အင်တာဗျူးဖြေ ပွဲဆူအောင်လုပ်နေတဲ့ လူကာကူ ကို လီဗာပူးနဲ့ ပွဲမှာ ဒေါက်ဖြုတ်တော့မယ့် နည်းပြ တူချယ်

ချဲလ်ဆီးတိုက်စစ်မှူး ရိုမီလူ လူကာကူဟာ စကိုင်းစပေါ့ အီတလီ အငြင်းပွားဖွယ် အင်တာဗျူး ဖြေခဲ့ပြီးနောက် ဒီည လီဗာပူးနဲ့ပွဲစဉ်မှာ ချန်လှပ်ခံရဖွယ် ရှိကြောင်း သိရပါတယ်။

Goal သတင်းဌာန ရဲ့ ဖော်ပြချက်အရ တူချယ်ဟာ ပြီးခဲ့တဲ့အပတ် ချဲလ်ဆီးအသင်းကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး ဖြေဆိုခဲ့သော တိုက်စစ်မှူး လူကာကူကို ချန်လှပ်ဖို့ စဉ်းစားနေတာဖြစ်တယ်လို့ ဆိုပါတယ်။ တူချယ် က သူ့ရဲ့ နည်းစနစ်တွေကို ဝေဖန်ခဲ့တဲ့ လူကာကူအား အရန်ခုံမှာတောင် ပေးထိုင်ဖွယ် မရှိဘူးလို့ ထို သတင်းထဲ ဖော်ပြ ထားပါတယ်။

လူကာကူရဲ့ အင်တာဗျူးဟာ ကိုယ်စားလှယ်တွေရော၊ အသင်းရော မသိပဲ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံသား အနေနဲ့ လန်ဒန်က စကိုင်းစပေါ့ အားကစားသတင်းထောက်နဲ့ တိုက်ရိုက် အင်တာဗျူးဖို့ ကိုယ်တိုင် စီစဉ်ခဲ့တာပဲ ဖြစ်ပါတယ်။

လူကာကူက “ကျွန်တော် အခု အခြေအနေနဲ့ ပတ်သက်ပြီး မကျေနပ်ပေမဲ့ ဒါကသဘာဝပါပဲ။ နည်းပြက မတူညီတဲ့ နည်းစနစ်တစ်ခုနဲ့ ကစားနေပြီး ကျွန်တော် အဲ့ဒါနဲ့ အသားမကျပဲ ဖြစ်နေကာ ဒီထက်ပိုကြိုးစားပြီး ပရိုဆန်ရပါမယ်။ ကျွန်တော် ဒီအခြေအနေနဲ့ ပတ်သက်ပြီး သဘောမကျပေမဲ့ ကျွန်တော်တို့ ကြိုးစားအားထုတ်တတ်သူ ဖြစ်တာကြောင့် လက်လျော့မှာတော့ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

လန်ဒန်မြို့လယ်ခေါင်မှာ ရိုက်ကူးထားတဲ့ အင်တာဗျူးကို စကိုင်းစပေါ့က ၃ပတ်အကြာမှာ ထုတ်ပြန်ခဲ့ပါတယ်။ တူချယ်ဟာ သောကြာနေ့မနက် မီဒီယာနဲ့တွေ့ဆုံရမှာ စိတ်အေးလက်အေး ရှိဟန်ပြခဲ့ပေမဲ့ နောက်ကွယ်မှာတော့ ပေင် ၉၇.၅သန်းတန် တိုက်စစ်မှူးရဲ့ မှတ်ချက်အပေါ် အထူးပေါက်ကွဲခဲ့ပါတယ်။

လူကာကူ မပါနိုင်ရင်တော့ ကိုဗစ်ကနေ ပြန်လာပြီဖြစ်တဲ့ ကွင်းလယ်လူ ကိုင် ဟားဗက်ဇ်ကိုပဲ တူချယ် ပွဲထုတ်လာဖို့ ရှိနေပါတယ်။ ဝါနာလည်း ပြန်လာပြီ ဖြစ်ပေမဲ့ ကိုဗစ်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေနဲ့ ဂျာမန်သားတစ်ယောက် ရုန်းကန်နေရဆဲလို့ ဆိုနိုင်ပါတယ်။

ပူလီဆစ်လည်း တိုက်စစ်မှူးနေရာမှာ ပါဝင်နိုင်ပေမဲ့ ပြီးခဲ့တဲ့ အပတ်တွေအတွင်းမှာတော့ အဆိုပါနေရာမှာ အသားကျဖို့ ရုန်းကန်နေရပါတယ်။ လူကာကူတစ်ယောက် ကိုဗစ်ကနေ သက်သာလာပြီးနောက် ၂ပွဲကစား ၂ဂိုး သွင်းနိုင်ခဲ့ပေမဲ့ ယခုလို အင်တာဗျူးထွက်လာတာကြောင့် ကံမကောင်းစွာပဲ အသင်းနဲ့ ပြဿနာတွေ ပြန်များလာဖို့ ရှိနေပါတယ်။

ZG

ခ်ဲလ္ဆီးတိုက္စစ္မႉး ႐ိုမီလူ လူကာကူဟာ စကိုင္းစေပါ့ အီတလီ အျငင္းပြားဖြယ္ အင္တာဗ်ဴး ေျဖခဲ့ၿပီးေနာက္ ဒီည လီဗာပူးနဲ႔ပြဲစဥ္မွာ ခ်န္လွပ္ခံရဖြယ္ ရွိေၾကာင္း သိရပါတယ္။

