝ ဒီမျှနဲ့သာ ပြီးဆုံးသွားခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
အမ်းမရိတ်စ်က အခြေအနေတွေကြောင့် အူဘာမီယန်းဟာ လာမယ့်လမှာ အသင်းကို စွန့်ခွာချင်နေပြီး ပြင်သစ်ကို ပြောင်းရွှေ့ကစားချင်နေတယ်လို့ Football London ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အူဘာမီယန်းရဲ့မခင်ဟာ ပြင်သစ်မှာ မကြာသေးခင်ကအထိ အခြေချနေထိုင်နေခဲ့တာဖြစ်ပြီး အသက် ၃၂ နှစ် အရွယ် ကစားသမားအတွက် စပိန်နဲ့ အီတလီတို့ဟာ ဆွဲဆောင်မှုရှိတဲ့ လိဂ်တွေဖြစ်ပေမယ့်လည်း မိခင်ဖြစ်သူ ကျန်းမာရေးကြောင့် နောက်ထပ် အလားတူ ပြဿနာတွေ မဖြစ်လာနိုင်အောင် လီဂူးဝမ်းကို ပြောင်းဖို့ ရွေးချယ်သွားဖွယ် ရှိနေတာဖြစ်ပါတယ်။

ZG
အာဆင္နယ္မွာ မ်က္နွာမရေတာ့တဲ့ ၾကယ္ပြင့္တိုက္စစ္မႉး အူဘာမီယန္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလအတြင္း အမ္းမရိတ္စ္ ကို စြန႔္ခြာဖို႔ အဆင္သင့္ျဖစ္ေနၿပီး ဥေရာပက လိဂ္ ၃ ခုကို ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားေနပါတယ္။
အူဘာမီယန္းဟာ ယခုလအေစာပိုင္းမွာ စည္းကမ္းခ်ိဳးေဖာက္မႈေၾကာင့္ အသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ရွား ခံရၿပီး တည္းက အသင္းအတြက္ ကစားေပးခဲ့ရျခင္းမရွိေတာ့သူ ျဖစ္ပါတယ္။ ဂါဘြန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလမွာ နည္းျပေဟာင္း အူႏိုင္း အမ္မရီက ခ်ာကာကို အသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ရွားခဲ့ၿပီးေနာက္ အသင္းေခါင္းေဆာင္ျဖစ္လာခဲ့သူျဖစ္ပါတယ္။
အူဘာမီယန္းဟာ ၂၀၁၈ ခုႏွစ္မွာ ေဒါ့မြန္အသင္းသကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ၁၆၃ ပြဲမွာ ၉၂ ဂိုး သြင္းယူ ေပးထားၿပီး အာဆင္နယ္အသင္းရဲ႕ လႊမ္းမိုးႏိုင္စြမ္းအရွိဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့သူျဖစ္ပါတယ္။
ဒါေပမယ့္ နည္းျပ အာတီတာဟာ အူဘာမီယန္းကို အသင္းလူစာရင္းထဲ ျပန္လည္ထည့္သြင္းၿပီး ေနာက္ထပ္တစ္ႀကိမ္ ကစားေစဖို႔ ဆႏၵမရွိပုံေပၚေနတာေၾကာင့္ ဂါဘြန္တိုက္စစ္မႉးနဲ႔ ေျမာက္လန္ဒန္ကလပ္တို႔ရဲ႕ေရစက္က ဒီဘဝ ဒီမွ်နဲ႔သာ ၿပီးဆုံးသြားခဲ့တာ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။
အမ္းမရိတ္စ္က အေျခအေနေတြေၾကာင့္ အူဘာမီယန္းဟာ လာမယ့္လမွာ အသင္းကို စြန႔္ခြာခ်င္ေနၿပီး ျပင္သစ္ကို ေျပာင္းေ႐ႊ႕ကစားခ်င္ေနတယ္လို႔ Football London ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
အူဘာမီယန္းရဲ႕မခင္ဟာ ျပင္သစ္မွာ မၾကာေသးခင္ကအထိ အေျခခ်ေနထိုင္ေနခဲ့တာျဖစ္ၿပီး အသက္ ၃၂ ႏွစ္ အ႐ြယ္ ကစားသမားအတြက္ စပိန္နဲ႔ အီတလီတို႔ဟာ ဆြဲေဆာင္မႈရွိတဲ့ လိဂ္ေတြျဖစ္ေပမယ့္လည္း မိခင္ျဖစ္သူက်န္းမာေရးေၾကာင့္ ေနာက္ထပ္ အလားတူ ျပႆနာေတြ မျဖစ္လာႏိုင္ေအာင္ လီဂူးဝမ္းကို ေျပာင္းဖို႔ ေ႐ြးခ်ယ္သြားဖြယ္ ရွိေနတာျဖစ္ပါတယ္။