မက်ဆီ ပီအက်စ်ဂျီ ပြောင်းသွားတာ ကောင်းတယ် ပြောနေတဲ့ ရော်နယ်ဒင်ဟို ကို စိတ်ပျက်နေတဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ နွေရာသီအတွင်း ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားတဲ့ အသင်း ခေါင်းဆောင် ဟောင်း မက်ဆီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ အသင်းရဲ့သံတမန် ရော်နယ်ဒင်ဟိုရဲ့ မှတ်ချက်အပေါ် မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပါတယ်။
မက်ဆီဟာ သြဂုတ်လက ဘာစီလိုနာနဲ့ ၂၁ နှစ်ကြာ လက်တွဲလာမှုကို အဆုံးသတ်ကာ ပီအက်စ်ဂျီကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ရောက်သွားခဲ့ပြီး ပီအက်စ်ဂျီနဲ့ အခွန်ဆောင်အပြီး တစ်ပတ်လုပ်ခ ယူရို ၇၂၉၀၀၀ တန် ၂နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အဲဒီနောက် လအနည်းငယ်အကြာမှာ ရော်နယ်ဒင်ဟိုက – ” ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့မှာ ကစားခဲ့ဖူးတာက တကယ့်ကိုကြီးမားတဲ့ ပျော်ရွှင်မှုဖြစ်စေခဲ့ပြီး အခု ကျွန်တော့်သူငယ်ချင်း မက်ဆီကလည်း ဒီဂျာစီ ဝတ်ဆင်ကစားနေပါပြီ။ မက်ဆီအတွက် ပျော်စရာကောင်းတဲ့ ကာလတွေအများကြီးရှိလာမှာပါ။ ”
” ပီအက်စ်ဂျီမှာ မက်ဆီကစားနေတာ မြင်တွေ့ရလို့ ကျွန်တော် အရမ်းပျော်ပါတယ်။ ပီအက်စ်ဂျီက ကျွန်တော့်နှ လုံးသားရဲ့ အရေးကြီးတဲ့နေရာမှာ နေရာယူထားဆဲပါ။ ဒီအပြောင်းအရွှေ့ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။
ဘာစီလိုနာမှာပဲ မက်ဆီ ကစားသမားဘဝကို အဆုံးသတ်လိမ့်မယ်လို့ ထင်ခဲ့တာပါ။ ဒီအပြောင်းအရွှေ့က အံ့အားသင့်စရာ ကောင်းပေမယ့် ကျွန်တော့်အတွက်တော့ ပျော်စရာကောင်းတဲ့ အံ့အားသင့်မှုပါ။ “လို့ ပြောခဲ့ပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဘရာဇီးဂန္ထဝင် ရော်နယ်ဒင်ဟိုရဲ့မှတ်ချက်အပေါ် အံ့သြ တုန်လှုပ်နေတယ် လို့ သိရပါတယ်။
ဘာစီလိုနာမှာ ကစားခဲ့တဲ့ ၅နှစ်တာ ကာလအတွင်း အောင်မြင်မှု အများအပြားရယူနိုင်ခဲ့တဲ့ ရော်နယ်ဒင်ဟိုဟာ ၂၀၁၇ မှာ အသင်းရဲ့သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

ZG
ဘာစီလိုနာအသင္းဟာ ေႏြရာသီအတြင္း ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕သြားတဲ့ အသင္း ေခါင္းေဆာင္ ေဟာင္း မက္ဆီရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သက္လို႔ အသင္းရဲ႕သံတမန္ ေရာ္နယ္ဒင္ဟိုရဲ႕ မွတ္ခ်က္အေပၚ မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္လို႔ သိရပါတယ္။
မက္ဆီဟာ ၾသဂုတ္လက ဘာစီလိုနာနဲ႔ ၂၁ ႏွစ္ၾကာ လက္တြဲလာမႈကို အဆုံးသတ္ကာ ပီအက္စ္ဂ်ီကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကး နဲ႔ ေရာက္သြားခဲ့ၿပီး ပီအက္စ္ဂ်ီနဲ႔ အခြန္ေဆာင္အၿပီး တစ္ပတ္လုပ္ခ ယူ႐ို ၇၂၉၀၀၀ တန္ ၂ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။
အဲဒီေနာက္ လအနည္းငယ္အၾကာမွာ ေရာ္နယ္ဒင္ဟိုက – ” ဘာစီလိုနာနဲ႔ ပီအက္စ္ဂ်ီတို႔မွာ ကစားခဲ့ဖူးတာက တကယ့္ကိုႀကီးမားတဲ့ ေပ်ာ္႐ႊင္မႈျဖစ္ေစခဲ့ၿပီး အခု ကြၽန္ေတာ့္သူငယ္ခ်င္း မက္ဆီကလည္း ဒီဂ်ာစီ ဝတ္ဆင္ကစားေနပါၿပီ။ မက္ဆီအတြက္ ေပ်ာ္စရာေကာင္းတဲ့ ကာလေတြအမ်ားႀကီးရွိလာမွာပါ။ ”
” ပီအက္စ္ဂ်ီမွာ မက္ဆီကစားေနတာ ျမင္ေတြ႕ရလို႔ ကြၽန္ေတာ္ အရမ္းေပ်ာ္ပါတယ္။ ပီအက္စ္ဂ်ီက ကြၽန္ေတာ့္ႏွ လုံးသားရဲ႕ အေရးႀကီးတဲ့ေနရာမွာ ေနရာယူထားဆဲပါ။ ဒီအေျပာင္းအေ႐ႊ႕ျဖစ္လာလိမ့္မယ္လို႔ မေမွ်ာ္လင့္ခဲ့ပါဘူး။
ဘာစီလိုနာမွာပဲ မက္ဆီ ကစားသမားဘဝကို အဆုံးသတ္လိမ့္မယ္လို႔ ထင္ခဲ့တာပါ။ ဒီအေျပာင္းအေ႐ႊ႕က အံ့အားသင့္စရာ ေကာင္းေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ ေပ်ာ္စရာေကာင္းတဲ့ အံ့အားသင့္မႈပါ။ “လို႔ ေျပာခဲ့ပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ ဘရာဇီးဂႏၴဝင္ ေရာ္နယ္ဒင္ဟိုရဲ႕မွတ္ခ်က္အေပၚ အံ့ၾသ တုန္လႈပ္ေနတယ္ လို႔ သိရပါတယ္။
ဘာစီလိုနာမွာ ကစားခဲ့တဲ့ ၅ႏွစ္တာ ကာလအတြင္း ေအာင္ျမင္မႈ အမ်ားအျပားရယူႏိုင္ခဲ့တဲ့ ေရာ္နယ္ဒင္ဟိုဟာ ၂၀၁၇ မွာ အသင္းရဲ႕သံတမန္အျဖစ္ ခန႔္အပ္ခံခဲ့ရတာျဖစ္ပါတယ္။