Goal သတင္းဌာန ရဲ႕ ေဖာ္ျပခ်က္အရ တူခ်ယ္ဟာ ၿပီးခဲ့တဲ့အပတ္ ခ်ဲလ္ဆီးအသင္းကို ေဝဖန္မႈေတြ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴး ေျဖဆိုခဲ့ေသာ တိုက္စစ္မႉး လူကာကူကို ခ်န္လွပ္ဖို႔ စဥ္းစားေနတာျဖစ္တယ္လို႔ ဆိုပါတယ္။ တူခ်ယ္ က သူ႔ရဲ႕ နည္းစနစ္ေတြကို ေဝဖန္ခဲ့တဲ့ လူကာကူအား အရန္ခုံမွာေတာင္ ေပးထိုင္ဖြယ္ မရွိဘူးလို႔ ထို သတင္းထဲ ေဖာ္ျပ ထားပါတယ္။

လူကာကူရဲ႕ အင္တာဗ်ဴးဟာ ကိုယ္စားလွယ္ေတြေရာ၊ အသင္းေရာ မသိပဲ ထြက္ေပၚလာခဲ့တာျဖစ္ၿပီး ဘယ္လ္ဂ်ီယံသား အေနနဲ႔ လန္ဒန္က စကိုင္းစေပါ့ အားကစားသတင္းေထာက္နဲ႔ တိုက္႐ိုက္ အင္တာဗ်ဴးဖို႔ ကိုယ္တိုင္ စီစဥ္ခဲ့တာပဲ ျဖစ္ပါတယ္။

လူကာကူက “ကြၽန္ေတာ္ အခု အေျခအေနနဲ႔ ပတ္သက္ၿပီး မေက်နပ္ေပမဲ့ ဒါကသဘာ၀ပါပဲ။ နည္းျပက မတူညီတဲ့ နည္းစနစ္တစ္ခုနဲ႔ ကစားေနၿပီး ကြၽန္ေတာ္ အဲ့ဒါနဲ႔ အသားမက်ပဲ ျဖစ္ေနကာ ဒီထက္ပိုႀကိဳးစားၿပီး ပ႐ိုဆန္ရပါမယ္။ ကြၽန္ေတာ္ ဒီအေျခအေနနဲ႔ ပတ္သက္ၿပီး သေဘာမက်ေပမဲ့ ကြၽန္ေတာ္တို႔ ႀကိဳးစားအားထုတ္တတ္သူ ျဖစ္တာေၾကာင့္ လက္ေလ်ာ့မွာေတာ့ မဟုတ္ပါဘူး”လို႔ ေျပာခဲ့ပါတယ္။

လန္ဒန္ၿမိဳ႕လယ္ေခါင္မွာ ႐ိုက္ကူးထားတဲ့ အင္တာဗ်ဴးကို စကိုင္းစေပါ့က ၃ပတ္အၾကာမွာ ထုတ္ျပန္ခဲ့ပါတယ္။ တူခ်ယ္ဟာ ေသာၾကာေန႔မနက္ မီဒီယာနဲ႔ေတြ႕ဆုံရမွာ စိတ္ေအးလက္ေအး ရွိဟန္ျပခဲ့ေပမဲ့ ေနာက္ကြယ္မွာေတာ့ ေပင္ ၉၇.၅သန္းတန္ တိုက္စစ္မႉးရဲ႕ မွတ္ခ်က္အေပၚ အထူးေပါက္ကြဲခဲ့ပါတယ္။

လူကာကူ မပါႏိုင္ရင္ေတာ့ ကိုဗစ္ကေန ျပန္လာၿပီျဖစ္တဲ့ ကြင္းလယ္လူ ကိုင္ ဟားဗက္ဇ္ကိုပဲ တူခ်ယ္ ပြဲထုတ္လာဖို႔ ရွိေနပါတယ္။ ဝါနာလည္း ျပန္လာၿပီ ျဖစ္ေပမဲ့ ကိုဗစ္ေၾကာင့္ ျဖစ္လာတဲ့ အက်ိဳးဆက္ေတြနဲ႔ ဂ်ာမန္သားတစ္ေယာက္ ႐ုန္းကန္ေနရဆဲလို႔ ဆိုႏိုင္ပါတယ္။

ပူလီဆစ္လည္း တိုက္စစ္မႉးေနရာမွာ ပါဝင္ႏိုင္ေပမဲ့ ၿပီးခဲ့တဲ့ အပတ္ေတြအတြင္းမွာေတာ့ အဆိုပါေနရာမွာ အသားက်ဖို႔ ႐ုန္းကန္ေနရပါတယ္။ လူကာကူတစ္ေယာက္ ကိုဗစ္ကေန သက္သာလာၿပီးေနာက္ ၂ပြဲကစား ၂ဂိုး သြင္းႏိုင္ခဲ့ေပမဲ့ ယခုလို အင္တာဗ်ဴးထြက္လာတာေၾကာင့္ ကံမေကာင္းစြာပဲ အသင္းနဲ႔ ျပႆနာေတြ ျပန္မ်ားလာဖို႔ ရွိေနပါတယ္။