အာဆင်နယ်ရဲ့ အမ်းမရိတ်က အရှုံးကို ဆားနဲ့ ပက်ပေးလိုက်တဲ့ စီးတီးနည်းပြ ပက် ဂွာဒီယိုလာ

လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းဟာ ညက အမ်းမရိတ်က ပွဲမှာ ရိုဒရီ ရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် အဝေးကွင်းမှာ အာဆင်နယ်အသင်းကို အနိုင် ရသွားခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာ မန်စီးတီး ထက် ကစားပုံ ပိုကောင်းခဲ့ပြီး ဆာကာ ရဲ့သွင်းဂိုးနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ပင်နယ်တီကနေ ချေပဂိုးပေးခဲ့ရတဲ့ အပြင် ဂါဘရီရယ် ထုတ်ခံရတာကြောင့် ၁ဝ ယောက်တည်းနဲ့ ယှဉ်ကစားခဲ့ရကာ ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာ ရိုဒရီ က မန်စီးတီး အတွက် အနိုင်ဂိုး သွင်းပေးခဲ့တာကြောင့် အရေးနိမ့်ခဲ့ရတာပါ။

ပွဲအပြီးမှာတော့ မန်စီးတီး နည်းပြ ဂွာဒီယိုလာ ဟာ ပြိုင်ဘက် အာဆင်နယ် အသင်းက သူတို့ထက် ပိုကောင်းခဲ့ကြောင်း ဝန်ခံ သွားခဲ့ပါတယ်။ ဒီဝန်ခံစကားဟာ ဒိုင်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေ ကြားမှာ မိနစ် ၉၀ ကျော်ထိ ထိန်းထားနိုင်ခဲ့တယ် အာဆင်နယ် အတွက် အနာကို ဆားနဲ့ပက်သလို ဖြစ်ခဲ့မှာပါ။

” ဒီလိုကာလမှာ ၁၁ ပွဲဆက်တိုက် နိုင်ပွဲရတယ်ဆိုတာ သိပ်ကောင်းပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ အရန်လူစာရင်းကို ကြည့်လိုက်ပါ ၊ အကယ်ဒမီ က ၄ ဦးတောင် ပါပါတယ်။ ဒီရာသီ ကျွန်တော်တို့ အသင်းမှာ ကိုဗစ် ဖြစ်နေကြသူတွေရော ဒဏ်ရာရနေကြသူတွေရော များပါတယ်။

ဒီကာလမှာ ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော အင်မတန် ပင်ပန်းခဲ့ရတယ်၊ အာဆင်နယ် က ပိုကောင်းခဲ့ပါတယ်၊ ဒါပေမယ့် ဘောလုံးမှာ ဒါမျိုး ဖြစ်တတ်တာပါပဲ၊ တစ်ခါတစ်လေမှာ ကျွန်တော်တို့လည်း ဒါမျိုး ကြုံရတာပဲ ။ ”

” ကျွန်တော့် ကစားသမားတွေကို Congratulations လို့ ပြောချင်တယ်၊ ကျွန်တော်တို့က နာကျင် အချိန်ပိုမှာ ဂိုးသိပ်သွင်းလေ့ မရှိတဲ့ အသင်းပါ၊ မိနစ် ၉၀ နောက်ပိုင်း ဂိုးသွင်းခဲ့တဲ့ နောက်ဆုံး အကြိမ်က ဘယ်တုန်းကလဲတောင် မမှတ်မိတော့ပါဘူး၊ ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်တုန်းက ဆောက်သမ်တန်ဘက်ကို စတာလင် သွင်းခဲ့တာများလား မသိဘူး ။

ကျွန်တော်တို့ အသင်းက ဒီလို စရိုက် လက္ခဏာမျိုး မရှိပါဘူး၊ သူတို့က ၁၀ Vs ၁၁ ဖြစ်သွားချိန်မှာ နောက်တန်း ၅ ယောက်ထားပြီး ပွဲကိုအနိုင်ရဖို့ ကြိုးစားခဲ့တယ်။ အာဆင်နယ် က ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပါတယ်။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

ZG

လက္ရွိ ခ်န္ပီယံ မန္စီးတီး အသင္းဟာ ညက အမ္းမရိတ္က ပြဲမွာ ႐ိုဒရီ ရဲ႕ ေနာက္က် အႏိုင္ဂိုးေၾကာင့္ အေဝးကြင္းမွာ အာဆင္နယ္အသင္းကို အႏိုင္ ရသြားခဲ့ပါတယ္။

