ဂန်းနားတွေရဲ့ တိုက်စစ်ပစ်မှတ်၊ အူဘာနဲ့ မာတီဆက်ကာ၊ ဂွာဒီယိုလာ ချီးကျူးစကားနဲ့ ယနေ့ည အာဆင်နယ် သတင်းများ
အာဆင်နယ်တိုက်စစ်မှူး လာကာဇက်ကို ဥရောပကလပ် ၃ သင်းက ခေါ်နိုင်ဖို့ အပြိုင် ကြိုးပမ်းနေပါတယ်။ ထို ၃ သင်း ကတော့ စီးရီးအေ ထိပ်သီးတွေဖြစ်ကြတဲ့ ဂျူဗင်တပ်နဲ့ အင်တာမီလန်၊ လာလီဂါကလပ် အက်သလက်တီကို ဖြစ်ပြီး အာဆင်နယ် ကလည်း ၎င်းကို သက်တမ်းတိုးဖို့ ကြိုးစားနေပါတယ်။
အာဆင်နယ် အကယ်ဒမီ နည်းပြ မာတီဆပ်ကာက အူဘာမီယန်ကို အရေးယူခဲ့ရတဲ့ကိစ္စက အသင်းအတွက်လည်း မလွယ်ကူခဲ့ကြောင်း၊ ဒါပေမဲ့ လက်ရှိ ရလဒ်ကောင်းတွေက အဆိုပါ ကိစ္စကို ဖုံးနိုင်ခဲ့ကြောင်း၊ တကယ်လို့ရလဒ်သာ မကောင်းရင် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုကို ရင်ဆိုင်ရမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ယူရို ပြိုင်ပွဲမှာ တောက်ပခဲ့တဲ့ လေဗာကူဆင် တိုက်စစ်မှူး ရှဟစ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ အာဆင်နယ် လည်း ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ ရှဟစ်ဟာ ဘွန်ဒက်လီဂါမှာ ၁၄ပွဲကစားထားရာ ၁၆ ဂိုးသွင်းယူထားပြီး ခြေစွမ်းပြ နေပါတယ်။
အာဆင်နယ်အနေနဲ့ လာကာဇက်၊ အူဘာတို့ နှစ်ဦးစလုံးကို လက်လွှတ်ရနိုင်တဲ့ အနေအထားမှာ တိုက်စစ်ကို မဖြစ်မနေ အားဖြည့်ရမှာပါ။
မန်စီးတီးနည်းပြ ဂွါဒီယိုလာက အာဆင်နယ်ဟာ လက်ရှိအချိန်မှာ ထိပ်သီးအသင်းဖြစ်နေပြီလို့ ချီးကျူးခဲ့ပါတယ်။ “ကျွန်တော် တို့ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရပါဦးမယ်။ အာဆင်နယ်က လက်ရှိမှာ ထိပ်သီး အသင်းတွေထဲက တစ်သင်း ဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်၊ ၅ နှစ်အတွင်း အကောင်းဆုံး အာဆင်နယ် အသင်းပါပဲ”လို့ ဂွါဒီယိုလာက ဆိုခဲ့တာပါ။
ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လဟော်က အာဆင်နယ်ကွင်းလယ်လူ မစ်လန်းနိုင်းလ်အနေနဲ့ ဇန်နဝါရီမှာ အာဆင်နယ် ကနေ ထွက်ခွာပြီး ပုံမှန်ကစားခွင့်ရမဲ့ အသင်းကို ရှာသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ညာနောက်ခံ နေရာကို အားဖြည့်ဖို့ ဘာစီလိုနာနောက်ခံလူ ဆာဂျိနိုဒက်စ်ကို ပစ်မှတ်ထား နေပါတယ်။ ဘာစီလိုနာအနေနဲ့ အပြောင်းအရွှေ့ဘတ်ဂျက်ရအောင် ဆာဂျီနိုဒက်စ်ကို ရောင်းထုတ်လိုနေပြီး သူ့ကို ချဲလ်ဆီး ကလည်းခေါ်ဖို့ လုပ်ဆောင်နေတာပါ။
အာဆင်နယ် အသင်းဟာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နည်းပြအဖွဲ့ဝင်တွေ အများအပြား ပါဝင်နိုင်ဖွယ် မရှိပါဘူး။ အာတီတာနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေရော ကိုဗစ် ကူးစက်ခံထားရတာကြောင့် အဲဒီပွဲစဉ်ကို လက်ထောက်နည်းပြ Allbert Stuivenburg က တာဝန်ယူသွားဖွယ် ရှိနေပါတယ်။