ခုမှ ပြန်လာချင်ပါတယ် မူနေတဲ့ လူကာကူ ကို စကားတစ်ခွန်းတည်းနဲ့ တုန့်ပြန်လိုက်ကြတဲ့ အင်တာပရိသတ်များ

တိုက်စစ်မှုး လူကာကူ ကတော့ နွေရာသီက ချဲလ်ဆီး အသင်းထံ ရုတ်ချည်း ပြောင်းရွှေ့လာခဲ့တာနဲ့ပ တ်သက်ပြီး အင်တာမီလန် အသင်း ပရိသတ်တွေကို တောင်းပန်ခဲ့ပေမယ့် အင်တာ ပရိသတ်တွေကတော့ အဓိပ္ပါယ်ပါတဲ့ စကား တစ်ခွန်းနဲ့ တုန့်ပြန်သွားခဲ့ပါတယ်။

လူကာကူဟာ စကိုင်းစပေါ့ အီတလီ နဲ့ အင်တာဗျုးရာမှာ ချဲလ်ဆီးအသင်းမှာ သူ မပျော်ရွှင်ကြောင်းနဲ့ အီတလီမှာ ပြန် ကစားချင်သေးကြောင်း လေးလေးနက်နက် ပြောခဲ့တာပါ။ လူကာကူ က အင်တာမီလန် ကလပ်အသင်း၊ ပရိသတ်တွေနဲ့ အီတလီ တခုလုံးကို ချီးကျုးစကားပြောခဲ့ပါတယ်။

ဒါပေမယ့် အင်တာမီလန် အသင်း အမာခံပရိသတ်တွေကတော့ လူကာကူရဲ့ ဒီလိုပြောမှုအပြီးမှာ ဆန်စီရိုကွင်း အပြင်ဘက်မှာ စာတန်း တခုကို ချိတ်ဆွဲကာ တုန့်ပြန်သွားခဲ့ပါတယ်။

ဒီစာတန်းမှာတော့ “မိုးထဲလေထဲမှာ ဘယ်သူတွေ ပြေးထွက်သွားလဲဆိုတာ အရေးမပါပါဘူး။ တကယ်တော့ မုန်တိုင်း တိုက်နေတဲ့ အချိန်မှာ အတူ ဆက်ရှိနေသူတွေကသာ အရေးကြီးပါတယ်။နှု တ်ဆက်ပါတယ် ရိုမီလူ ရေ” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

လူကာကူတော့ ဒီအင်တာဗျုးမှာ “ကျွန်တော် အင်တာမီလန် အသင်းကို ချစ်တယ်လို့ အမြဲတမ်းပြောခဲ့ပြီး သူတို့အတွက် ပြန် ကစားပေးသွားမှာပါ။ ဒါကို တကယ်မျှော်လင့်ထားတာပါ။အီတလီ ကို ချစ်မိသွားပါပြီ။ အင်တာမီလန် ကို ထားပြီး ထွက်သွားသင့်တယ်လို့ မထင်တဲ့အတွက် ကျွန်တော် တကယ်ကို ပရိသတ်တွေကို တောင်းပန်ပါတယ်။

သူတို့ဟာ ကျွန်တော့်အတွက် အရာအားလုံးလုပ်ပေးခဲ့တဲ့အတွက် သူတို့ကို အရင်ဆုံံးပြောခဲ့သင့်တာပါ။ ကျွန်တော် ဒါကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ကျွန်တော့် ကစားသမားဘ၀ အဆုံးမှာ မဟုတ်ဘဲ ဆုဖလားတွေ ရယူနိုင်သေးတဲ့ အချိန်မှာပဲ အင်တာမီလန်ကို ပြန်သွားချင်တယ်လို့ “ပြောခဲ့တာဖြစ်ပါတယ်။

လူကာကူ ဟာ အင်တာမီလန် အသင်းမှာ (၁၁)နှစ်ကြာ ဝေးကွာနေတဲ့ စီးရီးအေဖလားရယူနိုင်အောင် ကူညီ ပေးခဲ့လို့ ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်ခဲ့ပေမယ့် ရာသီသစ် စတင်ကာနီးမှ အံအားသင့်ဖွယ် ပြောင်းရွှေ့သွားခဲ့လို့ ပရိသတ် တွေရဲ့ မုန်းတီးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။