အာဆင်နယ် ပိုကောင်းခဲ့တယ် ဆိုတဲ့ ဂွာဒီယိုလာ၊ မပျော်တဲ့ ဒိုလေး၊ ကိုဗစ်ကူးတဲ့ ကလော့ပ်နဲ့ နံနက်ခင်း သတင်းများ
အာဆင်နယ်အသင်းဟာ ညက အမ်းမရိတ်မှာ မန်စီးတီးကို ဧည့်ခံ ကစားခဲ့ရာ လက်ရှိ ချန်ပီယံ စီးတီးကို ကောင်းကောင်း ယှဉ် ကစားနိုင်ခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ပေးလိုက်ရတဲ့ ဂိုးကြောင့်သာ ၂-၁ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။
မန်ချက်စတာစီးတီး အသင်းနည်းပြ ဂွာဒီယိုလာကတော့ အာဆင်နယ် အသင်းကို အချိန်ပို သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် အာဆင်နယ် အသင်းကသာ မိမိတို့ထက် ပိုမိုကောင်းမွန်ခဲ့ကြောင်း ပွဲအပြီး ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းနည်းပြ တူချယ်ကတော့ လက်တလော မန်စီးတီး အသင်းနိုင်ပွဲဆက်ကာ အမှတ်ပေးဇယားမှာ ဆက်လက် ဦးဆောင်နေပေမယ့် မိမိတို့ရဲ့ ဖလားမျှော်လင့်ချက်ကို စွန့်လွှတ်သွားဦးမှာ မဟုတ်ဘူးဆိုပြီး သတိပေး ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဆာဟာကတော့ အသင်းရဲ့ နည်းပြအဖြစ် ဇီဒန်းကိုသာ ခေါ်ယူခန့်အပ်ဖို့ ဆက်လက် တိုက်တွန်းမှုတွေ ပြုလုပ်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။
လီဗာပူးနည်းပြကလော့အနေနဲ့ကိုဗစ်ကူးစက်ခဲ့လို့ ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်မဲ့ပွဲစဉ်ကို ကြီးကြပ်ခွင့်ရမှာ မဟုတ်ဘဲ လွဲချော်တော့မှာပါ။ နောက်ထပ် နည်းပြအဖွဲ့ဝင် ၃ ဦးလည်း အဖျားဝေဒနာကြောင့်အဆိုပါပွဲကို လွဲချော်မှာဖြစ်ပြီး လက်ထောက်နည်းပြ ပက် လင်ဒါးစ် က တာဝန်ယူကိုင်တွယ်သွားမှာပါ။
မနေ့ညက ကစားခဲ့တဲ့ စပါးနဲ့ ဝက်ဖို့ဒ်တို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည်စပါးကပဲ ဒုတိယပိုင်း အချိန်ပို ၉၆ မိနစ် အရောက် သွင်းယူခဲ့တဲ့ နောက်ခံလူ ဆန်းချက်ဇ်ရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းခေါင်းဆောင် ချီလီနီတစ်ယောက် ကိုဗစ် positive ရလဒ် ထွက်ပေါ်ခဲ့တာကြောင့် လာမယ့်အပတ် နာပိုလီနဲ့ ကစားမယ့်ပွဲကို လွဲချော်ရတော့မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
မန်ယူ တိုက်စစ်မူှး စီရော်နယ်ဒိုက သူ့အနေနဲ့ လက်ရှိမန်ယူရဲ့ရလဒ်ပိုင်းတွေနဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်မိကြောင်း၊ သူတု့ိအသင်းသားတွေအနေနဲ့ တစ်ယောက်မှ ပျော်ရွှင်မှာ မဟုတ်ဘူးဆိုတပြောနိုင်ကြောင်း၊ သူတို့အနေနဲ့ ပြင်းပြင်း ထန်ထန် ကြိုးပမ်းရမယ်ဆိုတာ သိရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ရီးရဲလ် အသင်းနည်းပြ အန်ဆယ်လော့တီကတော့ အသင်းထံ အမ်ဘတ်ပေရောက်၊ မရောက်ဆိုတာနဲ့ ပတ်သက်ပြီး ကြိုတင် စဉ်းစားမနေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
အက်သလက်တီကို အသင်းနည်းပြ ဆီမြွန်နီကတော့ နယူးကာဆယ် အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိထားတဲ့ ထရစ်ပီယာ အနေနဲ့ ၎င်းရဲ့ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်သွားရမှာ ဖြစ်ကြောင်း အသိပေး ပြောဆိုသွားခဲ့ပါတယ်။
ဘာစီလိုနာအသင်း နည်းပြ ဇာဗီကတော့ အသင်းပြောင်းဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဒမ်ဘီလီ အနေနဲ့ လက်ရှိ အသင်းနဲ့သာ စာချုပ်သက်တမ်း အမြန်ဆုံး တိုးမြင့်ပေးသွားဖု့ိ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။