ဒိုလေး မန်ယူမှာ အဆင်မပြေရင် ဝုဗ်မှာ နေရာပေးမယ်လို့ ဖိတ်ခေါ်လိုက်တဲ့ နည်းပြ လာဂီ

ဝုဗ်နည်းပြ ဘရူနို လာဂီက တော့ ဒီတပတ် မန်ယူနဲ့ မတိုင်ခင် ပွဲကြို ရှင်းလင်းပွဲမှာ ခရစ္စတီယာနို ရော်နယ်ဒို မန်ယူနဲ့ လမ်းခွဲမယ်ဆိုရင် မိုလီနက်စ် (ဝုဗ်အသင်း)ကနေ ကြိုဆိုကြောင်း နောက်ပြောင်ခဲ့ပါတယ်။

ဝုဗ်အသင်းဟာ ချဲလ်ဆီးကို ဂိုးမရှိ သရေကစားနိုင်ခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း ပွဲစဉ်တွေကို ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး တနင်္လာနေ့မှာတော့ ရော်နယ်ဒို ပါဝင်တဲ့ မန်ယူအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်ကို နွေရာသီမှာ ပြန်လာခ့ပြီးနောက် လိဂ်ဂိုး ၈ဂိုးအထိ သွင်းထားပေမဲ့ ယာယီနည်းပြသစ် ရန်နစ်ရဲ့ ဖိအားပေး ကစားကွက်မှာ အသားမကျတဲ့ အပေါ် စိတ်ပျက်နေတာ မြင်တွေ့ခဲ့ရပါတယ်။

ဝုဗ်နည်းပြ လာဂီက “ရော်နယ်ဒို မန်ယူနိုက်တက်နဲ့ အဆင်မပြေတော့ရင် သူ့အတွက် ဝုဗ်မှာ နေရာ ရှိပါတယ်။ ဒါပေမဲ့ သူတို့ အချင်းချင်း အဆင်ပြေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကစားသမား တစ်ယောက်ကို ကြည့်လိုက်ရင် အရေးကြီးဆုံးက သူအသင်းအပေါ် ဘယ်လောက်ထိ ပေးဆပ်ထားလဲ ဆိုတာပါ။

ရော်နယ်ဒို လို ကစားသမားမျိုးက ဂိုးတွေ သွင်းနေတာ ၃၆နှစ်လို့တောင် ယုံဖို့ ခက်ပါတယ်။ သူ ဒီလိုအဆင့်မျိုးမှာ ငယ်ငယ်လေး တည်းက ကစားခဲ့တာပါ။ သူက ဂိုးသွင်းစက် တစ်ခုဖြစ်ပြီး ဂိုးတွေအများကြီး သွင်းချင်နေသူပါ။ သူက တကယ် ကောင်းတဲ့ ကစားသမားဖြစ်ပြီး ကမ္ဘာပေါ်က ဘယ်အသင်းမဆို သူ့ကို လိုချင်မယ်လို့ ထင်ပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။

ဝုဗ် အသင်းဟာ ဒီဇင်ဘာ ၂၈ရက်နေ့က အာဆင်နယ်နဲ့ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့သလို လာမယ့် မန်ယူနဲ့ ပွဲမှာလည်း ကစားသမားတွေ ကြံ့ခိုင်မှု ပြည့်ဝနိုင်မလား ဆိုတာ မသေချာသေးဘူးလို့ လာဂီက ဆိုခဲ့ပါတယ်။

ZG

ဝုဗ္နည္းျပ ဘ႐ူႏို လာဂီက ေတာ့ ဒီတပတ္ မန္ယူနဲ႕ မတိုင္ခင္ ပြဲၾကိဳ ရွင္းလင္းပြဲမွာ ခရစၥတီယာႏို ေရာ္နယ္ဒို မန္ယူနဲ႔ လမ္းခြဲမယ္ဆိုရင္ မိုလီနက္စ္ (ဝုဗ္အသင္း)ကေန ႀကိဳဆိုေၾကာင္း ေနာက္ေျပာင္ခဲ့ပါတယ္။

ဝုဗ္အသင္းဟာ ခ်ဲလ္ဆီးကို ဂိုးမရွိ သေရကစားႏိုင္ခဲ့တဲ့ ပြဲစဥ္ေနာက္ပိုင္း ပြဲစဥ္ေတြကို ကိုဗစ္ေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ရၿပီး တနလၤာေန႔မွာေတာ့ ေရာ္နယ္ဒို ပါဝင္တဲ့ မန္ယူအသင္းနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ယူႏိုက္တက္ကို ေႏြရာသီမွာ ျပန္လာခ့ၿပီးေနာက္ လိဂ္ဂိုး ၈ဂိုးအထိ သြင္းထားေပမဲ့ ယာယီနည္းျပသစ္ ရန္နစ္ရဲ႕ ဖိအားေပး ကစားကြက္မွာ အသားမက်တဲ့ အေပၚ စိတ္ပ်က္ေနတာ ျမင္ေတြ႕ခဲ့ရပါတယ္။

ဝုဗ္နည္းျပ လာဂီက “ေရာ္နယ္ဒို မန္ယူနိုက္တက္နဲ႔ အဆင္မေျပေတာ့ရင္ သူ႔အတြက္ ဝုဗ္မွာ ေနရာ ရွိပါတယ္။ ဒါေပမဲ့ သူတို႔ အခ်င္းခ်င္း အဆင္ေျပတယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္။ ကစားသမား တစ္ေယာက္ကို ၾကည့္လိုက္ရင္ အေရးႀကီးဆုံးက သူအသင္းအေပၚ ဘယ္ေလာက္ထိ ေပးဆပ္ထားလဲ ဆိုတာပါ။

ေရာ္နယ္ဒို လို ကစားသမားမ်ိဳးက ဂိုးေတြ သြင္းေနတာ ၃၆ႏွစ္လို႔ေတာင္ ယုံဖို႔ ခက္ပါတယ္။ သူ ဒီလိုအဆင့္မ်ိဳးမွာ ငယ္ငယ္ေလး တည္းက ကစားခဲ့တာပါ။ သူက ဂိုးသြင္းစက္ တစ္ခုျဖစ္ၿပီး ဂိုးေတြအမ်ားႀကီး သြင္းခ်င္ေနသူပါ။ သူက တကယ္ ေကာင္းတဲ့ ကစားသမားျဖစ္ၿပီး ကမာၻေပၚက ဘယ္အသင္းမဆို သူ႔ကို လိုခ်င္မယ္လို႔ ထင္ပါတယ္”ဆိုၿပီး ေျပာခဲ့ပါတယ္။

ဝုဗ္ အသင္းဟာ ဒီဇင္ဘာ ၂၈ရက္ေန႔က အာဆင္နယ္နဲ႔ပြဲစဥ္ကို ေ႐ႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုခဲ့သလို လာမယ့္ မန္ယူနဲ႔ ပြဲမွာလည္း ကစားသမားေတြ ႀကံ့ခိုင္မႈ ျပည့္၀ႏိုင္မလား ဆိုတာ မေသခ်ာေသးဘူးလို႔ လာဂီက ဆိုခဲ့ပါတယ္။