ဒိုင်လူကြီး ပုံမလာလို့ မန်စီးတီးကို အိမ်ကွင်းမှာ ရှုံးချက်က နာ ဖြစ်ခဲ့ရတဲ့ အာဆင်နယ်
နှစ်သစ်ရဲ့ ပရီးမီးယားလိဂ် အစောဆုံးပွဲကတော့ အငြင်းပွားစရာတွေ ဖြစ်ခဲ့ရပါတယ်။ အိမ်ရှင် အာဆင်နယ်တို့ နစ်နာခဲ့ရတဲ့ပွဲလို့ ဆိုရမှာဖြစ်ပြီး မန်စီးတီးကတော့ ကံတရား မျက်နှာသာပေးသလား၊ ကွင်းလယ်ဒိုင် မျက်နှာသာ ပေးသလား ပဲ ခွဲခြားရတော့မှာပါ။
ပထမပိုင်းမှာ အီဒါဆန်ရဲ့ ဖျက်ထုတ်မှုကနေ အာဆင်နယ်တို့ ပင်နယ်တီရရှိခဲ့သင့်ပေမယ့် ကွင်းလယ်ဒိုင်က ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် ဆာကာက အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး အာဆင်နယ်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

နည်းပြ အာတီတာ ဒီပွဲမှာ အနီးကပ်မကြီးကြပ်နိုင်ခဲ့ပေမယ့် အာဆင်နယ်က မန်စီးတီးကို သူတင်ကိုယ်တင်ကစားနိုင်ခဲ့ပြီး ခြိမ်းခြောက်နိုင်ခဲ့သလို ဖိအားတွေပါ ပေးနိုင်ခဲ့တာပါ။
ဒုတိယပိုင်းမှာ အလှည့်အပြောင်းဖြစ်လာတာက ရှာခါရဲ့ ဘာနာဒိုဆေးလ်ဗားကို ဖျက်ထုတ်မှုပါ။ စောဒကတက်ရာကနေ ဂါဘရီရယ် အဝါထိခဲ့ပြီး ပင်နယ်တီလည်း ပေးခဲ့ရပါတယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ဂါဘရီရယ် နောက်ထပ် အဝင်ကြမ်းလို့ အဝါအပြခံရပြီး ၂ဝါ ၁နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
တစ်ယောက်လျော့သွားတဲ့နောက် အာဆင်နယ်တို့ အားနည်းသွားခဲ့ရပြီး မန်စီးတီးက ပွဲကို ထိန်းချုပ်လာခဲ့ပြီး အနိုင်ဂိုးရဖို့ အားကုန်ထည့် ကစားလာခဲ့ပါတယ်။
တချိန်လုံးမှာ ကြံ့ကြံ့ခံကစားလာခဲ့တဲ့ အာဆင်နယ်တို့ နာကျင်အချိန်ပိုအရောက်မှာတော့ ကံဆိုးစွာနဲ့ ဂိုးပေးခဲ့ရပါတယ်။ ဒီဂိုးကိုတော့ ရိုဒရီက ဧရိယာအတွင်း သူ့ရှေ့ကျလာတဲ့ဘောလုံးကို အပိုင်ပိတ်သွင်းယူခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် မန်စီးတိးတို့ အမှတ်ပေးဇယားမှာ ချယ်လ်ဆီးထက် တပွဲပိုကစားပြီး ၁၁ မှတ် အထိ ဖြတ်ထားခဲ့ပြိ ဖြစ်ကာ ရမှတ် ဆုံးရှုံးနိုင်တဲ့ပွဲကနေ အမှတ်ပြည့်ရယူသွားနိုင်ခဲ့ပါတယ်။