အာဆင္နယ္ အသင္းဟာ ပထမပိုင္းမွာ မန္စီးတီး ထက္ ကစားပုံ ပိုေကာင္းခဲ့ၿပီး ဆာကာ ရဲ႕သြင္းဂိုးနဲ႔ ပြဲကို ဦးေဆာင္ ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဒုတိယပိုင္းမွာ ပင္နယ္တီကေန ေခ်ပဂိုးေပးခဲ့ရတဲ့ အျပင္ ဂါဘရီရယ္ ထုတ္ခံရတာေၾကာင့္ ၁ဝ ေယာက္တည္းနဲ႕ ယွဥ္ကစားခဲ့ရကာ ပြဲျပီးခါနီး နာက်င္ အခ်ိန္ပိုမွာ ႐ိုဒရီ က မန္စီးတီး အတြက္ အႏိုင္ဂိုး သြင္းေပးခဲ့တာေၾကာင့္ အေရးနိမ့္ခဲ့ရတာပါ။

ပြဲအၿပီးမွာေတာ့ မန္စီးတီး နည္းျပ ဂြာဒီယိုလာ ဟာ ၿပိဳင္ဘက္ အာဆင္နယ္ အသင္းက သူတို႔ထက္ ပိုေကာင္းခဲ့ေၾကာင္း ဝန္ခံ သြားခဲ့ပါတယ္။ ဒီဝန္ခံစကားဟာ ဒိုင္ရဲ႕ အျငင္းပြားဖြယ္ ဆံုးျဖတ္ခ်က္ေတြ ၾကားမွာ မိနစ္ ၉၀ ေက်ာ္ထိ ထိန္းထားနိုင္ခဲ့တယ္ အာဆင္နယ္ အတြက္ အနာကို ဆားနဲ႕ပက္သလို ျဖစ္ခဲ့မွာပါ။

” ဒီလိုကာလမွာ ၁၁ ပြဲဆက္တိုက္ ႏိုင္ပြဲရတယ္ဆိုတာ သိပ္ေကာင္းပါတယ္။ ဒီေန႔ပြဲမွာ ကြၽန္ေတာ္တို႔ရဲ႕ အရန္လူစာရင္းကို ၾကည့္လိုက္ပါ ၊ အကယ္ဒမီ က ၄ ဦးေတာင္ ပါပါတယ္။ ဒီရာသီ ကြၽန္ေတာ္တို႔ အသင္းမွာ ကိုဗစ္ ျဖစ္ေနၾကသူေတြေရာ ဒဏ္ရာရေနၾကသူေတြေရာ မ်ားပါတယ္။

ဒီကာလမွာ ကြၽန္ေတာ္တို႔ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာေရာ အင္မတန္ ပင္ပန္းခဲ့ရတယ္၊ အာဆင္နယ္ က ပိုေကာင္းခဲ့ပါတယ္၊ ဒါေပမယ့္ ေဘာလုံးမွာ ဒါမ်ိဳး ျဖစ္တတ္တာပါပဲ၊ တစ္ခါတစ္ေလမွာ ကြၽန္ေတာ္တို႔လည္း ဒါမ်ိဳး ႀကဳံရတာပဲ ။ ”

” ကြၽန္ေတာ့္ ကစားသမားေတြကို Congratulations လို႔ ေျပာခ်င္တယ္၊ ကြၽန္ေတာ္တို႔က နာက်င္ အခ်ိန္ပိုမွာ ဂိုးသိပ္သြင္းေလ့ မရွိတဲ့ အသင္းပါ၊ မိနစ္ ၉၀ ေနာက္ပိုင္း ဂိုးသြင္းခဲ့တဲ့ ေနာက္ဆုံး အႀကိမ္က ဘယ္တုန္းကလဲေတာင္ မမွတ္မိေတာ့ပါဘူး၊ ၿပီးခဲ့တဲ့ ၂ ႏွစ္ ၃ ႏွစ္တုန္းက ေဆာက္သမ္တန္ဘက္ကို စတာလင္ သြင္းခဲ့တာမ်ားလား မသိဘူး ။

ကြၽန္ေတာ္တို႔ အသင္းက ဒီလို စ႐ိုက္ လကၡဏာမ်ိဳး မရွိပါဘူး၊ သူတို႔က ၁၀ Vs ၁၁ ျဖစ္သြားခ်ိန္မွာ ေနာက္တန္း ၅ ေယာက္ထားၿပီး ပြဲကိုအႏိုင္ရဖို႔ ႀကိဳးစားခဲ့တယ္။ အာဆင္နယ္ က ပိုေကာင္းတဲ့ အသင္း ျဖစ္ခဲ့ပါတယ္။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္။