ZG
ႏွစ္သစ္ရဲ႕ ပရီးမီးယားလိဂ္ အေစာဆုံးပြဲကေတာ့ အျငင္းပြားစရာေတြ ျဖစ္ခဲ့ရပါတယ္။ အိမ္ရွင္ အာဆင္နယ္တို႔ နစ္နာခဲ့ရတဲ့ပြဲလို႔ ဆိုရမွာျဖစ္ၿပီး မန္စီးတီးကေတာ့ ကံတရား မ်က္ႏွာသာေပးသလား၊ ကြင္းလယ္ဒိုင္ မ်က္ႏွာသာ ေပးသလား ပဲ ခြဲျခားရေတာ့မွာပါ။
ပထမပိုင္းမွာ အီဒါဆန္ရဲ႕ ဖ်က္ထုတ္မႈကေန အာဆင္နယ္တိ္ု႔ ပင္နယ္တီရရွိခဲ့သင့္ေပမယ့္ ကြင္းလယ္ဒိုင္က ျငင္းဆန္ခဲ့ပါတယ္။ ဒါေပမယ့္ ဆာကာက အဖြင့္ဂိုးသြင္းယူေပးခဲ့ၿပီး အာဆင္နယ္တို႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
နည္းျပ အာတီတာ ဒီပြဲမွာ အနီးကပ္မႀကီးၾကပ္ႏိုင္ခဲ့ေပမယ့္ အာဆင္နယ္က မန္စီးတီးကို သူတင္ကိုယ္တင္ကစားႏိုင္ခဲ့ၿပီး ၿခိမ္းေျခာက္ႏိုင္ခဲ့သလို ဖိအားေတြပါ ေပးႏိုင္ခဲ့တာပါ။
ဒုတိယပိုင္းမွာ အလွည့္အေျပာင္းျဖစ္လာတာက ရွာခါရဲ႕ ဘာနာဒိုေဆးလ္ဗားကို ဖ်က္ထုတ္မႈပါ။ ေစာဒကတက္ရာကေန ဂါဘရီရယ္ အဝါထိခဲ့ၿပီး ပင္နယ္တီလည္း ေပးခဲ့ရပါတယ္။ သိပ္မၾကာတဲ့အခ်ိန္မွာပဲ ဂါဘရီရယ္ ေနာက္ထပ္ အဝင္ၾကမ္းလို႔ အဝါအျပခံရၿပီး ၂ဝါ ၁နီနဲ႕ ထုတ္ပယ္ခံခဲ့ရပါတယ္။
တစ္ေယာက္ေလ်ာ့သြားတဲ့ေနာက္ အာဆင္နယ္တို႔ အားနည္းသြားခဲ့ရၿပီး မန္စီးတီးက ပြဲကို ထိန္းခ်ဳပ္လာခဲ့ၿပီး အႏိုင္ဂိုးရဖို႔ အားကုန္ထည့္ ကစားလာခဲ့ပါတယ္။
တခ်ိန္လုံးမွာ ႀကံ့ႀကံ့ခံကစားလာခဲ့တဲ့ အာဆင္နယ္တို႔ နာက်င္အခ်ိန္ပိုအေရာက္မွာေတာ့ ကံဆိုးစြာနဲ႔ ဂိုးေပးခဲ့ရပါတယ္။ ဒီဂိုးကိုေတာ့ ႐ိုဒရီက ဧရိယာအတြင္း သူ႔ေရွ႕က်လာတဲ့ေဘာလုံးကို အပိုင္ပိတ္သြင္းယူခဲ့တာပါ။
ဒီႏိုင္ပြဲေၾကာင့္ မန္စီးတိးတို႔ အမွတ္ေပးဇယားမွာ ခ်ယ္လ္ဆီးထက္ တပြဲပိုကစားၿပီး ၁၁ မွတ္ အထိျဖတ္ထားခဲ့ၿပိျဖစ္ကာ ရမွတ္ ဆုံးရႈံးႏိုင္တဲ့ပြဲကေန အမွတ္ျပည့္ရယူသြားႏိုင္ခဲ့ပါတယ္။